အမွှေးကင်းစင်ပြီးလှပသောခြေသလုံးပိုင်ရှင်ဖြစ်စေဖို့

219 7 0
                                    

    "အမွှေးကင်းစင်ပြီး လှပသောခြေသလုံးပိုင်ရှင်ဖြစ်စေဖို့"
                                               ကဗျာဦး


            ပြီးခဲ့တဲ့ရက်က ကျွန်တော်ရယ်မိတ်ကပ်ဆရာတစ်ယောက်ရယ် အဆိုတော်ညီငယ်တစ်ယောက်ဓါတ်ပုံရိုက်ဖို့ အဝတ်စားစီစဉ်ရအောင် အဲ့ဒီအဆိုတော်ရှိရာ ကျောက်ကုန်းနေအိမ်ကိုရောက်ခဲ့ပါတယ်။ အဆိုတော်အတွက် အဝတ်စားရွေးရင်း ဒီတစ်ခေါက် အရင်အခေါက်နဲ့မတူအောင် ကွာတားဘောင်းဘီထည့်ရွေးဖြစ်တယ်။
           "ဟာ ဒါဆိုခြေထောက်ကို waxing လုပ်ရဦးမှာပေါ့" လို့ အဆိုတော်ညီလေးကပြောတယ်။ ကျွန်တော်က "အရမ်းအထူကြီးမဟုတ်ရင်အဆင်ပြေပါတယ်"လို့ ပြန်ပြောတယ်။
            "ထူတယ်အစ်ကိုရေ ညီဒါကြောင့်မို့ အတိုတွေမဝတ်တာ ၊ ဝတ်တော့ဝတ်ချင်တာပေါ့ မြန်မာပြည်ရာသီဥတုအရရော K POP ဖက်ရှင်တွေအားကျတာရော ဝတ်ချင်တာပေါ့ ၊ ဒါပေမယ့် အတိုဝတ်ရအောင်ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘူးဗျ"
           "ပိုးလည်းအတူတူပါပဲ ခြေသလုံးမွှေးထူတာ ၊ ဒါပေမယ့် ပိုးကwaxing နှစ်လတစ်ခေါက် သုံးလတစ်ခေါက်လောက်တော့ လုပ်ဖြစ်တယ်" ဟု မိတ်ကပ်ဆရာက ဝင်ပြောသည်။
           "waxing လုပ်ရတာဘာမှမဟုတ်ပေမယ့် ဆိုင်ကိုသွားရတာ လုပ်ဖို့အချိန်ပေးရတာတွေအတွက် ကျွန်တော်ကစိတ်မရှည်ဘူးမပိုးရဲ့" ဟု အဆိုတော်ညီလေးကပြန်ပြောသည်။
           "ပိုးကတော့လှချင်တော့ စိတ်ရှည်ရတာပဲ ၊ ပြီးတော့ပိုက်ဆံလည်းကုန်ရတာပဲ တစ်ခါလုပ်ရင်ငါးသောင်း ငါးသောင်းနဲ့ မနည်းတော့ဘူး ၊ ပြီးတော့မလုပ်လို့လည်းမရဘူးလေ ၊ မိန်းမလိုဝတ်ထားပြီး ခြေသလုံးမွှေးနဲ့ဆို သူများကဲ့ရဲ့နေဦးမယ်"လို့  မိတ်ကပ်ဆရာမပိုးကပြောသည်။
            အခုနောက်ပိုင်း beauty spa တော်တော်များများမှာ waxing ကိုဦးစားပေးလာကြတာကျွန်တော်သတိထားမိသည်။ ပြီးတော့ မော်ဒယ်လောက အနုပညာလောကမှမဟုတ်ပါဘူး အခြား ဖက်ရှင်နဲ့အလှအပကိုစိတ်ဝင်စားတဲ့ သူတွေတောင် ဒီ waxing ကိုဦးစားပေးလုပ်လာတာတွေရသည်။
           "ဟုတ်တယ် မပိုးရ ကျွန်တော့်ညီအငယ်ကောင် တောင်ဥက္ကလာက spa ဆိုင်တစ်ဆိုင်မှာ ခြေသလုံးမွှေး waxing လုပ်ဖို့ ကျွန်တော့်ကိုအဖော်ခေါ်တော့ ဆိုင်မှာ နှစ်နာရီလောက် အချိန်ပေးလိုက်ရတယ် ၊ လူစောင့်ရတာကော လုပ်တာကြာတာကော တော်တော် ပျင်းစရာကောင်းတယ် အိပ်တောင်ငိုက်တယ်"လို့ ကျွန်တော်ကဝင်ထောက်သည်။
