မောင်

184K 5K 1K
                                    

လေအေးအေးလေးတွေရဲ့
တိုက်ခတ်မူကြောင့်ဖုန့်မူန့်လေးတွေနဲ့အတူသစ်ရွက်လေးတွေတောင်
အနည်းငယ်လူပ်ခပ်နေသည်။

ဆွေးမြေ့ခြောက်ကပ်ပြီးနေချင်စရာမရှိတဲ့ကျယ်၀န်းလာတဲ့ကွင်းပြင်ကျယ်ထဲမှ..

တစ်နေရာထဲကိုသာအသက်မဲ့စွာစိုက်ကြည့်နေတဲ့လူငယ်လေးတစ်ယောက်~~~

ထိုကောင်လေးရဲမျက်၀န်းမှာ
လွမ်းဆွတ်မူ၊နောင်တ၊တမ်းတမူ၊သတိရမူ၊
နာကျည်းမူ၊ကြောက်ရွံမူတွေဟာ
အဆက်မပြတ်ပြောင်းလဲနေသည်။

လေပြေလေးရဲတိုက်ခတ်မူကြောင့်
နူးညံ​​ပျော့ပြောင်းတဲဆံကေသာနက်နက်လေးတွေကယိမ်းယိုင်ကုန်သည်။

၂၇ခုနှစ်လိုမထင်ရအောင်ထိုလူငယ်လေးသည်လှလွန်းနေပေသည်။

၅'၁၁ဆိုတဲ့အရပ်ကမပုပေ။

အသားရည်လေးဟာသွေးမရှိသလောက်ထင်ရအောင်ဖြူလွန်းနေပြန့်တာကြောင့်
၀တ်ထားတဲ့ရှပ်အဖြူနဲ့တစ်သားထဲ့လို့ပင်။

သေးသေးသွယ်သွယ်လေးမျိုးမဟုတ်ပဲ
ရင်အုပ်ကျယ်နဲ့ထိုလူကယောကျာ်းဆန်တာထက်ဆွဲဆောင်မူရှိနေတာမျိုး~~~
ဗလတောင့်တောင့်ကြီးမဟုတ်ပဲ
ရှိသင့်သလောက်တာရှိတဲ့
အနေထားမျိုးကြောင့်
ထိုလူငယ်လေးကသိပ်ဆွဲဆောင်နေပြန်သည်။

​စတိုင်ဘောင်းဘီအနက်ကြောင့်ခြေတံရှည်လေးကထင်းနေပြီးခါးသွယ်လေး၏ပံပိုးမူကြောင့်တင်ပါးလေးမှမိုမောက်ကောက်ချိတ်နေပြန်သည်။

စင်ရော်တောင်မျက်ခုံးလေးတွေ
ရှည့်လျားတဲ့မျက်တောင်တွေကတော့
သူရှေ့ကအုတ်ဂူဖြူဖြူလေးကိုတာ
အသက်မပါသလိုစိုက်ကြည့်နေသည်။

ထိုအုတ်ဂူလေးပေါ်မှတော့မည်သည့်နာမည်ရေးထိုးထားခြင်းမှမရှိပဲအဖြူကလေးသက်သက်သာ....

သို့သော်အခုမှ၀ယ်ယူလာတဲ့အဖြူရောင်နှင်းဆီပန်းလေးတွေကတော့အသက်မဲ့စွာ
အုတ်ဂူလေးထက်လှဲလှောင်းနေသည်။

အ​ေ၀းကသစ်ပင်ထက်ရှိငှက်ကလေးများကထိုလူငယ်လေးရဲချိုသာသောအသံကို
ကြားချင်တာကြောင့်နားစွင့်နေပေမဲ့
မဆိုးပဲရဲနေတဲ့နူတ်ခမ်းများက
စကားတစ်ခွန်းမှမဟပဲအောက်နူတ်ခမ်းသားကိုတင်းတင်းကျပ်ကျပ်ကိုက်ထားသည်။

My Biggest Cutie Baby    (Love Or Hate)CompletedWhere stories live. Discover now