အပိုင်း ၇

2.3K 275 59
                                    

Unicode

     ဒီနေ့ရှောင်းကျန့်တစ်ယောက် မနက်စောစောနိုးနေခဲ့သည်။ ခြံဝင်းထဲက သူ့ဆီ တိုက်ခက်လာတဲ့ မနက်ခင်းရဲ့လေထုကတော့ အေးစိမ့်စိမ့် ...။ ဟိုးအရင်အချိန်တွေမှာဆို သူဒီအချိန် နွားနို့ပို့ရာမှ ပြန်လာပြီး သူ့ညီငယ်လေး ထမင်းဘူးအတွက် ပြင်ဆင်နေသည့် အချိန်ဖြစ်သည်။

"ရိထန် သွားပြီလား "

"သွားပြီရှောင်းကျန့်"

        ခြံထဲမှာ လေ့ကျင့်ခန်းခဏလုပ်ကာ အိမ်ထဲ ပြန်ဝင်လာရင်း ကျိုးချန်ကို မေးလိုက်သည်။ ကျိုးချန်ဆီက အဖြေရပြီးနဲ့ ရှောင်းကျန့် မီးဖိုခန်းထဲဝင်ရ၏။ ဒီနေ့ သူ့ရဲ့ ရိပေါ်လေး ပြန်လာမယ့်နေ့ ....။
ဟိုကိုရောက်ပြီး ခြောက်လအထိ ကျိုးချန်က သေချာလေးကြီးကြပ်ပေးခဲ့ပေမယ့် ခြောက်လပြည့်တဲ့ အချိန်မှာတော့ တစ်ယောက်တည်း နေနိုင်သည် ဆိုသည့်ကောင်လေးဟာ ကျိုးချန်ရော ရိထန်ကိုပါ ဒီကို ပြန်လွှတ်ခဲ့သည်။ ဟိုမှာလည်း ရိပေါ်လေးကို ချစ်တဲ့ မိသားစု တစ်စုက စောင့်ရှောက်ပေးတယ် ဆိုတာသိရ၍ ရှောင်းကျန့် ရိထန်ကိုပြန်သွားဖို့မပြောခဲ့...။
ရိထန်နဲ့ ကျိုးချန်ရှိစဉ်က ဓာတ်ပုံတွေထဲ အမြဲတွေ့နေခဲ့ရသည့် ရိပေါ်လေးကို နှစ်နှစ်ကျော်လောက် ထပ်မတွေ့ခဲ့ရတော့သည်ကလွဲပြီး အရာရာဟာ နေသားတကျပင်....။
ဒီကြားထဲ အကိုယန့်အမေလည်း ဆုံးသွားသဖြင့် အကိုယန့်အမမှာလည်း သူ့ကို အန္တရာယ်ပေးနိုင်စွမ်း ကင်းမဲ့နေသည် ...။ သူ့ညီလေးမှန်း လူသိခံလို့ မဖြစ်သေးပေမယ့် ရိပေါ်လေးပြန်လာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်အတူတူတော့နေနိုင်ပါလိမ့်မည်။

"ဘာတွေချက်နေတာလဲ"

"ရိပေါ်က ငါချက်တဲ့ ပဲပြားဟင်းရည်ကြိုက်တယ်မလား ဒါကြောင့် ချက်နေတာ ... ဒီနေ့တော့ ငါကိုယ်တိုင်ချက်မယ်"

"ပြီးတာပဲ ငါသက်သာတာပေါ့"

        ကျိုးချန်မရှိတဲ့ ခြောက်လမှာ အပြင်ကနေ မှာစားနေရတဲ့ သူက ကျိုးချန်ပြန်ရောက်တဲ့အခါမှ အိမ်မှာ ချက်တာ စားရတော့သည် ။ အကို ယွီချန်ကတော့ အိမ်အကူတွေ ခေါ်ဖို့ပြောပေမယ့် ကျိုးချန်ကလည်း မခေါ်ခိုင်းသလို သူကလည်းမခေါ်ချင် ...။ အောက်ခြေဘဝက တက်လာခဲ့သူတွေမို့လို့ ဘယ်လောက်အလုပ်များများ ကိုယ့်အဝတ်ကိုယ်လျှော်တာလောက်ကတော့ လုပ်နိုင်သည်။ တစ်ခါတစ်လေ ကျိုးချန်က သူ့အဝတ်တွေကို စက်ထဲ ထည့်လျှော်ပေးတတ်တာကြောင့် သူအားနာကြောင်း ပြောတဲ့ အခါ ကျိုးချန်ရဲ့ အားနေလို့ ဆိုသည့် စကားတစ်ခွန်းနဲ့ အမြဲ အဆုံးသတ်တတ်၏။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now