• Unicode •

685 65 9
                                    

" မောင်... မနက်ဖြန် အလုပ်ပိတ်ရက်မို့ ၊ ငါ မောင့်အိမ်မှာပဲ အချိန်ဖြုန်းချင်တယ် ''

ထိုစကားကြားလျှင် မောင်ပျော်သွားမည်ဟု ထင်ခဲ့ပေမည့် လက်တွေ့တွင်တော့ ထိုသို့ဖြစ်မလာ ။ မောင့်မျက်နှာတွင် တုန်လှုပ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသလိုပင် ။ ချက်ချင်းပင် စကားမဆိုနိုင်ဘဲ အင်းအဲနှင့် ချီတုံချတုံဖြစ်နေရှာသည် ။

" ဘာဖြစ်နေတာလဲ မောင် ''

မောင့်အမူအရာများကို အားမရ၍ စိတ်မရှည်စွာ မေးလိုက်မိသည် ။

" ဟို... ဒီတစ်ပတ်တော့ မတွေ့ဘဲ နေလို့ရမလား လွင် ''

" အကြောင်းရင်းက ဘာလို့လဲ ''

" အင်း... မောင့်မှာ အလုပ်ကိစ္စလေး နည်းနည်းရှိလို့ပါ ''

" အလုပ်ကိစ္စဟုတ်လား မောင် ၊ မနက်ဖြန်က မောင့်ရုံးပိတ်ရက်ပဲလေ ဘာလဲ ရုံးက အိုတီခေါ်လို့လား ''

လွင်ဦး ခပ်ဆတ်ဆတ်လေး မေးမိလိုက် ၏ ။

" အဲဒီလိုတော့လည်း မဟုတ်ပါဘူး ၊ တခြားကိစ္စပါ အလုပ်ကိစ္စလို့လည်း ပြောလို့ရပါတယ် ''

" အဲ့ဒီအလုပ်ကိစ္စဆိုတာ ဘာလဲ ၊ မောင် လွင့်ကို ရှင်းရှင်းလင်းလင်း ပြောပြလို့မရဘူးလား ''

လွင်ဦး ဒေါသဖြစ်ကာ အော်မိလေတော့ မောင်က သက်ပြင်းချသည် ။

" တောင်းပန်ပါတယ် လွင် ၊ အခုတော့ မောင်ပြောပြလို့ အဆင်မပြေသေးလို့ပါ ။ မကြာခင်တော့ မောင် ပြောပြပါ့မယ် ၊ မောင့်ကို အချိန်နည်းနည်းပေးပါကွာ ''

ထို့နောက် မောင်နှင့်လွင်ဦးတို့ စကားဆက်မပြောဖြစ်ကြ ။ မောင်က လွင်ဦးကို အိမ်ရှေ့ထိလိုက်ပို့ပြီး ပြန်သွားခဲ့သည် ။

ခြံရှေ့တွင် အတိုင်းသားရပ်လျက် ထွက်သွားသည့် မောင့်၏ကားကို မျက်စိတဆုံးငေးကြည့်နေမိသည် ။ မောင် တကယ်ပဲ လွင်ဦးသူငယ်ချင်းတွေ ပြောသလိုဖြစ်နေပြီလား ။ ဝမ်းနည်းစွာပင် တွေးမိသည် ။ အတွေးနှင့်ပင် ရင်တွင်ဆစ်ခနဲ နာကျင်ရသည် ။

" သား အိမ်ထဲမဝင်ဘဲ ခြံရှေ့မှာ ဘာရပ်လုပ်နေတာလဲ ''

အမေဖြစ်သူ၏ အသံကိုကြားမှသာ လွင်ဦး သတိပြန်ကပ်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည် ။ အခန်းထဲသို့ပင် ဦးတည်သွားလိုက်ပြီး ကုတင်ပေါ်တွင် ပစ်လှဲချကာ မောင့်အကြောင်းကို စဥ်းစားနေမိသည် ။

ဆွေးလိပ်ပြာလေး ပေးခဲ့လေသလား / ဆွေးလိပ်ပြာလေး ပေးခဲ့လေသလား [Completed]Where stories live. Discover now