အပိုင်း (1)

7.7K 351 17
                                    


အပိုင်း (1)

နာမည်ကြီးတဲ့ ကျောင်း တစ်ကျောင်း မှာ ကား အကောင်းစားနဲ့  ကျောင်းသားတစ်ယောက်ဝင်လာတယ် သူကားရပ်လိုက်တဲ့နေရာကတော့ ရိပေါ် တို့ အဖွဲ့ရဲ့ ရပ်နေကြနေရာဖြစ်တဲ့ နေရာမှာ ရပ်လိုက်တယ်

"ဟေ့ကောင် မင်းကားကို တစ်ခြားနေရာ ရပ်လိုက်"

"မင်းတို့ကလည်းကွာ ဘာဖြစ်နေတာလဲ "

အဲ့အချိန်မှာဘဲ ကျောင်းထဲကို ပြိုင်ကားတွေနဲ့ ဝင်လာတဲ့ ရိပေါ် တို့အဖွဲ့

ကျောင်းက လူတွေအကုန်လုံးဟာလည်း ကြည့်နေကြတယ်

"ငါတို့တွေ ဒီနေ့ ပွဲတစ်ပဲကြည့်ရတော့မယ် ထင်တယ် "

"ဟုတ်ပ အဲ့ကျောင်းသားအတွက်တော့ ရင်လေး တယ် "

ဝမ်ရိပေါ် လည်း ကားပေါ်က ဆင်းရော

"မင်းကားကို အခုချက်ချင်း အဲ့နေရာကနေ ဖယ်လိုက်"

"မဖယ်တော့ မင်း ဘာလုပ်ချင်လဲ"

ရိပေါ် လည်း မဲ့ပြုံးပြုံးလိုက်တယ် စစ်ကျွေးလည်း

"ရိပေါ် ငါ့အထင် မင်းဒါလေးသုံးလိုက်ရင် အဆင်ပြေမယ်ထင်တယ် "

"ပြေတာပေါ့ စစ်ကျွေးရ"

ရိပေါ် လည်း စစ်ကျွေးပေးတဲ့ သံတုတ်ကို ယူကာ အဲ့ကျောင်းသားရဲ့ ကားမှန်ကို ခွဲလိုက်တယ်

"ခွမ်း.....ခွမ်း...."

"မင်း ငါ့ကားက ဘယ်လောက်တန်တယ်လို့ ထင်လို့ မင်းက ခွဲရတာလဲ"

"မင်းလိုကားမျိုး အစီး20ဆယ်လောက်လျော်ပေးလို့ရတယ် ရှင်းလား..."

"မင်းကိုငါ..တရား"

"အော်.... တရားစွဲမှာလား စွဲလေ ဝမ်အိမ်တော် က ရှေ့နေရဲ့ အရည်အချင်းကို မှီရင် စွဲပေါ့..... ရော့ ဒီမှာ လိပ်စာကဒ်"

ရိပေါ် လည်း လိပ်စာကဒ်ကို အဲ့ကျောင်းသားကို ပစ်ပေးလိုက်တယ်

အဲ့ကျောင်းသားလည်း ကဒ်ကို ကြည့်လိုက်တော့ မျက်လုံးတောင်ပြူးသွားတယ် ဝမ်အိမ်တော် ရဲ့ ချမ်းသာမှု ရှေ့နေတွေကလည်း လုံးဝ အရည်အချင်းရှိသူ။ ဒီလိုရှေ့နေမျိုးကို ဌားဖို့ဆိုတာလည်း ပိုက်ဆံအသေကုန်တာ

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Tempat cerita menjadi hidup. Temukan sekarang