အပိုင်း -1💦

936 44 3
                                    

#Uni

ခင်ဗျားတို့သိလား...မိုးရွာတယ်ဆိုတာ မိုးနတ်မင်းကြီးက ငိုကြွေးနေတာကြောင့်တဲ့ မိုးရေစက်လေးတွေကလဲ နတ်မင်းကြီးရဲ့မျက်ရည်တွေလို့ပြောကြတာပဲဗျ

မိုးရာသီနဲ့ပတ်သက်ပြီး အချစ်သီချင်းတွေ အလွမ်းသီချင်းတွေ ကလေးသီချင်းတွေ...ပုံပြင်တွေ ဇာတ်လမ်းတွေအများကြီးရှိခဲ့တာပေါ့

လူတိုင်းကမိုးရာသီကိုအစပြုပြီး ဇာတ်လမ်းလေးတွေရှိခဲ့ကြတယ် အဲ့လိုပဲ အမှတ်တရတွေကိုလဲဖန်တီးကြတယ်...ရှိတာပေါ့...ကျွန်တော်မှာလဲ မိုးရာသီနဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်တော့ရှိတာပေါ့ဗျာ

ဒါပေမဲ့ အဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းခန်းဘယ်လို​​ဖြစ်မလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင်ဝေခွဲမရဖြစ်​နေတာကြောင့် ခင်ဗျားတို့လဲ သေသေချာချာနားထောင်ပေးစေချင်တယ်

ဇာတ်လမ်းစပြောဖို့အချိန်ရောက်ပြီ...ကျွန်တော်နဲ့အတူ ကျွန်တော်ရဲ့မိုးရာသီဇာတ်လမ်းလေးထဲဝင်ကြည့်ရအောင်နော်...

"နင်ရူးနေပြီ လေနှင်ရာ...နင်ကိုငါ့မောင်က စိတ်ဝင်စားဖို့မပြောနဲ့ နင့်ဆိုခါးခါးသီးသီးဖြစ်နေတာ နင်မသိဘူးလား..''

"နင်ငါ့ကိုအဲ့တာပြောမလို့လာတာလား...ငုဝါချို ''

"လေနှင်ရာ နင်နဲ့ငါအရင်က ငယ်သံယောဇဥ်ကိုထောက်ထားပြီး ဒီတစ်ခါသတိလာပေးရုံနော် ဟဲ့...နင်ခုချိန်နောက်ပြန်လှည့်လို့ရသေးတယ် နော် ''

ဧည့်ခန်းကခုံမှာတောင် မထိုင်နိုင်ဘဲ ထိုင်နေတဲ့ကိုယ့်ကို သတ်တော့မဲ့အတိုင်းပြောနေတဲ့သူငယ်ချင်းမကအရင်က ကိုယ်နဲ့သိပ်ခင်ခဲ့တာပါ..ဒါပေမဲ့ခုတော့

"ပြန်တော့...''

"လေနှင်ရာ.......''

"ငါ့နာမည်လေနှင်ရာ ဟုတ်တယ်...နင်နဲ့ငါကအရင်ကသိပ်ခင်ခဲ့တဲ့သူငယ်ချင်းတွေ အဲ့တာလဲမှန်တယ်....''

"....''

"နောက်တစ်ခုရှိသေးတယ် ငါကလဲ တေးသံသာဆိုတဲ့နင့်မောင်ကိုသိပ်ချစ်တယ် သူပြန်မချစ်လာလဲ ငါကချစ်နေရရင် ငါကျေနပ်တယ်..''

မိုးစက်များနဲ့အတူ မျက်ရည်စများ(completed )Where stories live. Discover now