Ep 1(Unicode)

1.1K 39 0
                                    

ပူအိုက်ခြင်း၊ပူလောင်ခြင်းတို့အုပ်စိုးနေသောနွေရာသီသည်ရာသီစက်ဝန်းအလိုက်ရွေ့လျားပျောက်ကွယ်ကာ မိုးညိုများကအုပ်စိုးလာသည်။ရွာခါနီး၌မရွာသေးဘဲကောင်းကင်တစ်ခွင်တိမ်ညို၊ တိမ်မည်းများကနေရာယူကာဟန်ရေးပြလျက်ရှိသည်။တိမ်ညို၊တိမ်မည်းများသည် လေယူရာသို့ယိမ်းနွဲ့တတ်ကြသေးသည်။သည်မိုး၊သည်လေ၊သည်မြေတို့သည် မထူးခြားသော်လည်းအတွေ့အကြုံအသစ်ကိုကြုံတွေ့လိုက်ရသောအခါစိတ်ဝင်စားဖွယ်ကောင်း၍မေ့မပျောက်နိုင်အောင်ဖြစ်ရလေသည်။

ကျွန်တော့်အတွက်2018ခုနစ်က ဤမျှအရေးပါခဲ့မည်ကိုမည်သူကြိုတင်ခန့်မှန်းနိုင်မှာလဲ။

"ကလေးတို့ရေ....ဒီနေ့တော့ဒီလောက်ပဲသင်မယ်နော် မိုးရွာခါနီးပြီ အခုလွှတ်ရင်တောင်မိုးမိမလားမသိနိုင်ဘူး"

"ဟုတ်ကဲ့ပါဆရာမ မင်္ဂလာပါဆရာမ"
အတန်းစောဆင်းသည်ဆိုသောစကားမှာနှစ်တစ်သောင်းနေမှတစ်ခါကြားရသောစကားမျိုးဖြစ်သောကြောင့်ကလေးအားလုံးကအမြန်နှုတ်ဆက်ကြလေသည်။

"ထယ်ယောင်းမင်းအိမ်ပြန်မှာလား ငါတို့ဂိမ်းသွားဆော့ရအောင်ကွာ"
အင်း....ဒီသူငယ်ချင်းလေးနဲ့တော့သိပ်ခက်တာပဲ။ ဆယ်တန်းနှစ်မှာ ဂိမ်းမဆော့ဘူးလို့ပြောပေါင်းလည်းများပြီ။ကိုယ်ပဲဆုံးမပေးရမှာပေါ့လေ။

"မဆော့ချင်ပါဘူး ငါတို့ဆယ်တန်းတက်နေစဥ်ဂိမ်းထဲအာရုံမရောက်အောင်နေသင့်တယ်လေဂျယ်ဆော"
ကျွန်တော့်ပုခုံးပေါ်တင်ထားသောလက်ကိုဖယ်ပြီးပြောလိုက်သည်။ကျွန်တော့်ကိုကြည့်ပြီးသက်ပြင်းချပြနေလေရဲ့။

"ကဲ...ကဲ တော်တော့ ထယ်ယောင်းရေ မင်းရဲ့ကုလားကားလောက်ရှည်မယ့်ဆုံးမစကားတွေနားမထောင်နိုင်တော့ဘူး အခုအိမ်ပြန်မှာမလား ငါလိုက်ပို့ပေးရအုန်းမလား"
ကျွန်တော့်ရှေ့ကအနှီပေါက်ထယ်ယောင်းလေးကပြုံးပြီးခေါင်းခါပြတာမို့ကျွန်တော်လည်းဂရုစိုက်ဖို့သာမှာရတော့သည်။ မင်းနားကြာကြာနေချင်ပေမယ့်ကိုယ်တော်လေးကမှလက်မခံသည့်ဘဝမို့ကိုယ့်ကိုယ်ကိုယ်သနားမိသည်။

"အိမ်ကိုချောချောမွေ့မွေ့ပြန်နော် အမြန်လည်းသွားအုန်း မိုးရွာတော့မယ် မဖျားအောင် ကိုယ့်ဘာသာ ဂရုစိုက် ဟျောင့် ငါသွားပြီ"
ပြောတိုင်းအခုလိုထွက်သွားသည့်ဂျယ်ဆောကြောင့်ထယ်ယောင်းလေးမှာခေါင်းတစ်ခါခါဖြင့်ကျန်ခဲ့ရသည်။ထယ်ယောင်းလည်းလွယ်အိတ်လေးကိုသာကောက်လွယ်ပြီးပြန်ရန်ပြင်သည်။ ထယ်ယောင်းပြတင်းပေါက်ကနေတစ်ဆင့်ကောင်းကင်ကိုကြည့်လိုက်တော့တိမ်တိုက်များမှာတိမ်မည်းများအဖြစ်အသွင်ပြောင်းအမည်ခံနေလေပြီ။

beyond bitteRSweet preterite memories(Eden contest)CompletedWhere stories live. Discover now