One shot

2.6K 214 7
                                    

Zawgyi

နတ်ပြည် ခြောက်ထပ်၏ ဒုတိယ အထပ်ဖြစ်သော တာတိံသာ နတ်ပြည်သည် ဘုန်းတန်ခိုး အရှိန်အဝါ ကြီးမားသော နတ်အပေါင်းတို့ ခညောင်း စံမြန်းရာ ကောင်းကင်ဘုံ တစ်ခု ဖြစ်လေ၏ ။

ထိုကောင်းကင်ဘုံ၌ သိကြားမင်းအဖြစ် (ခ) ကောင်းကင်မင်းကြီးတွင် သမီးတော်ခုနှစ်ပါး ရှိလေသည် ။

ထိုနတ်သမီး ခုနှစ်ပါးသည် နတ်နန်းဗိမာန် ကိုယ်စီနှင့် အခြွေအရံ ထောင်သောင်းမက ရှိကြပြီး ရေမြေ့သခင် အရှင်သည် တာဝန်ကိုယ်စီနှင့် နယ်မြေများကိုလည်း အသီးသီး အပိုင်စား ပေးထားလေ၏ ။

နတ်သမီး ညီအစ်မခုနှစ်ဖော်များ အထဲမှ အငယ်ဆုံး နတ်သမီးသည် သုံးလောက တစ်ခွင်၌ အလှနတ်ဘုရားမဟု တင်စားခေါ်ဝေါ် ကြလောက်အောင် အင်မတန် ချောမောလှပလွန်းလေသည် ။

ထို့အတူ ကြာမျိုးငါးပါး ထုံသင်းသော သူမ၏ ကိုယ်သင်းရနံ့သည် သူမရောက်ရှိနေသော ယူဇနာတစ်ရာ အကွာအဝေးအတွင်း ကြိုင်လှိုင်သင်း​​သော​ကြောင့် နတ်စာဆိုများကပင် ကဗျာ၊ သီချင်းများ ရေးစပ် ချီးကျူး ​ထောပနာပြုခြင်းများ ရှိကာ ကြာပန်းနတ်သမီးဟုလည်း သမုတ်ကြ​လေ၏ ။

အဆင်း ၊ အချင်း ပြည့်စုံ တင့်တယ်​သော သူမ၏ အလှဂုဏ်သတင်းကြောင့် နယ်ပယ် အသီးသီးမှ နတ်သားများသည် သူမနှင့် လက်ဆက်နိုင်ရန်မှာ လိုအင် ဆန္ဒတစ်ခု ဖြစ်ခဲ့လေ၏ ။

ကောင်းကင်မင်းကြီးသည်လည်း အငယ်ဆုံး သမီးတော်လေးကို အချစ်ဆုံးဖြစ်​သော​ကြောင့် နတ်ပြည်၏ အထွတ်အမြတ် ဘုံနန်းတစ်ခုဖြစ်သော ကြာပန်းဂူဗိမာန်ကို အပိုင်စား​ပေးကာ ရွှေနန်းရှင်ဘွဲ့အမည်ကို အပ်နှင်းခဲ့သဖြင့် ထိုအချိန်မှ စ၍ သူမသည် ကြာပန်းဂူမှ ရွှေနန်းရှင်သခင်မလေး ဖဋာ​ဒေဝီ အဖြစ် ကျော်ကြားလေသည် ။

တစ်နေ့သ၌ သူမတို့ ညီအစ်မ ခုနှစ်ဖော်သည် ​တောင်ပင်လယ်မြစ်ဆိပ်အနီးမှ ဥယျာဉ်​တော်၌ ရှားပါး​နတ်ပန်းပွင့်​ကြောင်း ကြားသိရသဖြင့် မယ်တော်ကြီးမွေးနေ့အတွက် ဆက်သရန် ပန်းခူးထွက်ခဲ့လေသည် ။

အစ်မ​တော်များသည် နတ်သမီးတောင်ပံကိုယ်စီနှင့် ခရီးနှင်ပေမယ့် အများနှင့်မတူ ရွှေနန်းရှင်သည် ကြာပန်းပွင့်ကို စီးတော်အဖြစ် အသုံးပြုလေသည် ။

ဒဏ္ဍာရီလာ ကုမုဒြာUnde poveștirile trăiesc. Descoperă acum