~1~

1K 56 10
                                    

ကလင်~ကလင်~ကလင်
နှိုးစက်သံကိုပိတ်လိုက်ပြီး ဆောနူးတယောက် ပျော်ရွှင်စွာတက်ကြွစွာနိုးထလာခဲ့တယ် အရင်လိုဆို သူနိုးစက်ပိတ်ပြီး ပြန်အိပ်မှာပေမဲ့ ဒီနေ့တော့ ထူးဆန်းစွာဘဲ ကျောင်းအရမ်းသွားချင်နေခဲ့တယ်
ဘာလိုလဲမမေးနဲ့ အီဟီဆွန်းဆိုတဲ့ လူကြီးကြောင့်ပေ့ါ

အရင်ကစီနီယာ အီဟီဆွန်းကို နာမည်ဘဲ ကြားဖူးခဲ့ပေမယ့် တခါမှ မတွေ့ဖူးခဲ့ နာမည်က မကြားဖူးနေစရာမရှိ တကျောင်းလုံးက မိန်းကလေးတွေရဲ့ အသည်းစွဲ King၊သူ့သူငယ်ချင်းနှစ်ယောက်ကလည်း ကျောင်းရဲ့ prince ပတ်ဆောင်းဟွန်းနဲ့ bad boy type နဲ့ နာမည်ကြီးတဲ့ ပတ်ဂျုံဆောင်း
သူတို့သုံးယောက်ကို တကျောင်းကိုမှာ မသိတဲ့သူဆိုတာမရှိ
ကျွန်တော်ကတော့ စိတ်မဝင်စားပေမဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးကစီနီယာဂျုံဆောင်းနဲ့တွဲနေတော့
မသိချင်ဘဲသိနေရတာပေါ့
စီနီယာဟီဆွန်းက အရမ်းအေးပြီး သူ့သူငယ်ချင်းနှစ်ယောက်ကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောတဲ့ စာဂျပိုးအချေလေးပေါ့
စီနီယာဆောင်းဟွန်းကတော့ အကုန်လုံးကိုဖော်ဖော်ရွေရွေဆက်ဆံပြီး ခင်ဖို့ကောင်းပေမဲ့ မိန်းကလေးရှုပ်တယ်တဲ့

စီနီယာဂျုံဆောင်းကတော့ ရန်ဖြစ်ဖို့နဲ့ဂျောင်ဝန်းကလွဲပြီး ဘာမှမသိတဲ့သူ
Type ချင်းမတူတဲ့ သုံးယောက် ဘယ်လိုပေါင်းဖြစ်သွားလဲ မသိပေမဲ့ သူတို့သုံးယောက်ကြားထဲ ဝင်နှောင့်ယှက်တဲ့လူကတော့ သွားပြီသာမှတ်လိုက်တော့ သူတို့သုံးယောက်အတွက် အခင်ဆုံးသူငယ်ချင်းဆိုတာ သူတို့ဘဲရှိတယ်လို့ မှတ်ယူထားတာ

လွန်ခဲ့တော့ သုံးရက်က

"ငါကန်တင်းသွားမလို့လိုက်ဦးမလား"

"မင်းလူကြီးနဲ့သွားတွေ့မလို့မလား"

"သိရဲ့သားနဲ့ လိုက်ခဲ့ပါနော်"

"အေး" မချွဲတတ်ဘဲချွဲမနေနဲ့ လိုက်ခဲ့မယ် လိုက်ခဲ့မယ်"
ကန်တင်းရောက်တော့ ဂျောင်ဝန်းရဲ့ လူကြီးအပြင် သူ့သူငယ်ချင်းနှစ်ယောက်ပါတွေ့လိုက်တယ်
စီနီယာဆောင်းဟွန်းကိုတော့ မြင်ဖူးပေမဲ့ စီနီယာဟီဆွန်းကိုတော့ တခါမှ မမြင်ဖူးဘူး စီနီယာကနောက်ကျောပေးထားတော့ မမြင်ရပေမဲ့ ဂျောင်ဝန်းရဲ့လူကြီးက လက်လှမ်းပြလိုက်တော့ အနောက်ကိုလှည့်ကြည့်လိုက်တဲ့ စီနီယာကိုမြင်လိုက်တဲ့ချိန်မှာ ဝဲဘက်ရင်အုံက နှလုံးခုန်တာမြန်လာတယ်
သမင်လေးလို ဝိုင်းစက်နေတဲ့ မျက်ဝန်းလေးတွေ ဖြောင်စ့င်းနေတဲ့ နှာတံလေး နှင်းဆီဖူးလေးလို ပန်းဆီရောင်သန်းနေပြီး မထူမပါးနှုတ်ခမ်းလေးတွေနဲ့ အချိုးကျစွာ လှပနေတဲ့ မျက်နှာလေးကို
မြင်လိုက်တဲ့ချိန်မှာ ရင်ထဲက နှလုံးက တဒုတ်ဒုတ်နဲ့ခုန်လာတာ ဘေးကလူကြားသွားမှာတောင် စိုးရိမ်ရတယ်
ရင်ခုန်တာကိုသာအချစ်လို့ သတ်မှတ်ရင် သေချာတယ် ကျွန်တော့် အကို့ကိုချစ်မိနေပြီ အီဟီဆွန်းရေ
အချစ်ဆိုတာ ဘာမှန်းမသိဘဲ စားလိုက်အိပ်လိုက်စာလုပ်လိုက် လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ကျွန်တော်က စီနီယာကိုတော့ မြင်မြင်ချင်းချစ်မိသွားခဲ့တာဘဲ~~~
စောင့်ကြည့်နေပါ အနေအေးပြီး ချေလွန်းတဲ့ စာဂျပိုးလေး အကိုရဲ့အချစ်ကို ကျွန်တော် ဘယ်လိုရအောင်ယူမလဲဆိုတာ...........

This is the first time I've written a fanfic
I know I still have a lot of need but I will do my best
So plz read on to my fic
Thanks and love u so much guyss💗

-Ria💙

"уσυ ωιℓℓ вє мιηє"(HIATUS)Where stories live. Discover now