Unicode

656 44 4
                                    

"Cheers"
"Cheers"
"Cheers"

Club ထဲတွင်သီချင်းသံများဆူညံနေသည်။ လူမျိုးစုံက Dancing floor မှာကတဲ့သူကက၊ bar မှာ သောက်တဲ့သူကသောက် သီချင်းအကျယ်ကြီးကြားက စကားပြောနေတဲ့လူကပြောနဲ့ လူတိုင်းက ပျော်ရွှင်မြူးထူးနေကြသည်။

'ဒီမှာ ငါတစ်ယောက်တည်းမပျော်တာလား' ဟု PP စိတ်ထဲက တွေးလိုက် မိသည်။

"PP တစ်ခွက်လောက်သောက်ပါလား"

Dream က PP ကို ဘီယာတစ်ခွက် လှမ်းပေးကာသောက်ရန်ပြောသည်။

"ဟင့်အင်း မသောက်တော့ဘူး"

"မင်းကလည်း P အကြောင်းသိရဲ့သားနဲ့၊ သူဒီနေ့ club မှာ ငါတို့ကိုလာတွေ့တာပဲ ကျေးဇူးတင်ရမယ်၊ သူ့ကိုအတင်း တိုက် မနေစမ်းပါနဲ့ကွာ"

PP အကြောင်းသိတဲ့ New က PP ဘက်က ၀င်ပြောပေးသည်။

"‌ငါ....toilet ခဏသွားလိုက်ဦးမယ်"

သူငယ်ချင်းတွေကိုနှုတ်ဆက်ခဲ့ပြီး Toilet ရှိရာသို့ထွက်လာခဲ့သည်။
-------------

Toilet ထဲကထွက်လာပြီး ဘေစင်မှာ လက်ဆေးနေတုန်း မူးနေသောလူတစ်ယောက်ကို လူနှစ်ယောက်ဆွဲခေါ်လာတာကို PP တွေ့လိုက်သည်။

PP ရှိနေသော ဘေစင်နှင့် မလှမ်းမကမ်းတွင် မူးနေတဲ့လူကို လူတစ်ယောက်ကချုပ်၍ ကျန်လူနှစ်ယောက်က ထိုးကြိတ်နေသည်။ အထိုးခံနေရသောသူမှာ မူးနေသဖြင့် ဘာမှပြန်မလုပ်နိုင်၊ မျက်နှာများဖူးယောင်နေပြီး ပါးစပ်ထဲကသွေးများထွက်နေသည်။

ထိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးတဲ့ PP က မျက်လုံးပြူးကာ ‌မင်သက်နေမိသည်။ ဘာစကားမှလည်းမပြောနိုင်၊ ဘာမှလည်းမလုပ်နိုင်ပဲ ထို ထိုးကြိတ်ပွဲကို ကြည့်ရင်း ရင်တွေတုန်နေသည်။

အတန်ငယ်ကြာတော့ hoodie အနက်ရောင် ၀တ်ထားသော မိမိအရွယ်လူတစ်ယောက် ၀င်လာတာကို ‌PP တွေ့လိုက်သည်။

ထိုလူ၀င်လာလာချင်းပင် မူးနေတဲ့လူကိုထိုးနေသော လူနှစ်ယောက် ချက်ချင်းရပ်သွားသည်။

"ဘာဖြစ်နေတာလဲ"
"ဆရာကြီးခိုင်းထားလို့ပါ"

"အဲ့ဒါဆိုလည်း တခြားနေရာသွားလုပ်၊ ဒီမှာလာမလုပ်နဲ့၊ သွား"

Won't Let You GoWhere stories live. Discover now