20

3.6K 216 4
                                    




Unicode Ver



_

__________________________



ရှောင်းကျန့်တစ်ယောက် ဘာလုပ်နေလဲဆိုရင်

ရုံးပိတ်ရက်မို့ ချစ်ရသူကလေး၏တိုက်ခန်းသို့ စစ်ချီတက်လာခြင်း။

ဟင်းချက်နေသော ရိပေါ်လေးသည် စကားပြောရင် ထမင်းမကျွေးဘူး ဟု ရာဇသံပေးထားသောကြောင့် ပါးစပ်ပိတ်ကာ ငြိမ်ငြိမ်လေးနေရသည်။

ရိပေါ် နောက်ကျောလေးအား ကြည့်ကာ ဖက်ချင်စိတ်များကိုထိန်းရင်း အပီငမ်းနေလေရဲ့။

" ပေါက်စီလုံးလေး ကိုကို စကားပြောချင်တယ်"

" ကျန့်ကော ခင်များ စကားပြောချင်ရင် ကိုယ့်တိုက်ခန်းကိုယ်ပြန်ပြောနေ"

" ကိုကိုက ပေါက်စီလုံးလေးနဲ့ပဲပြောချင်တာ"

" ကျန့် ကော  "

" ပိတ်ပြီလို့ ပိတ်ပြီ ပိတ်ထားလိုက်ပြီ
အိုက်ယား.. ရှောင်းကျန့်ရာ ရှောင်းကျန်.. ဟင်း..  မင်းဘဝကသနားစရာပဲကွာ.. ချစ်တဲ့သူနဲ့တောင်စကားပြောမရတဲ့ဘ၀ ရုပ်ရှင်ထဲကလို အစ်ကိုတွေမောင်တွေကြောင့်လဲမဟုတ် ချစ်ရတဲ့သူ ကိုယ်တိုင် ကိုက မင်းးနဲ့မပြောချင်နေတာ မင်း က သနားစရာပါလားကွာ "

" ကျန့်ကော!!! "

"...."

ရိပေါ် သူ အော်လိုက်တာကို ဘာသံမှပြန်မကြားရသောကြောင့် နောက်လှည့်ကြည့်လိုက်တော့ပါးစပ်လေးပိတ်ကာ တကယ့်သနားစရာ။

ကြောက်ပေါက်လေးသဖွယ် အကြည့်တွေထဲမှာတောင် အဖြေတောင်းနေသလို။

ရိပေါ် စိတ်ရှည်လွန်းလှပြီ။

တကယ်ဆိုရင် ကိုကိုသည် ပြီးပြည့်စုံလွန်းသည့် ယောင်္ကျား‌ကောင်းဖြစ်သည်။

သတို့သမီးလောင်းတိုင်း မငြင်းဆန်နိုင်သည့်အမျိုးသားဖြစ်၏။

ရိပေါ်ကိုယ်တိုင်သည်လည်း မငြင်းဆန်နိုင်ပါ။

နေ့တိုင်း၊အချိန်တိုင်း..အဖြေတောင်းနေသော ကျန့်ကောအား သူ မချစ်ဘူးဟု ထင်မိလျှင် မှားလိမ့်မည်။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now