Unicode
မှိန်ပြပြအလင်းရောင်အောက် ရှောင်းကျန့်စက်ဘီးလေးကိုဘေးရပ်ပြီး အိမ်တံခါးသော့ကို ဖွင့်လိုက်သည်။ ဆောင်းတွင်းဖြစ်တာကြောင့် ခြောက်နာရီခွဲသည့်တိုင် နေကမထွက်သေး...။
"ပြန်လာပြီလား"
သူ့လိုပဲ စက်ဘီးလေးကို တွန်းရင်း အိမ်ရှေ့ကိုလျှောက်လာသည့် ကျိုးချန်ကို သူခေါင်းငြိမ့်ပြလိုက်သည်။
"အနွေးထည်လည်းမပါဘူး ဒီလောက်အေးနေတာကို"
"ငါကဒီလောက်မာတာ..."
ကျိုးချန်နဲ့ နှစ်ယောက် စကားပြောလျက် အိမ်ထဲဝင်လာတော့ အိပ်ရာခင်းစောင်အပါးလေးပေါ်မှာ သူ့ညီငယ်လေးက အိပ်နေဆဲ...။
"နှိုးလိုက်ရတော့မလား"
"ခုနှစ်နာရီမှနှိုးပါ အိပ်ပါစေဦး"
သူ့စကားကြောင့် ကျိုးချန်က အိပ်နေတဲ့ ကလေးပေါ် စောင်ကိုသေချာဆွဲခြုံပေးသည်။
အရင်အိမ်ဘေးမှာနေခဲ့တဲ့အကိုပေးသည့် ရေခဲသေတ္တာအဟောင်းလေးထဲမှ တို့ဟူး နဲ့ အရွက်တစ်ချို့ကို ရှောင်းကျန့် ထုတ်လိုက်ပြီး မနက်စာချက်ဖို့ ပြင်ရ၏။ ကျိုးချန်ကတော့ အိုးထဲမှ ဆန်ကို ထုတ်ကာ ထမင်းချက်ဖို့ လုပ်နေသည်။"ဆန်ကုန်တော့မယ်... မင်းအပြန်ကျဝယ်လာဦး"
"ရပါတယ် ငါ့မှာပိုက်ဆံရှိသေးတယ်"
အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံတစ်ချို့ကို သူ့လက်ထဲထည့်ပေးလာသည့် ကျိုးချန်ကို သူငြင်းလိုက်သည်။ တကယ်ဆို ကျိုးချန်က အိမ်လခနဲ့ ရေမီးဖိုး အကုန်ပေးထားတဲ့အပြင် သူ့ညီလေးရဲ့ ကျောင်းလခကိုပါ စိုက်ပေးနေတာနဲ့တင် အားနာနေရပြီမဟုတ်လား။
"ယူထားပါ... မင်းဒီမနက်ရတဲ့ပိုက်ဆံက ဆေးဖိုးမလား... ငါ့မှာအသုံးမလိုဘူး ပြီးတော့ ငါလည်းမင်းတို့မိသားစုပါပဲကွာ"
"အင်း ဒါပေမယ့် ..."
"ယူထားပြီး ဝယ်လာခဲ့လိုက် ငါညအပြန်နောက်ကျမှာ မို့လို့"
ကျိုးချန်က သူ့လက်ထဲ အတင်းထိုးထည့်ပေးလာ၍ သူမငြင်းတော့...။ သူဒီမနက် နွားနို့ပို့လို့ရတဲ့ ပိုက်ဆံက သူ့ညီငယ်လေးအတွက် ဆေးဝယ်ဖို့အတွက် ဖယ်ထားရဦးမည်လေ...။
YOU ARE READING
𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfictionကိုယ့်လက်တစ်စုံနဲ့ ဖန်တီးခဲ့တဲ့ အနုပညာလေးဟာတစ်ပါးသူတွေရှေ့ ခမ်းခမ်းနားနား ဖြစ်နေဖို့သာလျှင်...။ Xiao Zhan x Wang Yibo ကိုယ့်လက်တစ်စုံနဲ့ ဖန်တီးခဲ့တဲ့ အနုပညာလေးဟာတစ်ပါးသူတွေရှေ့ ခမ်းခမ်းနားနား ဖြစ်နေဖို့သာလျှင် ... ။ Xiao Zhan x Wang Yibo