21 (final)

7.1K 289 27
                                    

အချစ်သံယောဇဉ်တွယ်တာ‌ရာလေး


--

•••••••Unicode••••••

_


________

ကိုကိုနဲ့ရိပေါ်တို့ ချစ်သူဖြစ်နေကြသည်မှာ တစ်လပြည့်ပြီဖြစ်သည်။

1 month Anniversaryမှာ ကလေးလေးကို ခေါ်သွားစရာရှိသည်ဟု messageပို့ထားသောကြောင့် သေသေသပ်သပ်ဝတ်စားထား၍ ကိုကို့ကို စောင့်နေသည့် ရိပေါ်။

စောင့်နေရင်းမှာ ကိုကို့အကြောင်းအနည်းငယ် အတွေးနယ်ချဲ့မိသည်။

ကိုကိုသည် ရိပေါ်အား မျက်စိအောက်က အပျောက်မခံပေ။
သ၀န်တိုချက် က မိန်းကလေးများပင် အရှုံးပေးလောက်သည်။

အတွေးများသည် ချဲ့ရင်းကားရင်း လွန်ခဲ့သော ရက်များဆီသို့အလည်ရောက်မိသွားသည်။..


ရိပေါ်တို့ချစ်သူဖြစ်ကြပြီး တစ်ပတ်ကြာ‌တော့ငယ်ငယ်က သူတို့စုံစည်းခဲ့ရာ နေရာဖြစ်သော မိဘမဲ့ဂေဟာမှ မာသာကိုသွားတွေ့ရန် နှင့် ဂေဟာမှ ကလေးများအား မုန့်ဝေရန်သွားခဲ့ကြသည်။

" ကိုကို "

"ဗျာ "

" မာသာက ကျွန်တော်တို့ကို မှတ်မိပါ့မလား "

" မမှတ်မိတော့လဲ မိတ်ဆက်ရမှာပေါ့ ကလေးလေးရဲ့ "

" အွန်း နည်းနည်း စိတ်လှုပ်ရှားနေတယ် "

" ဘာလို့ "

" မသိဘူးလေ ဟီးဟီး "

" အဆိုးလေး စကားမရှိ စကားအစရှာနေတာ"

" နားညည်းတယ်လို့ပြောချင်တာလား..ಠಿヮಠ "

" မဟုတ်ရပါဘူးဗျာ နားညည်းစရာလား ကလေးလေးရဲ့အသံကို အချိန်တိုင်းကြားချင်လို့ ကလေးလေးနဲ့တစ်ခန်းထဲအတူနေချင်တာပဲကြည့်.. ကလေးလေးက ခွင့်ပြုလို့လားပြော .."

" ဟွန့် အလျောက်ကောင်းလို့ အရစ်သက်သာသွားတယ်မှတ် "

" အခုလို သက်ညှာပေးလို့ ကျွန်တော်မျိုးက ကလေးငယ်ကို ကျေးဇူးတင်ရှိကြောင်းပါခင်မျာ"

🎉 You've finished reading အချစ်သံယောဇဉ်တွယ်တာရာလေး(အခ်စ္သံေယာဇဥ္တြယ္တာရာေလး) 🎉
အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now