             "ဒီ shooting မှာ ကွာတားဝတ်စေချင်တယ်ဆိုရင် ကျွန်တော်ဝတ်ပါမယ် waxing တော့ကြိုလုပ်ထားမယ် အတိုလေးတွေဝတ်မရိုက်ရတာလည်းကြာနေပြီဆိုတော့လေ"ဟု အဆိုတော်ကောင်လေးကပြောသည်။
          "ဒါနဲ့မပိုး အချိန်သိပ်မကုန်တဲ့ waxing လုပ်နည်းလေးမသိဘူးလား"ဟု ကောင်လေးကထပ်မေးသည်။
         "အချိန်သိပ်မကုန်တဲ့နည်း မရှိဘူးလားဆိုတော့ ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ အိမ်မှာ ကိုယ့်ဘာသာ waxing လုပ်တဲ့နည်းပဲ။ ဆိုင်မှာသွားလုပ်ရင်တော့ အချိန်တော့ပေးရမှာပဲ ၊ သွားရလာရတာနဲ့ စောင့်ရတာနဲ့ အနည်းဆုံး နှစ်နာရီပဲ ၊ အိမ်မှာလုပ်ရင်တော့ အချိန်ထက်ဝက်သက်သာမယ် အပြင်လည်းသွားစရာမလိုဘူး" ဟု မပိုးကပြောသည်။
           "ပြီးတော့ waxing လုပ်တဲ့ကော်က shopping စင်တာတွေမှာ အလွယ်တကူဝယ်လို့ရတယ် ၊ online shopping တွေမှာလည်းမှာလို့ရတယ် တံဆိပ်ကလည်းအမျိုးမျိုးရှိတယ်၊ စျေးကလည်း အမျိုးမျိုးပဲ ၊ ပိုး ကိုဆိုင်ကလုပ်ပေးတဲ့ ယိုးဒယားတံဆိုမြန်မာငွေနှစ်သောင်းခွဲလောက်ပဲရှိတယ် ၊ အဲ့ဒါတစ်ဘူးကလည်း ခြေသလုံးကို waxing နှစ်ခါလုပ်လို့ရတဲ့အတွက် အချိန်ကုန်သက်သာတဲ့အပြင်ငွေကုန်ပါသက်သာတယ် ၊ ပြီးတော့ အနံ့ကလည်းကိုယ်ကြိုက်တဲ့အနံ့ကို ရွေးဝယ်လို့ရတယ် ၊ စံပယ်ရနံ့  ၊ နှင်းဆီရနံ့ ၊ green tea ရနံ့ အမျိုးမျိုးရှိတယ် " ဟုဆက်ပြောသည်။
            "မပိုးရ ကိုယ့်ဘာသာကိုယ်လုပ်ရတာဆိုတော့ အဆင်ပြေပါ့မလား ၊ မလုပ်တတ်ရင်ကော" ဟု ကျွန်တော်ကဝင်ထောက်ပြန်သည်။
            "မလုပ်တတ်စရာအကြောင်းမရှိပါဘူး ကိုစိုင်း ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဗူးထဲမှာ instructions အညွှန်းပါပီးသား ၊ ပါတဲ့ပစ္စည်းကလည်း လေးမျိုးထဲရယ် ၊ waxing လုပ်တဲ့ကော်ဗူးရယ် ၊ ကော်ခပ်ဖို့ သစ်သားပြားအသေးလေးရယ် ၊ ခြေသလုံးမှာ ကော်ကို ကပ်ခွာလုပ်ဖို့ အဝတ်စတွေရယ် ၊ waxing လုပ်ပြီးရင်လိမ်းဖို့ lotion cream ဗူးလေးတစ်ဗူးရယ် ဒါပဲပါတာ"
             "ဒါဆိုမပိုးရယ်လုပ်နည်း အဆင့်ဆင့်လေးပြောပြပေးပါလား" ဟု အဆိုတော်ကောင်လေးက တောင်းဆိုသည်။
             "ပြောပြပေးမယ်လေ အချိန်မကုန် ငွေမကုန်ပဲ အိမ်မှာပဲ waxing အလွယ်တကူလုပ်တဲ့နည်းကို share ချင်လည်း သူငယ်ချင်းတွေကို share လို့ရယ်။
            ပထမဆုံး အဆင့် ( ၁ ) အနေနဲ့ waxing လုပ်မယ်ခြေထောက်နှစ်ဖက်ကို သန့်စင်ပေးရပါမယ်။ ရေနဲ့ ဆပ်ပြာနဲ့ သန့်စင်ပေးပြီး ခြောက်သွေ့အောင်လုပ်ထားရမယ် ။
