A rabbit taught me to love

737 85 11
                                    

[Unicode]

[TN/ Happy Birthday Yibo Ge 24နှစ်ပြည့်မွေးနေ့ကစပြီးအသက်ထက်ဆုံးပန်းခင်းတဲ့လမ်းကိုပဲလျှောက်ရပြီး ပျော်ရွှင်ကျန်းမာချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေ ပြောချင်တာတော့အများကြီးပဲ ဒါပေမယ့်မပြောတတ်တော့လို့😁😁😁]

“Xiao Zhan ဒီနေ့မင်းဘာလုပ်မှာလဲ?”

“အတန်းတက်မယ်လေ”
Yubin အမေးကို Xiao Zhan ကကော်ဖီလေးသောက်ရင်းအေးအေးဆေးဆေးပြန်ဖြေတယ်

“အတန်း? ဟုတ်မှလည်းလုပ်ပါဖေ့သားကြီးရာ မင်းဘယ်တုန်းကအဲ့အတန်းဆိုတာကြီးကိုတက်ဖူးလို့လဲ? တက္ကသိုလ်တွေစဖွင့်တာဖြင့်၁လကျော်နေပြီ မင်းအခန်းဘယ်မှာလဲတောင်မင်းသိလို့လား?”

“အော်..ငါကငါ့အခန်းတောင်မသိဘူးပေါ့ ပြောပါဦး မင်းကရောသိလို့လား?”
Xiao Zhan သူ့ကိုဖဲ့နေတဲ့ Hao Xuan ကိုမျက်ခုံးတစ်ဖက်ပင့်ပြီးမေးတယ်

“ငါကငါ့အခန်းငါမသိပေမယ့် ငါ့gegeအခန်းတော့သိတယ်လေ တတိယနှစ်ကဆရာတွေနဲ့တောင်ငါရင်းနှီးနေပြီ”

“ရင်းနှီးမှာပေါ့ အားနေဖွန်သွားကြောင်နေတာကိုး”

Yubin စကားကြောင့် ရှုံ့မဲ့သွားတဲ့ Hao Xuan ကိုကြည့်ပြီး Xiao Zhan ရယ်တယ်

“ဟျောင့် Hao Xuan ဒီနေ့မင်းgegeဆီသွားရင်ငါလည်းလိုက်မယ်”

“ဘာလိုက်လုပ်မှာလဲ?”

“ဟ မင်းရဲ့gegeကိုလိုက်ကြည့်မလို့ပေါ့ ငါမှအပြင်မှာမမြင်ဖူးတာ Yubinပဲမြင်ဖူးတာလေ ပြီးတော့ငါလည်းဒီနေ့ဘာမှလုပ်စရာမရှိဘူး”

“မနေ့ကဟိုကောင်မလေးရော?”

“Hao Xuan မင်းကလည်းဒီကောင့်အကြောင်းမသိတာမဟုတ်ဘူး ပြတ်သွားပြီနေမှာပေါ့”

“အေး ဟုတ်တယ်ပြတ်သွားပြီ ငါ့အမှားမှမဟုတ်တာ အဲ့ကောင်မလေးကငါနဲ့တစ်ရက်လောက်ပဲတွဲရရင်တောင်သေပျော်ပါပြီဆိုလို့သူ့ဆန္ဒဖြည့်ဆည်းပေးလိုက်တာလေ”

“အေး မင်းအလှည့်ကျမှဝဋ်လိုက်မယ်”

“woah...သားကြီးကအချစ်နဲ့တွေ့သွားပြီဆိုတော့အဖေ့ကိုပြောပြီပေါ့”

A rabbit taught me to loveWhere stories live. Discover now