Heather

51 7 2
                                    


ဆွတ်ရန်ခ Solo:

ဆွတ်ရန်ခတစ်ယောက် ဒီနေ့လည်းထုံးစံအတိုင်းအင်းယားလမ်းရှိ Star Café ဆိုင်သို့ရောက်လာပြန်သည်။ထို Café ၏ဒုတိယထပ်သို့တက်လိုက်လျှင်အင်းယားကန်ကိုမြင်နေရသည်။ ကော်ဖီဆိုင်တံခါးကိုဖွင့်ဖွင့်ချင်း တစ်စုံတစ်ယောက်သိပ်ကြိုက်သော Black Coffee နံ့က နှာခေါင်းထဲဝင်ရောက်လာသည်။ ထိုအနံ့လေးကိုရှူရှိက်ရင်း ကော်ဖီဆိုင်အတွင်းထားထားသော စာအုပ်စင်လေးဆီမှတစ်စုံတစ်ယောက်၏အကြိုက်ဆုံးစာရေးဆရာဖြစ်သော "Frances Brody" ၏ စာအုပ်များထဲမှ "Murder on a summer's day" ဟူသောစာအုပ်ကိုယူကာ တစ်စုံတစ်ယောက်နှင့်တစ်ချိန်ကထိုင်ခဲ့ဖူးသော စားပွဲခုံလေးသို့သွားထိုင်လိုက်သည်။ပြီးနောက် ထိုသူကြိုက်သော Black coffee ခါးခါးတစ်ခွက်ကိုမှာလိုက်သည်။ တစ်ခဏအကြာကော်ဖီခါးခါးရောက်လာသောကြောင့် ကော်ဖီတစ်ငုံငုံလိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်တွင်း၌ Conan Gray ၏ "Heather" သီချင်းလေးကနားဝင်ချိုစွာပျံ့လွင့်လာသည်။ ဤကော်ဖီဆိုင်လေးကို ဆွတ်ရန်ခ အမြဲမပြတ်နေ့တိုင်းလာလေ့ရှိသည်။ ဤကော်ဖီဆိုင်ထဲရောက်လျှင် ထွက်သွားလေသောတစ်စုံတစ်ယောက်၏အငွေ့အသက်များရရှိသောကြောင့်ဖြစ်သည်၊ ထိုသူအကြိုက်ဆုံး Black coffee လေးသောက်ရင်း တစ်ခါတစ်ရံထိုသူအကြိုက်ဆုံးစာရေးဆရာ၏စာအုပ်လေးဖတ်သည်။ သို့မဟုတ် ထိုသူအကြိုက်ဆုံးအဆိုတော်ဖြစ်သော "Conan Gray" ၏သီချင်းများနားထောင်သည်၊ သူထွက်သွားသော ၅ နှစ်တာကာလပတ်လုံး ဆွတ်ရန်ခ၏နေ့စဉ်ဘဝသည်ထိုသူနှင့်သာပြည့်နှက်လေသည်၊ မနက်မိုးလင်းလျှင် သူထိုင်နေကျဖြစ်သောဒီ Caféဆိုင်လေးထံအမြဲလာသည်၊ ပြီးလျှင်အလုပ်သွားသည်။ အလုပ်မှပြန်လာလျှင်သူသွားနေကျဖြစ်သောဘောလုံးကွင်းသို့သွားကာဘောလုံးကန်သည်၊ ညဘက်အိမ်ရောက်လျှင်လည်း သူကြိုက်သော စုံထောက်ကားကြည့်လျှင်ကြည့် ဒါမှမဟုတ် စုံထောက်ဝတ္ထုဖတ်သည်။ တခါတရံသူကြိုက်သော Hot pot လုပ်စားသည်။ ဤသို့ဖြင့် ဆွတ်ရန်ခ၏နေ့စဉ်ဘဝကတစ်ယောက်တည်းအထီးကျန်စွာလည်ပတ်နေလေသည်။ညဘက်အိပ်ရာထဲရောက်လျှင်လည်းတော်တော်နှင့်အိပ်မပျော်ဘဲ မိမိအားသတိရမှာမဟုတ်မှန်းသိသောလူတစ်ယောက်အကြောင်းသာစဉ်းစားမိသည်။

You've reached the end of published parts.

⏰ Last updated: Jan 30, 2021 ⏰

Add this story to your Library to get notified about new parts!

One shot CollectionWhere stories live. Discover now