19

3.5K 228 13
                                    

# Unicode

..

.

...........

Xiao Zhan ကျိုးချန်အား အသေအချာစုံစမ်းခိုင်းထားသော  ဟော့ပေါ့ဆိုင်သို့သောမောင်းလာခဲ့သည်။

အပြင်ကနေကြည့်ရတာတော့သေသေသပ်သပ်ရှိလှသည်။

*ကျိုးချန် မဆိုးဘူး အရွေးတော်သားပဲ *

" ပေါက်စီလုံးလေး လာ ကိုကို့ကိုတွဲ အဆင်ပြေရဲ့လား မဟုတ်ရင်ကိုကို ချီရဦးမလား"

ရိပေါ် Xiao Zhan စကားအားအဖက်မလုပ်ဘဲ မျက်စောင်းထိုးကာ ထော့နဲ့ထော့နဲ့နှင့် ဆိုင်တွင်းသို့သာဝင်သွားတော့သည်။

ရိပေါ်သိတာပေါ့ ..အဲ့ကိုကိုစုတ်က သူ့ကို ကူညီပေးချင်သလိုလို ချီလည်းချီရော တစ်ခါတစ်လေ  သူ့ခန္ဓာကိုယ်ကို  အသေညှစ်တာ ..

ရိပေါ်မှာ သူ့ကိုကို  အား မျက်စောင်းထိုးလွန်းလို့ ရိပေါ် မျက်လုံးလဲ  စွေတော့မည်ဖြစ်သည်။

ရိပေါ်ဆိုင်ထဲဝင်လာတော့ သန့်ရှင်းသပ်ရပ်လွန်း၍ စားချင်စရာကောင်းလှသောနေရာလေးပင်။

ရိပေါ် နေရာလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်သည်။
ကိုကိုကတော့မှာစရာရှိတာ သူကိုယ်တိုင်သွား မှာနေသည်။

" ပေါက်စီလုံးလေး ခန နေ လာလိမ့်မယ်နော်"

" အင်း"

" ပေါက်စီလုံးလေး ကိုကို့ ကို စကားမပြောချင်ဘူးလား"

" ဘာကိုပြောရမှာလဲ"

" အရင်က ပေါက်စီလုံးလေးဆို ကိုကိုအနား ရောက်မလာနဲ့ ရောက်လာတာနဲ့ စကားလေးတွေ တတွတ်တွတ်ပြောနေတက်တာ အခုမုန်လာဥလေးကကျ  စကားနည်းလိုက်တာ "

" ကျန့်ကော ကျွန်တော် တခါတလေ စဉ်းစားမိတယ် ခင်များ ကျွန်တော် ကို ချစ်နေတာလား ကျွန်တော်ရဲ့ ငယ်ဘ၀တုန်းကပေါက်စ ကိုလား လို့လေ"

" ဟားး ဟား ကလေးပေါက် က သ၀န်တိုနေတာလား ကလေးငယ်ရယ် ကတယ့် ကလေးလေးပါပဲကွာ "

ရိပေါ်ခေါင်းလေးကိုဆွဲဖွ လိုက်တော့
ရိပေါ်ဟာ ချက်ချင်းခေါင်းပေါ်ရောက်လာတဲ့ လက်အား ခေါင်းကိုခါကာ ဖယ်လိုက်လေသည်။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now