အပိုင်း ၂

3.3K 367 32
                                    

Unicode

"ကိုကို ပြီးပြီလား ..."

ရိပေါ်အိမ်စာ စာအုပ်လေးကို လွယ်အိတ်ထဲ ထည့်လိုက်ပြီး ထမင်းဘူးပြင်နေတဲ့ ကိုကို့ကိုလှမ်းမေးလိုက်သည်။

"ပြီးပြီ ရိပေါ်လေး... ခဏလေးနော် ကိုကိုလိုက်ပို့မယ်"

"ကျောင်းက စာမေးပွဲကြေးပေးရတော့မယ်တဲ့ ကိုကို"

သူစကားကြားတော့ ရေပေနေတဲ့လက်ကို အဝတ်နဲ့သုတ်နေသည့် ကိုကိုဟာ မှိုင်ကျသွားသည်။ သို့သော်လည်း သူမမြင်အောင် မျက်နှာကိုပြန်ထိန်း၍ နံရံမှာချိတ်ထားတဲ့ အိတ်လေးဆီတဖြည်းဖြည်းလျှောက်ကာ ပိုက်ဆံနဲ့ အကြွေစေ့တချို့ကို ရေတွက်သည်။

"အဆင်ပြေရဲ့လားဟင် ကိုကို"

"ခဏနော် ရိပေါ်"

ကိုကိုက ပြောပြီးတာနဲ့ သူ့ဖုန်းလေးကို ထုတ်ကာ တစ်ခန်းတည်းရှိသော အခန်းလေးထဲကို ဝင်သွားပြန်၏။ ရိပေါ်ပါ တံခါးဝဆီသွားလိုက်တော့ တစ်ယောက်ယောက်ဆီ ကိုကိုဖုန်းခေါ်နေတာတွေ့လိုက်ရသည်။

"ကျွန်တော်လစာလေးကြိုထုတ်ချင်လို့ အဆင်ပြေနိုင်မလား "

တစ်ဖက်ပြောသံကို သူမကြားရသော်လည်း ကိုကို့အသံနဲ့တင် သူငိုဖို့လုံလောက်ပါသည်။ သူသာမရှိရင် ကိုကို ဒီဒုက္ခတွေကို ခံနေစရာမလို ...။

" အာ... ရပါတယ် အကိုအားနာစရာမလိုပါဘူး ... ရတယ် ကျွန်တော်လည်းဒီဘက်မှာအရမ်းခက်ခဲနေလို့ပြောကြည့်တာပါ"

တစ်ဖက်ကငြင်းလိုက်သည်နဲ့ တူသည်။ ကိုကိုဟာ သက်ပြင်းချလျက် အခန်းထဲက ပြန်ထွက်လာရင်း သူ့ကိုတွေ့တော့ လန့်သွားသည့်ပုံ...။

"ကိုကို ... "

"ညစာကို ညဘက်ကိုကိုပြန်လာမှစားလို့ရတယ်မလား ... ညနေပိုင်း ကော်ဖီဆိုင်ကပြန်လာရင် ကိုကိုဘာမှဝယ်လာနိုင်မှာမဟုတ်ဘူး... မဟုတ်ဘူး ကိုကိုပြန်မလာတော့ဘူး အလုပ်တန်းသွားတော့မယ် .. ရိပေါ်ဒီတစ်ညတော့ ညတစ်နာရီလောက်မှ စားလို့ရမလား"

ကိုကို့စကားအဆုံး ရိပေါ်ထမင်းဘူးလေးကို အိတ်ထဲက ပြန်ထုတ်ကာ နောက်ဘူးတစ်ဘူးကို ယူလိုက်သည်။ ပြီးတာနဲ့ သူ့ထမင်းဘူးလေးထဲက ထမင်းကို တစ်ဝက်ခွဲထည့်လိုက်ပြီး ဘေးအကန့်လေးမှာထည့်ထားတဲ့ ကြက်ဥပြုတ် အစိတ်လေးလေးစိတ်ထဲမှ နှစ်စိတ်ကိုပါ ခွဲထည့်လိုက်၏။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now