Chapter 1 - မင်းဘာကြည့်တာလဲ

5.1K 182 13
                                    

<Unicode>

ဒီအပတ်မှာတင် ဒါဟာ သုံးကြိမ်မြောက်ပဲ တစ်ခုခုကိုစိတ်လှုပ်ရှားတာနဲ့ အဲ့ဒီအရာကရောက်လာတော့ပဲ ။ အလုပ်မသွားပဲ ဆေးရုံမှာ ဆေးပုလင်းသွားချိတ်မှာတောင် လာဆုံနေသေးသည် ။ မပြီးနိုင်တော့ဘူး !

အရှေ့ဘက်က မီးနီလေးလင်းလာတဲ့အချိန် လင်ယောင် က ကားစက်ကိုအရှိန်ကိုလျော့ချလိုက်ပြီး ဘရိတ်ကိုဖြေးဖြေးချင်းနင်းလိုက်တယ် ကားလေးကို အဖြူရောက်မျဥ်းလေးရှေ့မှာ ရပ်လိုက်သည်။ သူ့လက်ချောင်းတွေဟာလည်း ကားလက်ကိုင်ဘီးလေးကို ညင်သာစွာပုတ်ရင်း အနောက်ဘက်မှန်ထဲကနေ ကားနံပတ် 444 ဆိုတဲ့ Cherokee ဆိုတဲ့ကား ဖြည်းဖြည်းချင်းကပ်လာတာကိုကြည့်နေခဲ့တယ် အရင်နှစ်ခေါက်တုန်းကလိုပဲ အဲ့ကားဟာ သူ့ကားရဲ့ ညာဘက်မှာ ရပ်လိုက်သည်။

သုံးရက်ဆက်တိုက်ရှိနေပြီ သူနေ့တိုင်းဒီလမ်းဆုံမှာ မီးနီစောင့်နေတဲ့အချိန် ဒီ Cherokee ဟာ သူ့ကားရဲ့ ညာဘက်မှာရပ်နေတာကို တွေ့တွေ့နေရသည်။

လင်ယောင် ဟာကားအထဲကနေ ညာဘက်ကို တစ်ချက်ကြည့်လိုက်တယ် ထင်ထားတဲ့အတိုင်းပဲ ကားပြတင်းပေါက်တွေကိုပိတ်ထားတာ ဘာမှကိုမမြင်ရဘူး ယာဉ်မောင်းနေရာမှာ ထိုင်နေတာက ယောင်္ကျားလား မိန်းမလားကို သူသဲသဲကွဲကွဲမမြင်ရချေ။

ဒါပေမယ့် နံနက်‌စောစောမှာတောင် အပူချိန် 30° ဒီဂရီရှိနေတဲ့ ရာသီဥတုနဲ့ ပြတင်းပေါက်တွေပိတ်ထားပြီး အဲကွန်းဖွင့်ထားတာကလည်း ပုံမှန်ပါပဲ။ လင်ယောင် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်တော့ ကားပြတင်းပေါက်ဖွင့်ပြီး သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းနေတာ သူ့ကားတစ်စီးတည်းသာ။

သူဟာ တကယ်တော့ သဘာ၀ပတ်၀န်းကျင်ကို တက်ကြွစွာလုပ်ဆောင်နေတဲ့သူတော့မဟုတ်ပါ။ သူ့ကားဟာ 1.3 displacement သာမဟုတ်ရင် အဲကွန်းဖွင့်လိုက်တာနဲ့ accelerator သာချက်ချင်းမပျော့သွားရင်
သူလည်း ဒိီလိုနေပူကျဲကျဲမှာ ပြတင်းပေါက်ကိုဖွင့်ပြီး လေပူကိုမှုတ်ထုတ်နေမည်မဟုတ်ချေ။

တကယ်ကားစုတ်ပဲ သူ့လက်ထဲမရောက်ခင်မှာတင် 5 နှစ် 6 နှစ်လောက် မောင်းခံလာခဲ့ရတဲ့ကား ကားပြတင်းပေါက်မှာ ကပ်ထားတဲ့ fake film က ဘာလဲဆို‌တာတောင် သေချာမသိတော့ ဘာမှမကပ်ထားသလိုပင်။ နေပိုပြင်းလာတဲ့အခါ ပြတင်းပေါက်ပိတ်ထားရင်လည်း ကိုယ့်ဟာကို သဲသောင်ပြင်မှာ နေလှမ်းခံရတဲ့ ငါးလေးလိုပဲ။ အဲ့ဒါကြောင့် နေအရမ်းပြင်းလာတဲ့အခါ လိုက်ကာအဖြစ်အသုံးပြုနိုင်အောင် လမုန့်ဗူးထဲက‌နေဖြတ်ယူထားတဲ့ အစကိုလည်း ကားနောက်ခန်းထဲမှာ ပစ်တင်ထားသေး၏ ။

有种你再撞一下 「Bump again if you have the guts 」- Myanmar TranslationWhere stories live. Discover now