My Piece

2.4K 171 98
                                    

For Parkyoonnie2004💜
Thank You Very Much For Your First Votes And Feedbacks

Zawgyicode

ဘယ်သူမှ မသိသလို သူကိုယ်တိုင်တောင် မသိတဲ့ အဲ့ဒီအပိုင်းအစလေးက သူ့နှလုံးသားထဲကို တရစ်ချင်း ဝင်လာခဲ့တာ...

JEON JUNGKOOK + MIN YOONGI

___________ My Piece __________

"သားရေ...မြန်မြန်ရေချိုးပြီး ထမင်းလာစားနော်...''

"ဟုတ် မား...''

အိမ်ပေါ်တက်ခါနီး သတိပေးလာသည့် မားအား အသာပြုံးပြပြီး သူအခန်းရှိရာသို့ တက်လာခဲ့သည်...

ဝတ်ထားတဲ့ မျက်မှန်လေးကိုချွတ်လို့ စားပွဲပေါ် တင်ပြီး သူရေချိုးခန်းထဲ ဝင်လိုက်၏...

စာရေးဆရာတယောက်မို့ မျက်မှန်မပါတော့ မျက်လုံးက အတန်ငယ် မှုန်ချင်သည်...

ထို့ကြောင့် ရေချိုးလျှင်လည်း အတော်ဂရုစိုက်ရသည်...တော်ကြာ ချော်လဲတာတွေဘာတွေ ဖြစ်နေမှလေ...

"ဟပ်ချိုး...''

ရေချိုးတာအနည်းငယ် ကြာသွားတာမို့ လူက မွှန်ထူထူဖြစ်လာသည်...ထို့ကြောင့် မြန်မြန်အပြီးသတ်ပြီး အပြင်သို့ထွက်လာလိုက်တော့သည်....

"အမလေး!...."

ဗီရိုထဲက အင်္ကျီရှာပြီး ပြန်အပိတ် ဗီရိုမှန်ကတဆင့် မြင်လိုက်ရတဲ့ ပုံရိပ်လေးတခုကြောင့် သူရင်ဘတ်ကို လက်နဲ့ကာလိုက်သည်...

တဖက်သို့ လှည့်ကြည့်လိုက်တော့ အဖြူရောင် ကောင်လေးတယောက်က သူ့ကိုမှုန်ကုပ်ကုပ် ကြည့်နေ၏...

"မင်းဘယ်သူလဲ!...ဘာလို့ငါ့အခန်းထဲ ရောက်နေတာလဲ...''

"အယ်~ခင်ဗျားကျွန်တော့်ကို မြင်ရတယ်...''

မျက်လုံးလေးတွေဝိုင်းပြီး ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလို့ ပြန်မေးသူအား သူကြောင်အစွာ ကြည့်နေမိသည်...

"မ..မမြင်ရလို့ မင်းကဘာမို့လို့လဲ...''

"ကျွန်တော်လဲမသိဘူး...''

''ဘာ!..."

အူကြောင်ကြောင် လုပ်ပြနေသည့် အနှီးကောင်လေးအား အော်လိုက်တော့ ထိုကောင်လေးက ဇတ်လေးပုဝင်သွားသည်...

Yoonkook Love Alarm DiaryWhere stories live. Discover now