Part (1) Z&U

1.9K 64 1
                                        

🍫 Chocolate Baby 🍫

Ep-1

Loadom Cityရဲ့အချက်အချာကျပြီး လူစည်ကား
ရာ မြို့လည်ရဲ့ နာမည်ကြီးBarတစ်ခု...အတိအကျ ပြောရရင်VVIP member card နဲ့သာ ဝင်ခွင့်
ရှိတဲ့နေရာဆိုလဲ မမှားပေ။

ထိုနေရာကို ပိုက်ဆံချမ်းသာသော မီယံနာသူဋ္ဌေး သူကြွယ် တွေနဲ့ Rich Kidတွေ နာမည်ကြီးတဲ့လူတွေသာ တတ်ရောက်ကြတယ်။

စင်မြင့်ထက်မှာတော့ တီးဝိုင်းများ အဆိုတော်များ Sexy Modelများက အလှည့်ကျ ဖျော်ဖြေပေးနေ
ကြတယ်။

Barရှေ့တွင် ဝိုင်ခွက်လေးကို အထာကျကျကိုင်ကာ
အေးအေးဆေးဆေး ထိုင်သောက်နေသူတစ်ဦးရှိလေသည်။

ထိုသူကတော့ Thaiနိုင်ငံမှာ အောင်မြင်ကျော်ကြား နေတဲ့ singerတစ်ယောက်ဖြစ်သလို ကိုယ်တိုင်ကလဲ သီချင်းတွေ ကို ဖန်တီးလေ့ရှိသူဖြစ်တယ်။

နာမည်ကတော့ Mew Suppasit ဖြစ်ပြီး Mew Suppasit Studio ကိုတည်ထောင်ခဲ့တဲ့ CEO တစ်ယောက် လဲဖြစ်တယ်။

နာမည်ကြီးBrandပေါင်းများစွာက ကြော်ငြာရိုက်ဖို့် အလုပ်အတူတူလုပ်ဖို့ ကမ်းလှမ်းခံရသူ ဖြစ်ပြီး အလုပ် ချိန်တွေက အချိန်ဇယားမလွတ်အောင် အောင်မြင်နေ သူဖြစ်လေသည်။

သူအခု ဒီBarကို ရောက်နေရခြင်းမှာ အလုပ်ကိစ္စ
တွေနဲ့လာရင်း စိတ်အပန်းဖြေရန်အတွက် ရောက်လာ
ခြင်းပင်ဖြစ်တယ်။

သူ့ရဲ့ ကိုယ်ရံတော်တွေ အတွင်းရေမှူးတွေကိုတောင် ခေါ်မလာဘဲ တစ်ယောက်တည်းထွက်လာပြီး ထိုင်နေ
ခြင်းဖြစ်တယ်။

သူတစ်ယောက်တည်းထိုင်နေစဉ် Inter Fan ​တွေကိုလဲပိုင်ဆိုင်ထားသူပီပီ တစ်ချို့သိတဲ့အမျိုးသမီးများနဲ့ တစ်ချို့အမျိုးသားများက စိတ်ဝင်တစားနဲ့ လာရောက် မိတ်ဖွဲ့သော်လည်း အလိုက်သင့်သာဆက်ဆံပြီး ဘယ်သူ့ကိုမှ အရေးတယူဆက်ဆံခြင်းမျိုး မလုပ်ဘဲ အေးဆေးသာနေနေ လေသည်။

အကြောင်းကား သူသည်အလုပ်ချိန်တွေနဲ့သာပြည့်နှက်နေပြီး ကိုယ်ပိုင်အချိန်မရှိလို့ မွန်းကြပ်နေတာကြောင့် လာရောက် အပန်းဖြေပြီး အေးဆေးနေချင်တာကြောင့်ပင်.။

သူ့Fanတစ်ချို့နဲ့ သိသူတွေလဲ နားလည်တဲ့ပုံနဲ့ သူ့ကို မနှောက်ယှက်ကြတော့ပေ။

🍫 Chocolate Baby🍫 (Completed)Where stories live. Discover now