Part 1 ( The First Episode )

834 51 6
                                    





[Unicode]



တောင်ကိုးရီယားနိုင်ငံ၏ အကောင်းဆုံးနှင့်နာမည်အကျော်ကြားဆုံး Edoဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးရုံးခန်းမှ ထွက်ပေါ်လာသည့် ထိုအမင်္ဂလာစကားသံများ။

" မင်းအတွေးတွေဘယ်ရောက်နေတာလဲ အီဟီးဆွန်း "

" ကျွန်တော် တောင်းပန် "

" မင်းဒီလိုလက်ရည်နဲ့ ဘယ်လိုရှေ့ဆက်မလို့လဲ မင်းကြောင့်လူတစ်ယောက်လုံးသေသွားနိုင်တာ မင်းတွေးမိလား မင်းတစ်ခေါက်လည်းမဟုတ် သုံးခေါက်တောင်ရှိပြီ ငါသာရောက်မလာခဲ့ဘူးဆို မင်းဒီချိန်လူသတ်မှုနဲ့ထောင်ထဲရောက်နေပြီကွ စောက်သုံးမကျတဲ့ကောင်ရ


ငါမင်းကို ဒီနေ့ထိသင်ပေးသမျှမင်းခေါင်းထဲရောရှိရဲ့လား ငါမင်းကိုအမြဲပြောထားတယ်လေ ဆရာဝန်ဆိုတာ လူတိုင်းထက် နူးညံ့ရတယ် ညင်သာရတယ် ရဲရင့်ရတယ် လက်ရဲရတယ်လို့ ဒီလောက်သင်ပေးထားတာ မင်းဒီလောက်ပဲအဖြစ်ရှိတာလားကွ "   

တရစပ်ဆူဆဲနေသော အဖေဖြစ်သူကြောင့်ရော သူလုပ်ခဲ့မိသောအမှားကြောင့်လည်းကောင်း ဟီးဆွန်းတစ်ယောက် ဝမ်းနည်းသည့်အပြင် ဒေါသစိတ်ကပါရောယှက်လာသည် ။

" ကျွန်တော်ဘယ်တော့မှလုပ်နိုင်မှမဟုတ်ဘူး ဘယ်လိုကြိုးစား ကြိုးစား ဒီလိုပဲဖြစ်နေတာ ဟုတ်တယ်ကျွန်တော်ဒီလောက်ပဲအဖြစ်ရှိတာ ကျွန်တော်အဖေ့လို ထူးချွန်အောင်မြင်တဲ့ခွဲစိတ်ဆရာဝန်ဘယ်တော့မှမဖြစ်နိုင်ဘူး "

" မင်းကလည်းမှားသေးတယ် အသံကောင်းကဟစ်နေသေးတယ် ထွက်သွားစမ်း ငါ့ဆေးရုံကနေ မင်းလိုပျော့ညံ့နေတဲ့ကောင် ဓားတောင်ကောင်းကောင်းမကိုင်ရဲတဲ့ သူရဲဘောကြောင်တဲ့ကောင်မျိုး ငါအလိုမရှိဘူး အခုချက်ခြင်း ထွက်သွား အသုံးမကျတဲ့ကောင် မင်းစိတ်တွေမပြုပြင်မချင်း ငါ့ဆေးရုံအရိပ်တောင်နင်းဖို့စိတ်မကူးနဲ့ "

ဒုန်းးးး  အဖေဖြစ်သူ၏ နားမခံနိုင်လောက်အောင် ဆူဆဲနေမှုကြောင့် ဟီးဆွန်းတစ်ယောက် ရုံးခန်းထဲက ထွက်သွားလိုက်သည်။

ဟီးဆွန်း၏မိဘများမှာ သူငယ်ငယ်ကတည်းက အိမ်ထောင်ကွဲခဲ့ကြပြီး ဟီးဆွန်းကတော့ အဖေနဲ့လိုက်နေရသည်။ အမေကတော့ နောက်အိမ်ထောင်နှင့်။ ဟီးဆွန်းအမေက နောက်အိမ်ထောင်နှင့် ကလေးများရှိသဖြင့် သူ့ကိုတော့အမြဲလာမကြည့်တတ်ပေ။ အဖေနဲ့ငယ်ငယ်ကတည်းကနေလာသော်လည်း အမြဲနှုတ်ကြမ်းတဲ့ အဖေဖြစ်သူနဲ့အဆင်ပြေတာက ခပ်ရှားရှားဖြစ်သည်။


EVERLASTING //HEESEUNG X OCWhere stories live. Discover now