             အဆင့် ( ၂ ) သန့်စင်ထားတဲ့ခြေထောက်ပေါ်ကို baby ပေါင်ဒါမှုန့်ဖြူးပြီး လိမ်းထားပေးပေးရပါမယ်။ baby ပေါင်ဒါမှုန့်မရှိလည်း အိမ်မှာအလွယ်တကူရှိတဲ့ ကိုယ်လိမ်းပေါင်ဒါ တစ်မျိုးမျိုးကိုလိမ်းပေးလည်းရပါတယ်။
           အဆင့် ( ၃ ) သစ်သားပြားအသေးလေးနဲ့  ဗူးထဲကကော်ကိုယူပြီး waxing လုပ်မယ့်နေရာပေါ်ကို သုတ်လိမ်းရပါမယ်။ လိမ်းတဲ့အခါမှာလည်း ခြေထောက်အပေါ်ကနေ အောက်ဘက်ကိုဆွဲချတဲ့နည်းနဲ့ သုတ်လိမ်းရပါမယ်။ ကော်ကို ခြေထောက်အောက်ဘက်ကနေအပေါ်ကိုဆွဲလိမ်းတဲ့နည်းကမှားတဲ့အတွက် လုံးဝမလုပ်ရပါဘူး။
            အဆင့် ( ၄ ) ကပ်ခွာလုပ်တဲ့ အဝတ်စတစ်ခုကိုယူပြီး ကော်သုတ်လိမ်းထားတဲ့ခြေထောက်ပေါ်ဖိကပ်ပေးရပါမယ် ။ ဖိကပ်ပေးတဲ့နေရာမှာလည်း ကော်သုတ်လိမ်းသလို ခြေထောက်အပေါ်ကနေ အောက်ဘက်ကိုဆွဲချတဲ့နည်းနဲ့ ဖိကပ်ပေးရပါမယ်။ အောက်ဘက်ကနေ အပေါ်ကိုဖိဆွဲတင်တဲ့နည်းကမှားလို့ လုံးဝမလုပ်ရပါဘူး။
           အဆင့်( ၅ ) ကပ်ခွာအဝတ်ကို ခြေထောက်ပေါ်သေသေချာချာ အပေါ်ကနေအောက်ဖိကပ်ပေးပြီးရင် ကပ်ခွာအဝတ်ကို အောက်ဘက်ကနေအပေါ်ဘက် ပြောင်းပြန်ဆက်ကနဲ ဆွဲခွာပေးရပါမယ်။ ကပ်ခွာကိုဆွဲခွာတဲ့အခါမှာလည်း အပေါ်ကနေအောက်ဘက်ဆွဲခွာတဲ့နည်းကမှားလို့ လုံးဝမလုပ်ရပါဘူး။ ကပ်ခွာမှာ အမွှေးတွေနဲ့အတူ ခြေထောက်မှာရှိနေတဲ့ အညစ်အကြေးတွေပါ ကပ်ပါသွားတာတွေ့ရပါမယ် ။  ခြေထောက်မှာ အမွှေးကုန်တဲ့အထိ အခုလို ကော်သုတ်လိုက် ကပ်ခွာနဲ့ခွာလိုက် လုပ်ရပါမယ်။
အဆင့် (၆ ) နောက်ဆုံးခြေထောက်မှာ အမွှေးကုန်စင်သွားရင် ပါလာတဲ့ညှစ်ဗူးထဲက moisturizer creamကို သုတ်လိမ်းလိုက်ပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ သန့်စင်လှပတဲ့ ခြေထောက်တစ်စုံရပြီပေါ့။ ကဲ ဘယ်လောက်လွယ်ထားလဲ" ဟု မပိုးကရှင်းပြပေးသည်။
              "ဟာ ကျေးဇူးပဲ မပိုးရေ လုပ်တဲ့နည်းကလွယ်လွယ်ပဲ ။ ဒီတစ်ခါတော့ အချိန်အတွက် စိတ်ညစ်စရာမလိုတော့ဘူး ။ တကယ်ကျေးဇူးတင်တယ်" ဟု အဆိုတော်ကောင်လေးကပြောသည်။
             "ဟုတ်တယ် မပိုး ကျွန်တော်လည်း ကျွန်တော့်ညီကို share လိုက်ဦးမယ်"
             "အိုကေအိုကေ တကယ်သာလုပ်ဖြစ်မယ်ဆို ပိုးပြောပြရကျိုးနပ်တယ်"
             "တကယ်လုပ်မှာပါ ၊ ဒါနဲ့ မပိုးကသိရဲ့နဲ့ ဘာလို့ကိုယ်ဘာသာကိုမလုပ်တာလဲ ၊ အိမ်မှာရှိတဲ့တစ်ယောက်ယောက်ကိုအကူညီတောင်းလည်းရတာပဲ" ဟုအဆိုတော် ကောင်လေးကထပ်မေးသည်။
