The Last Rain 🌧️

418 42 6
                                    

"သူတို့ဘာလို့အဲ့လောက်တောင်အလောတကြီးဖြစ်နေရလဲကိုယ်နားမလည်နိုင်ဘူး မင်းရယ်"

အကိုကပြတင်းတံခါးဝမှတစ်ဆင့်မိုးရွာထားတာကြောင့်စိုစွတ်နေသောအပြင်ဘက်သို့ငေးကြည့်ရင်းဆိုလေသည်

"ကျွန်တော်တို့ကြိုးစားပြီးငြင်းကြည့်ကြမယ်လေ"

"ကိုယ့်အပါးနှစ်ယောက်ကတော့ သူတို့သ‌ဘောထားကိုပြင်ကြမှာမဟုတ်တာသေချာတယ်မင်း"

ကျွန်တော်တို့နှစ်ဦးအားနေရာချပေးချင်ကြသည့်နှစ်ဖက်မိဘတွေရဲ့ဆန္ဒကြောင့်အကိုစိတ်ရှုပ်နေရလေသည် အကိုဟာအမျိုးသားနှစ်ဦးချစ်ခင်ဆုံမက်ကာပေါင်းစည်းထားသည့်မိသားစုမှပေါက်ဖွားလာသူတစ်‌ယောက်ရယ်ပါ ကျွန်တော့်မှာအမိနှင့်အဖရယ်လို့ရှိပေမယ့် အကို့မှာတော့အုပ်ထိန်းသူနှစ်ဦးစလုံးဖခင်များသာဖြစ်ချေသည် အကိုကသူ့မိသားစုကိုလက်ခံပြီးသူ့အပါးနှစ်ယောက်ရဲ့ဖြစ်တည်မှုကိုလည်းတန်ဖိုးထားသော်ငြားသူကိုယ်တိုင်ကတော့ လိင်တူချစ်ကြိုက်လိုခြင်းမရှိပေ

"အင်း..မင့်ရဲ့မိဘတွေနဲ့အကို့ရဲ့အပါးနှစ်ယောက်ကဟိုအရင်ကတည်းကခင်မင်လာတဲ့ရင်နှီးမှု‌တွေကြောင့်ကျွန်‌တော်တို့ကိုအခုလိုနေရာချပေးပြီး‌ဆွေမျိုးဆက်ချင်‌နေကြတာဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲဒီလိုဆိုပြန်တော့လဲဘဝကရုပ်ရှင်ဆန်နေလိုက်တာနော်အကို"

"အင်းရုပ်ရှင်တွေက တစ်ကယ့်လက်တွေ့ဘဝအတွက်တော့အန်ဝင်ဂွင်ကျဖြစ်မနေဘူးမင်းရဲ့ "

အကိုက လေပူတွေကိုမှုတ်ထုတ်လိုက်ရင်း အေးစက်စက်အငွေ့အသက်တွေနှင့်ပြည့်နေသည့်လမ်း‌ပေါ်ကိုဆက်ပြီးငေးကြည့်နေပြန်သည်
မိုးရွာပြီးကာစမို့အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်လာသည့်ရာသီဥတုကြောင့်အ‌ရှေ့မှာချထားသည့်ကော်ဖီခွက်လေးအား လက်နှစ်ဖက်ဖြင့်ဖိကိုင်လိုက်ရင်း အနွေးဓာတ်ယူမိသည် လက်နှစ်ဖက်လုံးနွေးသွားပေမယ့်ရင်ထဲမှာရှိနေတဲ့နှလုံးသားကတော့ထိုသူ့ဆီမှလျစ်လျူရှုခံထားရ၍အေးစက်နေမြဲပါ အကိုဟာကိုယ့်ကိုကျောခိုင်းကာငေးမြဲငေးနေဆဲ ထို‌ကြောင့်ခပ်နွေးနွေးဖြစ်နေသည့်ကော်ဖီကိုတစ်ငုံ‌မျှအရင်သောက်လိုက်ပြီးနောက် စကားဆက်လိုက်၏

You've reached the end of published parts.

⏰ Last updated: Aug 19, 2021 ⏰

Add this story to your Library to get notified about new parts!

The Last Rain (Eden Contest)Where stories live. Discover now