အပိုင်း ၉

2.1K 262 44
                                    

Unicode

      မနက်စာဝိုင်းမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ဖက်ထုတ်ပြုတ်ကို စားနေသည့်ရိပေါ်အား သူမသိမသာ လှမ်းကြည့်လိုက်သည်။ နေမကောင်းလို့ ကျောင်းနှစ်ရက်လောက် နားလိုက်ရပေမယ့် ဟောက်ရွှမ်းနဲ့ ကိစ္စကိုတော့ မေ့ထားသည့်ပုံ...။

"ဆေးသောက်ပြီးမှသွား ရိပေါ်"

"ဟုတ်ကဲ့ "

       ပါးလေးတွေဖောင်းတဲ့အထိ ဖက်ထုတ်ကို ဝါးနေရင်း ကျိုးချန်ကို လှမ်းပြောသည့်ကလေးငယ်ဟာ အရင်အချိန်ကအတိုင်း...။
ကလေးငယ်က သူ့အား အရွဲ့တိုက်ချင်စိတ်လေးပိုလာတာကလွဲရင် ဘာမှမပြောင်းလဲ ...။ ဟိုနေ့ညက ကိစ္စကိုလည်း အခုထိ မမှတ်မိသေးတာကြောင့် သူ့မှာ စိတ်အေးနေရသေးသည်။

"နေကသေချာကောင်းပြီလား"

"ခင်ဗျားကြည့်နေတာပဲ မမြင်ဘူးလား "

"ကိုကို့ရဲ့ရိပေါ်လေးကိုတော့ မြင်တာပေါ့ ... ရိပေါ်လေးက ကိုယ်ပူလည်း အစမ်းမှမခံတာ ... နေကောင်းမကောင်းတော့ ကိုကိုက ဘယ်သိပါ့မလဲ"

      ရိပေါ်က ဘာမှဆက်မပြောဘဲ ပါးစပ်ကို အဝတ်လေးနဲ့ သုတ်ကာ ထထွက်သွားသည်။ သူကတော့ စားပွဲပေါ်က ထမင်းဘူးလေးကို ယူပြီး ရိပေါ်အနောက်လိုက်ပေးရသေး၏။ နေမကောင်းတဲ့ အချိန်မှာတော့ ရိပေါ်လေးကို အပြင်စာမစားစေချင် ...။

"ရိပေါ် ... ကိုကိုလုပ်ပေးထားတာလေးယူသွား ... မင်းကြိုက်တဲ့ အသားလေးကိုကြော်ပေးထားတယ်"

"မယူဘူး ... ကိုယ့်ဘာသာစားလိုက်"

"ရိပေါ်လေးကလည်း .... ကိုကိုရဲ့ရိပေါ်လေးကို အပြင်စာမစားစေချင်လို့ပါ ... ကိုကိုမနက်စောစောကတည်းက ထလုပ်ထားရတာ"

"ဘယ်သူကလုပ်ခိုင်းလို့လဲ ကျွန်တော်ကလုပ်ခိုင်းနေလို့လား"

     သူခေါင်းသာခါရင်း ရိပေါ်လက်ကို အတင်းဆုပ်ကိုင်လျက် ထမင်းဘူးလေးကို ထည့်ပေးတော့ ကလေးငယ်က သူ့အား မျက်မှောင်ကြုံ့ကြည့်လာခဲ့သည်...။ ရိပေါ်ရဲ့ အကြည့်တွေထဲ အလိုမကျခြင်း များစွာ ...။

"မယူသွားဘူးလို့ပြောနေတယ်လေ ခင်ဗျားဘာဖြစ်ချင်နေတာလဲ"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now