အပိုင်း ၅

2.8K 305 39
                                    

Unicode

     ရှောင်းကျန့် အကိုယန်နဲ့ လက်ထပ်ပြီးတာ သုံးလရှိခဲ့ပြီ ။ လက်ထပ်တဲ့ အချိန်ကနေ အခုထိ သူ့အား မကြည်သည့်လူတော်တော််များများ ရှိပေမယ့် သူဂရုမစိုက်ဖြစ် ...။ အကိုယန်ရဲ့ နှစ်လတာ သင်ကြားမှုအောက်မှာသာ စိတ်နှစ်ခဲ့၍ လုပ်ငန်းပိုင်းရေးရာမှာတော့ သူတော်တော်လေး တက်မြောက်လာခဲ့သည်။

"ရှောင်းကျန့် နောက်အပတ် ကိုယ့်သားရဲ့ ညစာစားပွဲရှိတယ်... ကိုယ်နဲ့ အတူတူလိုက်တက်မလား ... "

"အကို့သားကို ကျွန်တော်မှမသိတာ ... ပြီးတော့မလိုက်တော့ပါဘူး ကျွန်တော့်ကို အမြင်ကြည်တာမှမဟုတ်ဘဲ"

       လက်ထပ်ပြီးသည့်နောက် အကိုယန်နဲ့ သူဟာ အလုပ်ကိစ္စနဲ့ အကိုယန့် ချစ်သူအကြောင်းထက် ပိုမပြောသလို ညီအစ်ကိုတွေလိုသာ နေခဲ့သည်။ အကိုယန်ချစ်တဲ့ အမျိုးသမီးအကြောင်း နားထောင်တိုင်း သူကတော့ သူချစ်ရတဲ့ ညီငယ်လေးကိုသာ သတိရ၏။

"ကျွတ် ..... "

"အဆင်ပြေရဲ့လားအကို ... "

"ရတယ် နေနေ .... "

       အကိုယန်ရဲ့ရောဂါက တစ်နေ့တစ်ခြား ပိုဆိုးလာတာကို ကြည့်ရင်း ရှောင်းကျန့် စိတ််မကောင်း ....။ အကိုယန်က သူ့သားလေးကို စိတ်မချဘူးလို့ ပြောနေသော်လည်း သူ့သားကတော့ လက်ထက်ပွဲကိုတောင် မတက်ခဲ့...။
ရှောင်းကျန့်ကိုလည်း အကိုယန်တို့ တစ်မျိုးလုံးအပြင် အလုပ်ကလူတွေကပါ ရှုံ့ချကြပေမယ့် သူ့အရည်အချင်းကိုတော့ ငြင်းမရတာကြောင့်ရော အကိုယန်ရဲ့ မျက်နှာကြောင့်ပါ အလုပ်က လူတွေက ဘာမှမပြောရဲကြ...။
အကိုယန့် အမေနဲ့ အမကတော့ အကိုယန််မရှိသည့် အချိန်တိုင်းတွင် သူ့ကို အိမ်တိုင်ရာရောက် လာစော်ကားတတ်ကြသည်။

"ဘာတွေတွေးနေတာလဲ ရှောင်းကျန့်ရ"

"အလုပ်အကြောင်းပါ အကို"

"ကောင်းတယ် ရှောင်းကျန့် အလုပ်အကြောင်းကိုပဲ စိတ်ဝင်စားနော် ကိုယ်မရှိတော့တဲ့အခါ မင်းပဲဦးစီးရမှာ"

      ရှောင်းကျန့် ပြုံးပြလိုက်သော်လည်း သူဒါတွေကို ဆက်ဦးစီးမှာ မဟုတ်....။ အကိုယန််မရှိတော့ရင် ရိပေါ်လေးဆီ ပြန်သွားဖို့သာ တွေးထားခဲ့သည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now