             "ပိုးလား ပိုးကကိုယ့်ဘာသာကိုလုပ်ရမှာပျင်းတာရော spa က ကောင်လေးချေချောလေးတွေလုပ်ပေးတာခံချင်တာရော"
             မတိုင်ပင်ထားပဲ သုံးယောက်သားဝိုင်းရယ်ကြသည်။ ပြီးတော့ကျွန်တော်တို့ အဝတ်တွေဆက်ရွေးဖြစ်ကြသည်။
            "မပိုး ခြေသလုံးမွှေးက waxing မလုပ်ပဲ shaving ရိတ်လို့မရဘူးလား"ဟု ကျွန်တော်ကထပ်မေးသင်္ည။
             "ဟာ ရတာပေါ့ သိပ်ရတာပေါ့ ၊ သူများတွေပြောတဲ့ ခြေသလုံးမွှေးရိတ်ရင် အမွှေးတွေပိုသန်လာတယ်တို့ ၊ ပိုထူလာတယ်တို့ ၊ပိုပြီးမဲနက်လာတယ်ဆိုတာ တကယ်တော့မဟုတ်ဘူး။ ရိတ်လို့ရတယ် ။ ရိတ်တဲ့နေရာမှာလည်း မှန်ကန်တဲ့ရိတ်နည်းရှိတယ်။ waxing လုပ်တာနဲ့ shaving လုပ်တာဘာကွာလည်းဆို waxing လုပ်တာက အမွှေးထွက်နှုန်းအနည်းအများ​ပေါ်မူတည်ပြီး နှစ်လ ဒါမှမဟုတ်သုံးလလောက်နေမှ နောက်တစ်ကြမ်လုပ်ရတယ်။ shaving လုပ်တဲ့သူကတော့ အမွှေးထွက်နှုန်းအနည်းအများပေါ်မူတည်ပြီး ဆယ်ရက် ဒါမှမဟုတ် ဆယ့်လေးရက်ဆို နောက်တစ်ကြိမ်ထပ်လုပ်ရတယ်။ ရိတ်တာကလည်း နည်းစနစ်မှန်မှန်နဲ့ သေသေချာချာရိတ်ရင် အချိန်မကုန် ငွေမကုန်ပဲ ထိရောက်ပါတယ်"
             "အဲ့ဒါဆို နည်းစနစ်မှန်တဲ့ ရိတ်နည်းလေးပြောပေးပါလား" ဟု ကောင်လေးကထပ်မေးသည်။
               "ဟုတ် ပြောပြပေးမယ်လေ-
              အဆင့်( ၁ ) shaving မလုပ်ခင် ခြေသလုံးရောအမွှေးလေးတွေရော soft ဖြစ်သွားအောင်လုပ်ပေးရမယ်။ moisturizer cream တစ်မျိုးမျိုးနဲ့  shaving လုပ်မယ့်နေရာကိုလိမ်းပြီးပွတ်သပ်ပေးရမယ်၊ moisturizer creamမရှိဘူးဆိုရင် အညိုရောင်သကြားထဲ သံလွင်ဆီရောပြီးသမအောင်မွှေ ရောထားတဲ့ဟာကို လက်ချောင်းလေးတွေနဲ့ယူပြီး shaving လုပ်မယ့်ခြေသလုံးပါ်သုတ်လိမ်းပြီးပွတ်သပ်ပေးရမယ်။ အဲ့ဒါမှမရှိဘူးဆိုရင် အုန်းဆီနဲ့ ပွတ်သပ်ပေးလည်းရတယ်။ အုန်းဆီတော့ အိမ်တိုင်းမှာ ။။အလွယ်တကူရှိတယ်လေ။
               အဆင့်( ၂ ) shaving လုပ်တဲ့အခါ ဆပ်ပြာကိုလုံးဝမသုံးရပါဘူး။ shaving creamကို စျေးသက်သက်သာသာနဲ့ နေရာတိုင်းမှာဝယ်လို့ရတယ်။ အဲ့ဒီ shaving creamတစ်မျိုးဖြစ်ဖြစ် ခေါင်းလျှော်တဲ့ conditioner ပျော့ဆေးနဲ့ဖြစ်ဖြစ်သုံးလို့ရတယ်။
               အဆင့်( ၃ ) shaving လုပ်တဲ့နေရာမှာ အရေးကြီးက shaving လုပ်တဲ့ razor ပဲ။  စျေးပေါတဲ့ ခေါင်းအသေဖြစ်တဲ့razor တွေက ခြေထောက်မှာ damaging အနာတရဖြစ်တတ်လို့ပဲ။ bladeဓားငါးချောင်းပါ ခေါင်းလှုပ်ရှားလို့ရတဲ့ Gillette တံဆိပ်က အကောင်းဆုံးပဲ ။တခြား တစ်ခါသုံးလိုဟာမျိုးနဲ့လုပ်လို့မရဘူးလားဆိုတော့ လုပ်လို့ရတယ်။ မလုပ်ခင်တော့ အနာကပ်လိုဟာမျိုး ဆောင်ထားစေချင်တယ်။
