18

3.7K 234 10
                                    


#Unicode

.

..

............


" အင်း ထမင်းဘူးထည့်ခိုင်းတဲ့ကိစ္စက စိတ်ဆိုးစရာအကြောင်းမရှိပါဘူး ဟိုအစ်ကိုပြောတဲ့ အထဲမှာ Family gpပေါ်နေ့တိုင်းဘာဆိုလား အဲ့ဒါကိုရှင်းပါဦး"

" အဲ့ဒါက ကိုကို.. ဟို..."

" ပြော ထစ်မနေနဲ့ ခင်များဘာတွေလုပ်ထားလို့လဲ "

" အမှန်တိုင်းပြောရရင် ကိုကို ပေါက်စီလုံးလေးကို  ကိုကိုရဲ့ဘ၀ လက်တွဲဖော်ဖြစ်စေချင်လို့"

"...."

" အင်း ပေါက်စီလုံးလေး ကိုကို အနားမှာမရှိတော့တဲ့ အချိန်ကတည်းက ကိုကို သိခဲ့ရတာ ပေါက်စီလုံးလေးသာအနားမှာမရှိရင် ကိုကို မနေနိုင်ဘူးဆိုတာ  အချိန်ကြာလာလို့ အသက်ကြီးလာတာနဲ့အမျှ ကိုကို ပေါက်စီလုံးလေးကို မေ့မရနိုင်သေးတဲ့အပြင် ပိုပိုပြီး လွမ်းနေခဲ့ရတယ်။

နောက်တော့မှ ကိုကို ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်တော့မှ သိလိုက်ရတယ်။

ပေါက်စီလုံးလေးက ကိုယ့်အတွက် မရှိမဖြစ်လိုအပ်တဲ့ Oxygenပဲ..

ပြန်တွေ့လိုက်ရတဲ့ အချိန်တုန်းကဆို ကိုကိုမှာ ပျောလွန်းလို့ ကလေးငယ်လေးကိုတင်းတင်းကြပ်ကြပ်ဖက်ချင်မိမတက်ဘဲ ကိုကို ပေါက်စီလုံးလေးပေးတဲ့ထမင်းဘူးကို တယုတယနဲ့ တန်ဖိုးထားလွန်းလို့ တသသကြည့်နေခဲ့တာ ကျိုးချန်ကတောင် အမြင်ကပ်တဲ့ အထိလေ HAHA...
ပြီးတော့ ကိုကိုရဲ့ဘ၀လက်တွဲဖော်ကို ရှာတွေ့သွားပြီဆိုတဲ့အကြောင်း ကိုကို နေ့တိုင်း ပေါက်စီလုံးလေးထည့်ပေးတဲ့ ထမင်းဘူးကို Family gpပေါ် တင်ပြီး အသိပေးမိတာပါ"

" ဘယ်သူက ခင်များလက်တွဲဖော်လုပ်မယ်ပြောလို့လဲ"

"မလုပ်ဘူးလား ကိုကို အကြာကြီးစောင့်နေခဲ့ရတာ ပြီးတော့ ကိုကို့ကိုမသနားဘူးလားဟင်"

"ခင်များဟာကမလွန်ဘူးလား .."

"ဘာလဲ ချစ်တယ်လို့အရင်မပြောဘဲ လက်တွဲဖော်အဖြစ်နေပေးဖို့တောင်းဆိုနေလို့မလား လိုသေးလို့လား ကလေးရယ် ကိုကိုစောင့်နေခဲ့တာ၁၄နှစ်တောင်ကြာပြီလေ"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now