လွန်ခဲ့သောနှစ်ပေါင်း ခြောက်သောင်းက ဆင်းရဲဒုက္ခကပ်ဘေး ကျရောက်လာချိန်တွင် အမှန်တရားနတ်ဘုရားရှန့်ကူသည် သုံးလောကပျောက်ကွယ်မည့်အရေးမှ ကယ်တင်ရန် ရှေးဟောင်းဘုံတွင် သေဆုံးခဲ့သည်။
ထိုအချိန်တုန်းက တစ်စုံတစ်ယောက်က မေးခဲ့ဖူးသည်။ သေမျိုးများ ဒုက္ခရောက်သည့်အခါ ကောင်းချီးပေးရန် ကောင်းကင်ဘုံရှိ နတ်ဘုရားများထံ ဆုတောင်းနိုင်သော်လည်း နတ်ဘုရားများ မျှော်လင့်ချက်မဲ့သည့်အခါ ပျက်ဆီးခြင်းကလွဲ ဘာများတတ်နိုင်ဦးမှာလဲ။
သေမျိုးများက နတ်ဘုရားများထံ အသနားခံနိုင်သော်လည်း နတ်ဘုရားများက မည်သူ့ကို အသနားခံရမည်နည်း။
စီရင်စုကိုးစုအတွင်း ဒီမေးခွန်းနှင့် ဘဝသံသရာက လည်ပတ်မနေသော်လည်း နောက်ထပ် နှစ်သောင်းအနည်းငယ်ထိ စောင်နေခဲ့သည်။
နှေးကွေးလှသော မသေမျိုး
လမ်းကြောင်းပေါ်တွင် လပေါင်းများစွာ နှစ်ပေါင်းများစွာ မပျော်မရွှင်နှင့် ပျင်းရိနေခဲ့သော်လည်း အားလပ်ချိန်နည်းနည်းလေးတော့ ပေါ်လာသည်။နှစ်ပေါင်းခြောက်သောင်းသုံးထောင်အကြာတုန်းက ခွင်းလွင်တောင်တွင် ကောင်းကင်မင်းကြီး၏ မင်္ဂလာပွဲကို ကျင်းပခဲ့သည်။
ထိုနေ့သည် စီရင်စုကိုးစုနှင့် နယ်မြေရှစ်ခုအတွက် ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်သည်။ ကောင်းကင်ဘုံရှိနတ်ဘုရားများအားလုံး တက်ရောက်ကြသော်လည်း အလွန့်အလွန်ကို ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲမှာ တိတ်ဆိတ်မှု၊ မသက်မသာခံစားရမှုတို့ဖြင့်သာ ပြည့်နေသည်။
ဤသည်မှာ ကောင်းကင်ဘုံမိဘုရားခေါင်ကြီးဝူဟွမ့်တွင် အထူးသရုပ်မှန်တစ်ခု ရှိခဲ့သောကြောင့်ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး
တို့ ဖရိုဖရဲ ပရမ်းပတာစဖြစ်ချိန်တွင် ရှေးဟောင်းနတ်ဘုရားများသည် ထာဝရ နေထိုင်ခဲ့ကြပြီး ဘိုးဘေးနတ်ဘုရား ချင်ထျန်းသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး သုံးလောကကို ဖန်ဆင်းခဲ့သည်။ ထိုအချိန်တွင် ဘိုးဘေးနတ်ဘုရားသည် သူ့အမိန့်အောက်တွင် အမှန်တရားနတ်ဘုရားလေးပါးကို အုပ်ချုပ်ခဲ့ပြီး သုံးလောကနှင့် စီရင်စုကိုးစုကို ဖန်တီးရန် သူ့အတွက် နှစ်ပေါင်းတစ်သောင်း အချိန်ယူလိုက်ရသည်။