               အဆင့်( ၄ ) shaving လုပ်တဲ့အခါ လုပ်မယ့်ခြေထောက်ကို ဆင်းမထားပဲ ဒူးခေါင်းထောင်လျှက်ကွေးထားရမယ်။ razor နဲ့ရိတ်တဲ့အခါ ခြေထောက်အောက်ဘက်ကနေ အပေါ်ဘက်ကို ဆွဲယူတဲ့နည်းနဲ့ ရိတ်ပေးရမယ်။ razor နဲ့ ခြေထောက်သားပေါ်ဆွဲယူတဲ့နေရာမှာလည်း အရှည်ကြီးမဆွဲသင့်ဘူး။ ရှည်ရှည်ဆွဲတဲ့သူက တိုတိုဆွဲတဲ့သူထက် ပိုပြီးဒဏ်ရာအနာဖြစ်တတ်လို့ပါပဲ။
              အဆင့်( ၅ ) အမွှေးအားလုံးကုန်စင်သွားရင်တော့ after shaving cream ဖြစ်ဖြစ် moisturizer cream တစ်မျိုးမျိုးဖြစ်ဖြစ် လိမ်းပေးလိုက်ရုံပဲ။ ကဲဘယ်လောက်လွယ်ထားလဲ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် စကတ်အတို ဘောင်းဘီအတိုလေးတွေကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ ဝတ်နိုင်ပြီပေါ့"
             မပိုးပြောတဲ့ နည်းတွေက တကယ့်လွယ်လွယ်လေးတွေ။
             "ဒါနဲ့မပိုး လူတော်တော်များများကတော့ အမွှေးရိတ်ရင် ရေချိုးတဲ့အချိန်ရိတ်ကြတာများတယ် အဲ့လိုကောရလား"
             "ရပါတယ် ရေနွေးလေးနဲ့ချိုးတဲ့သူဆို ရေချိုးလို့ပြီးသွားမှရိတ်ရင် အသားအရည်နဲ့အမွှေးလေးတွေ soft ဖြစ်သွားလို့ ပထမဆင့်ကိုကျော်လို့ရတယ်"
              "ကျွန်တော်ကတော့ သူငယ်ချင်းတွေကို shareပြီ"လို့ အဆိုတော်ကောင်လေးကပြန်ပြောသည်။
               "ဪ   အရေးကြီးဆုံးတစ်ချက်ပြောဖို့ ပိုးမေ့သွားတယ် ၊ အဲ့ဒါဘာလဲဆိုတော့ shaving လုပ်တဲ့ razor ကစျေးကြီးလို့ နောက်ထပ်ပြန်သုံးမယ်ဆို သေသေချာချာသန့်စင်ပြီးသိမ်းရမယ်။ ရေနဲ့မဆေးဘဲ baby oil လို အုန်းဆီလိုဟာနဲ့ ပြန်သန့်စင်ရမယ်။ သိမ်းထားတဲ့အခါမှာလဲ ရေမထိနိုင်တဲ့ ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားရမယ် ။ ဒါမှ သံချေးမတက် မေးခိုင်ပိုးမဝင်နိုင်မှာ"
                ပြီးလျှင် သုံးယောက်သား အဝတ်တွေဆက်ရွေးဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် အဲ့နေ့က waxing နဲ့ shaving အတွက် နည်းလမ်းကောင်းတွေရခဲ့တာတော့ အမှန်ပင်ဖြစ်သည်။

🎉 You've finished reading အမွှေးကင်းစင်ပြီးလှပသောခြေသလုံးပိုင်ရှင်ဖြစ်စေဖို့ 🎉
အမွှေးကင်းစင်ပြီးလှပသောခြေသလုံးပိုင်ရှင်ဖြစ်စေဖို့Where stories live. Discover now