I'm Yours

636 50 0
                                    

"Hyung....Yoongi hyung. ... Suga hyung. ..."

       မနက်စောစောကြီးမဟုတ်သော်လည်း နေအလင်းရောင်သိပ်မရသေးတာမို့ အစောကြီးလို့ခံစားနေရတယ်..။ချမ်းစိမ့်စိမ့်ဆောင်းတွင်းဖြစ်တာမိို့ စောင်အကူမပါပဲအိပ်နေရတဲ့သူက အေးလာတာမို့ လူးလွန့်ကာ ဘေးနားကလူကို မျက်လုံးလေးမှတ်ပြီးလိုက်စမ်းနေတယ်...။အချိန်တော်တော်ကြာ စမ်းနေတာတောင်ဘေးနားကလူကိုမထိသေးတာမို့ အိပ်ချင်နေသည့် မျက်လုံးတွေကိုပြူးပြဲဖွင့်ကြည့်လိုက်ရသည်...။သူ့ဘေးမှာဘယ်သူမှရှိမနေ...။

"MinYoongiဘယ်ရောက်သွားတာလဲ.."

     ဘေးနားက ဟာလာဟင်းလင်းဖြစ်နေသည့် အိပ်ယာကိုကြည့်ကာ အလိုမကျစိတ်များသာ ပေါ်လာရသည်..။ခါတိုင်းဆိုလျှင်Min Yoongiဆိုသော ကြောင်ကြီးသည်အပျင်းကြောခပ်ထူထူနှင့်အစောကြီးနိုးတတ်သည်မဟုတ်..။နိုးခဲ့သည်ဆိုရင် တောင်အကျင့်ပုတ်ပုတ်ဖြင့် သူ့ကိုပါ မနိုးနိုးအောင်ကိုခေါ်နှိုးမှာပင်...။အခု ထိုသူကြီးကအဘယ်နည်း..။ညက ကတောက်ကဆကြောင့် ရန်ဖြစ်ကြသည်ကိုမှတ်မိသည်..။ထို့နောက် သူမသိတော့ဘူး..။မမှတ်မိတော့တာ...။

      စောင်တွေခေါင်းအုံးတွေနှင့်လုံးထွေးနေသော ဖုန်းကို ခေါင်းနောက်မတတ်ရှာလိုက်ရသေးသည်..။နောက်ဆုံးတော့ ခေါင်းအုံးအောက်ကနေဖုန်းကို အောင်အောင်မြင်​မြင်နှင့်ရှာလို့တွေ့ခဲ့သည်..။ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Jungkookဆီမှ voice messageတွေရထားတာမို့ နားထောင်ကြည့်လိုက်သည်...။

"Jimin hyung...hyungရဲ့ ကြောင်ကြီးကို တကယ်ပဲ ပြန်မခေါ်တော့ဘူးလား.."

"Jimin shi....လာပြန်ခေါ်လှည့်ပါတော့..ကျွန်တော်တို့နားညီးနေပြီလို့..."

"Jimin hyung. ..Yoongi hyungပြန်သွားပြီနော်..."

    ထို messageသည် Jungkookထံမှ နောက်ဆုံးmessageပင်ဖြစ်ကာ ပို့ထားသည်ကလဲ မနက် 3နာရီထဲက..။တကယ်ပဲ ပြန်လာပြီဆိုလည်းဘာလို့ အိမ်ပြန်မရောက်လာသလဲ...!။Min Yoongi ခင်ဗျားဘယ်ရောက်နေလဲ..။

     အတွေးနဲ့စိတ်ထက်ကိုယ်ကပိုမြန်တယ်..။messageဖတ်ပြီးပြီးချင်း ထကာ မျက်နှာပင်မသစ်အားပဲ ကားသော့ကိုဆွဲလို့ ကုမ္ပဏီသို့လိုက်သွားရန်ပြင်သည်..။ကားကို မြန်မြန်မောင်းလို့ ကုမ္ပဏီ အမြန်ရောက်အောင်သာ အာရုံစိုက်လိုက်သည်..။အရေးကြီးပါတယ်ဆိုမှ မီးပွိုင့်ကမိနေတာမို့ ခပ်တိုးတိုးဆဲရေးပစ်လိုက်သည်..။မီးပွိုင့်ကိုစောင့်နေရင်း မနေ့ညက အကြောင်းတွေကိုပြန်စဥ်းစားနေလိုက်သည်..။
...........🐱🐣..........
"Min Yoongi shi....ပြန်လာသေးတယ်နော်.."

I'm YoursWhere stories live. Discover now