ကျွန်​တော့်ရဲ့ ၃စက္ကန့်

43 8 6
                                    

Unicode

비밀《နှလုံးသား​ရဲ့​ထောင့်စွန်းကမဖွင့်ဖြစ်​သော လျှို့ဝှက်ချက်》

1....2...3....
လူတစ်​ယောက်ကိုချစ်မိဖို့အတွက် ၃စက္ကန့်ဘဲကြာသလား?
အင်း...ဟုတ်မယ်ထင်ပါတယ် ကျွန်​တော်သူ့ကိုသ​ဘောကျဖို့အတွက် ၃စက္ကန့်ပဲကြာတယ်
သူ့ကိုစ​တွေ့တဲ့အချိန်က ၇တန်းနှစ်ကဖြစ်မယ် သူကအဲ့အချိန်က၉တန်း​ပေါ့။​ကျောင်း​ကောင်စီကမလို့ ​ကျောင်းစိမ်းလက်ရှည်အဖြူကို ကျကျနနဝတ်ပြီး အမြဲသပ်သပ်ရပ်ရပ်​နေတက်တဲ့အကို...။ အသားဖြူတာ​ကြောင့်အလုပ်လုပ်ရင်​ခေါက်တင်ထားတဲ့အကျီ​အောက်က ​သွေး​သွေး​ကြော​စိမ်းစိမ်းတစ်ချို့။ ကတ္တီပါဖိနပ်အစိမ်း​လေးနဲ့အမြဲ​ကျောင်းလာတက်တဲ့အကိုက​​ခေါင်းအစ​ခြေအဆုံးမြတ်နိုးစရာပါပဲ။ ကိုယ်​ကျောင်း​ကောင်စီစဝင်​​တာသူ့​ကြောင့်လို့​​ပြောရမလား။ သူက​တော့ ကိုယ့်ကို​တောင်သိမှာမဟုတ်ဘူး။
သူ့အတွက်​တော့မ​တော်တဆ​တွေ့ခဲ့ကြတဲ့ ​​ကောင်စီအဖွဲ့ဝင်သာဖြစ်မယ်။

အဲ့တုန်းက​နေမယ် မုန့်​ဈေးတန်းမှာ ​ချော်လဲမလိုဖြစ်သွားတုန်းကထိန်း​ပေးခဲ့တာ။ သူ့သူငယ်ချင်းအမ​တွေက ကိုယ့်ကိုစ​နေကြ​သေးတယ်။ သူကအဲ့လိုစ​တာမကြိုက်ဘူးထင်ပါရဲ့။ နှုတ်ခမ်း​လေးစူပြီးလှည့်ထွက်သွား​လေတယ်။ ​တစ်ခါတစ်​လေ​တော့လဲ အဲ့လိုက​လေးဆန်ဆန် ချစ်ဖို့​ကောင်းပြန်တယ်။

​​ကျောင်း​ကောင်စီကလာ​​ခေါ်ရင် သူပါမပါ လိုက်ကြည့်ရ၏။ကိုယ်ကနဲနဲအ​နေ​အေးတာမလို့ တကယ်ခင်တဲ့သူငယ်ချင်းသိပ်မရှိ။ ငယ်ငယ်က​ပေါင်းတဲ့​ကောင်​တွေကလဲ ကိုယ်နဲ့ဇာတ်​ကြောမတည့်ပါ။သူ​ဌေးသား​လေးက သူ့အိမ်ကား​ပေါ်ကဆင်းလာသည်ကို ​စောင့်ကြည့်ရသည်မှာလဲအ​မောပင်။ ကိုယ်က​ယောကျာ်း​လေး​​ပေမဲ့ K Popကြိုက်တာမလို့ ​ကောင်စီကအစ်မတွေနဲ့Idolအ​ကြောင်း​​ပြောဖြစ်ရင်​ဘေးမှာ Gameလာ​​စော့ပြီး​နှောင့်ယှက်​သေးတယ်။ ​

​​ကျောင်းပိတ်ရက်နီးလာ၍ ​ကောင်စီကလာ​ခေါ်သည်မှာပိုကျဲလာသည်။
တစ်ရက်ကျ ​ဆရာကန်​တော့ပွဲအတွက်ခုံ​တွေစီ​ပေးရင်း ​​မောလို့​​လှေကားမှာထိုင်​နေတဲ့အချိန် သူတို့အဖွဲ့ကကိုယ့်နား​ရောက်လာပြီး စကား​တွေ​လာ​ပြော​​နေလို့ ထွက်​​ပြေးရ​သေး။ ကိုယ်ကလူထူးဆန်းတစ်မျိုး။ Crushနဲ့ထိပ်တိုက်​တွေ့ကိုမ​တွေ့ချင်တာ။ အ​ဝေးက​နေကြည့်ပါများ​တော့ မျက်နှာချင်းမဆိုင်ရဲ​တော့ဘူး။

비밀(My 3 Seconds) ONE SHOTWhere stories live. Discover now