A STORY [UNI]

188 19 8
                                    

Song recommendation

Past lives ❤️

*****

အချိန်အခါမဟုတ် သဲကြီးမဲကြီးရွာချလာသော မိုးစက်များကြား ပြေးလွှားနေသော ကောင်လေးတစ်ယောက်။

ထီးမပါသောကြောင့် ခေါင်းပေါ်လက်လေးအုပ်လို့ မိုးခိုဖို့‌နေရာရှာဖွေရသည်။ ကားမှတ်တိုင်လေးတစ်ခုနား အရောက်ပြေးလိုက်သည်။ မိုးစိုသွားသော အဖြူရောင် shirt အကျီလေးကို ရေခါလိုက်သည်။ အေးလာသည်မို့လို့ ကျောပိုးအိတ်ထဲမှ oversized hoodie အနက်လေးတစ်ထည်ကို ထုတ်၀တ်ကာ ရေစိုနေသောခေါင်းကြောင့် ခေါင်းစွပ်ပါ စွပ်ထားလိုက်ရသည်။

နယ်မြို့လေးဖြစ်တာကြောင့် ကားအသွားအလာနည်းသလို မိုးရွာချိန်မို့လို့ လူသွားလူလာလည်း နည်းပါးနေသည်။ထိုင်ခုံမှာထိုင်ချရင်း ဆယ်ဟွန်း ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ပြိုတော့မည့်ပုံနှင့် မည်းမှောင်နေသည့် ကောင်းကင်ယံဟာ အဘယ်ကြောင့်အထီးကျန်ဆန်နေရသနည်း။ အချိန်အခါမဟုတ်ပဲ ရွာပါသော ဒီဇင်ဘာမိုးသည်လည်း အဘယ်ကြောင့် ပြင်းထန်နေပါသနည်း။ သက်ပြင်းတစ်ချက်ချမိသည်။

ထီးကလည်း ဒီနေ့မှ မေ့ကျန်ခဲ့ခြင်း။အရင်နေ့တွေက နေသာလည်းယူ မိုးအုံ့လည်းယူနေကျ ထီးသည် အခုလိုနေ့ကျမှမေ့ကျန်ခဲ့ရလေခြင်းဟု တွေးကာ ပြုံးမိသည်။ မိုးစက်တို့ကို ကြည့်တော့ တစ်စုံတစ်ရာကို သတိရမိသွားပြန်သည်။ မလွမ်းတဲ့နေရက်ရယ်လို့မရှိရအောင် သူဟာ သိပ်ကိုစိုးမိုးနိုင်သူ။ နှစ်တွေလတွေကြာသွားခဲ့တာတောင် သူဟာ ကျွန်တော့်နှလုံးသားကို အပိုင်သိမ်းထားဆဲ။သိပ်ကို အိုဟောင်းနေပြီဖြစ်တဲ့ အမှတ်တရလေးတွေဟာ နှလုံးသားထဲမှာတော့ နွေးထွေးစွာရှင်သန်နေဆဲပင်။

.
.

" စိုကုန်ပြီ "အတွေးတို့ နယ်မကျော်ခင် ဘေးနားကထွက်လာသော အသံလာရာကို လှည့်ကြည့်လိုက်မိသည်။ တကယ်ဆို ထိုအသံဟာ သိပ်ကိုရင်းနှီးနေခဲ့တာမို့လို့။ အိပ်မက်ပဲဖြစ်ပါရစေ။

𝐀 𝐒𝐓𝐎𝐑𝐘Where stories live. Discover now