အပိုင်း ၄

2.8K 315 49
                                    

Unicode

     အကိုယန်က ဆေးရုံအခန်းကောင်းကောင်းကို စီစဉ်ပေးထား၍ ရိပေါ်လေးအတွက် တော်တော်အဆင်ပြေသည်ဟု ဆိုရမည်။
ရိပေါ်ခွဲစိတ်ပြီးကတည်းက အကိုယန်ပိုင်တဲ့ ဆေးရုံကို ပြောင်းကာ ဆရာဝန်ကြီးတွေနဲ့ ဆက်ပြီး ကုစေ၏။

"ဦးလေးယန်ရောလာစားပါလား"

       ရိပေါ်က ဆန်ပြုတ်ပူပူလေးကို စားနေရင်းမှ အကိုယန်ကို လှမ်းခေါ်လေတော့ အကိုယန်ဟာ ပြုံးလျက် ခေါင်းခါသည်။

"ရိပေါ်လေးပဲ ကောင်းကောင်းစားပါ"

"ကျေးဇူးတင်ပါတယ် ဦးလေးယန် ... သားကို ကူညီပေးလို့"

"ရပါတယ်ဗျာ ... ရိပေါ်လေးကို ဦးကချစ်လို့လုပ်ပေးတာ ဟုတ်ပြီလား"

       အကိုယန့် စကားကို ရှောင်းကျန့်သိပ်ပြီး မနှစ်မြို့ ...။ အကိုယန် ရိပေါ်ကို ချစ်စရာအကြောင်းမှ မရှိဘဲ ... ။

"ကိုကို ဘာစားပြီးပြီလဲဟင်"

"ကိုကိုဖက်ထုပ်စားထားတယ် ... "

        ခွဲစိတ်ပြီး နှစ်ရက်လောက်အထိ အောက်ဆီဂျင်မပြတ်ပေးထားရသည့် ကောင်လေးက ဒီနေ့တော့ အနည်းငယ် လန်းနေသလို ...။ အကိုယန်အပ်ပေးထားတဲ့ ဆရာဝန်ကြီးတွေရဲ့ ကျေးဇူးကြောင့်လည်း ပါမည်။

"ကျောင်းစာတွေအများကြီး လွတ်ကုန်ပြီ"

"ဘာဖြစ်လဲ ရိပေါ်လေးကျန်းမာရေးကောင်းဖို့အ​ရေးကြီးတာကို"

"စာတွေလွတ်သွားရင် စာမေးပွဲမဖြေနိုင်ဘူးလေ ... စာမေးပွဲမဖြေနိုင်ရင် ကိုကို့ကို မလုပ်ကျွေးနိုင်တော့ဘူး "

       ပြောနေရင်း ဆန်ပြုတ်တိုက်နေသည့်သူ့ရင်ဘတ်ပေါ် ခေါင်းဆောင်းချတာကြောင့် သူဆန်ပြုတ်ပန်းကန်ကို ဘေးချကာ ရိပေါ်ပုခုံးလေးကို ထိန်းဖက်ထားပေးမိသည်။

"ကိုကိုစောင့်မှာပေါ့ ရိပေါ်ရ ... ရိပေါ်လေး ကျန်းမာရေးက အရေးကြီးဆုံး "

"ကိုကိုပင်ပန်းတာကို မကြည့်ရက်တော့ဘူး မြန်မြန်ကျောင်းပြီးချင်တာ ကျောင်းမပြီးဘဲ သားသေရမှာတော့မဟုတ်ပါဘူးနော်"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now