"မိုင်း မင်းဟာက မြန်လှချည်လား၊ မင်းသူ့ကိုတွေ့တာဖြင့် ဘယ်နှစ်ရက်ရှိသေးလို့လဲ"
"ငါ့သိသလောက်တော့ တစ်ပတ်ပဲရှိသေးတယ်၊ သူသွားစကားပြောတာက တစ်နေ့ကမှ"
"တစ်နေ့ကသွားစကားပြောပြီး တစ်ခါတည်းတွဲမလားမေးခဲ့တာလား"
"အေး"
"အဲ့ဒါကို သူက မနေ့ကအဖြေပေးလိုက်တယ်ပေါ့၊ တစ်ရက်ကြီးများတောင် အချိန်ယူစဉ်းစားလိုက်တာပဲ"
"အဟွန်း တကယ်တော့ အဲဒီနေ့ညနေကတည်းကပေးလိုက်တာ ၊ တစ်ရက်တောင်မကြာဘူး"
"Wow!!! သားကြီး လေးစားတယ်ကွာ"
"ဆရာသခင်ကို ဒီတပည့်ဆည်းကပ်ပါတယ် ၊ ပညာလေးတွေမျှပါဦး"
"ဒါပေါ့ ဒါပေါ့ သေချာပေါက် မျှဝေပေးရမှာပေါ့ကွာ၊ ဟားဟား"
နောက်တန်းမှစကားသံတို့နှင့် ရယ်သံများကြောင့် သူဘယ်လိုမှစာကိုအာရုံစိုက်မရတော့။ အမြဲတစေတည်ကြည်နေသောမျက်နှာထက် စိတ်အလိုမကျမှုအရိပ်အယောင်များ ခဏတာဖြတ်သန်းသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ Airpodsကိုထုတ်ကာတပ်လိုက်ပြီးနောက် သီချင်းဖွင့်ကာနားထောင်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကိုငေးမောကြည့်နေမိ၏။
သူ့၌ ဘာအတွေး၊ ဘာခံစားချက်တို့မှရေရေရာရာမရှိပါ။ သီချင်းတို့နားထောင်ရင်း ခေါင်းထဲပေါ်လာသည်က မနေ့ကအိပ်ခါနီးတွင်ကြည့်မိခဲ့သည့် ဗီဒီယိုတစ်ခုအကြောင်း။
"မင်းချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားရတဲ့အချိန်မှာ နေပူတဲ့အချိန်တွေမှာ တိမ်တိုက်တွေကို တွေ့နေရသလိုမျိုး၊ လမ်းတွေတိုင်းက မီးနီတွေကိုတွေ့ရတာ စိတ်တိုနေရသလိုမျိုး၊ ပြီးတော့ ဘယ်လိုကြည့်မှန်မျိုးကမှ မင်းကို စိတ်ကျေနပ်မှုမပေးနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားရတာဟာ သေခြင်းတရားမဟုတ်ပါဘူး၊ သူတို့မပါဘဲ ဒီကမ္ဘာပေါ်မှာ ဆက်ပြီးရှင်သန်နေရတာကို ဆိုလိုတာပါ၊ အဲ့ဒါဟာ အခက်ခဲဆုံးပါပဲ" တဲ့။
ဗီဒီယိုထဲတွင်ပြောနေသည့်လူ၏မျက်နှာက အမှန်တကယ်ကိုပင် ဆက်လက်ရှင်သန်နေရခြင်းက သူ့အတွက်ခက်ခဲနေသည့်အလား။ သူ၏နီရဲနေသောမျက်လုံးထဲမှ အရိပ်အယောင်များက မျှော်လင့်ချက်တို့ ကင်းမဲ့နေသူတစ်ယောက်လိုပင်။
YOU ARE READING
Love is like the breeze. [One Shot]