အပိုင်း - ၃

3.1K 324 32
                                    

Unicode

     ငယ်ငယ်က မေမေသင်ပေးဖူးထား၍ ရှောင်းကျန့် ချည်ထိုးတာကို အတော်အသင့်တတ်သည်။ ပိုလာသည့် ရိပေါ်ရဲ့ဆေးဖိုးအတွက် သူအပိုဝင်ငွေရှာဖို့က ဒီနည်းလမ်းသာရှိ၏။

"ကိုကို မအိပ်သေးဘူးလား"

"နိုးလာတာလား"

       မနက်ဖြန်ညနေပိုင်း အကိုယွီပင်းဆိုင်က အပြန် ညစျေးမှာ သွားရောင်းဖို့ အရုပ်ကလေးတွေ ထိုးနေတုန်း သူ့ညီငယ်က နိုးလာ၍ သူ့ပေါင်ပေါ်ခေါင်းအုံးသည်။ တစ်ပတ်နှစ်ရက်ကို သူ ညစျေးမှာ ချည်အရုပ်ရုပ် ဆယ်ရုပ်စီ ကုန်အောင်ရောင်းမှ သူ့ညီငယ်လေးအတွက် လုံလောက်မှာ ဖြစ်တာကြောင့် အရုပ်၂၀ပြည့်အောင်ထိုးနေရသည်။ တစ်ခါတစ်လေ အချိန်ပိုရင် မာဖလာလေးတွေပါ ထိုးကာရောင်းဖို့ ယူသွားလေ့ရှိသည်။

"သားကိုသင်ပေးပါလား"

"ရိပေါ်က ကျောင်းစာပဲ သင်ပါ "

"ကိုကိုပဲပင်ပန်းနေရတာ"

        ရိပေါ်လေးက သူ့ပေါင်ပေါ်ကနေ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့လျက် ခပ်တိုးတိုဆိုသည်။ အိပ်ချင်မူးတူးနဲ့ ကောင်လေးကို ကျောလေးအား ပုတ်သိပ်ပေးတော့မှ အသက်ရှူမှန်မှန်လေးဖြင့် ပြန်အိပ်မောကျသွား၏။
ရိပေါ်က ဆေးရုံဆင်းပြီးကတည်းက ကျောင်းမှာ ဘယ်သူနဲ့မှစကားမပြောဘူးလို့ ဟောက်ရွှမ်းဆီက ကြားထားသည်။
ဆင်းရဲတဲ့သူတွေကိုဆို နှိမ်ချင်တဲ့ သူတစ်ချို့ကြောင့် သူ့ညီငယ်လေးမှာ စိတ်ဒဏ်ရာတွေဖြင့်...။

"ရှောင်းကျန့် ... ငါပြန်လာပြီ"

      ဂျူတီရှိ၍ ညဉ့်နက်မှ ပြန်လာသော ကျိုးချန်က ခပ်တိုးတိုးဆိုကာ အိတ်ကိုဘေးချသည်။

"ရော့ ရှောင်းကျန့် ... ရိပေါ်ဆေးဖိုးအတွက် ငါလည်းတစ်ဝက်စိုက်ပါရစေ ... "

"မလုပ်ပါနဲ့ ကျိုးချန်ရယ်"

        ကျိုးချန်က ရိပေါ်အတွက် ကျောင်းသားတစ်ယောက်ကို ထပ်တိုးပြီး စာသင်ထားတာ သူသိပေမယ့် သူလက်မခံချင်...။

"ငါ့ညီအတွက် ငါပဲလုပ်ပါ့မယ် မင်းပင်ပန်းပါတယ် ကျိုးချန်ရယ်နော်"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now