အပိုင်း ၁၀

2.6K 276 61
                                    

Unicode

       ကျိုးချန် ဆေးထည့်ပေးထားသည့် ဒဏ်ရာကို လက်နဲ့ အသာထိတွေ့ရင်း ရှောင်းကျန့် သက်ပြင်းချမိသည်။ ရိပေါ်က ဟောက်ရွှမ်းကို ကာကွယ်ပေးချင်၍ သူ့ကို မရည်ရွယ်ပဲ လုပ်မိမှန်းလည်း သူသိ၏။
သွေးသားရင်းချာဖြစ်ကြောင်း မသိသေးသော်လည်း သွေးကစကားပြောခြင်းဟုသာ ဆိုနိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် သူဟာ ရိပေါ်လေးအတွက်တော့ သူစိမ်းတစ်ယောက် ...။ ဟောက်ရွှမ်းနဲ့ ယှဉ်လာခဲ့ရင် သူက အမြဲနောက်မှာပဲ ရှိသည်။ ထိုအတွေးတွေမှ တဆင့် အကိုယန့်အကြောင်း စဉ်းစားမိတဲ့အခါ ရှောင်းကျန့် ထိတ်လန့်လာရပြန်၏။
အကိုဖြစ်တဲ့ ဟောက်ရွှမ်းကိုတောင် ကာကွယ်ပေးနေသည့် ကလေးငယ်ဟာ အဖေအရင်းဖြစ်တဲ့ အကိုယန်သေခဲ့ရသည့် အကြောင်းအရင်းများ သိသွားခဲ့ရင် ရှောင်းကျန့်ကို ဘယ်လောက်မုန်းတီးလိုက်လေမလဲ...။

"သူဌေးလျိုကို ဖုန်းဆက်လိုက်ပါလား ဒဏ်ရာနဲ့ကို မသွားနဲ့တော့လေ"

"မရဘူး ... သူဌေးလျိုကလည်း ချိန်းထားတာကြာပြီလေ"

"အဲ့လူက မင်းကို ကြိုက်နေတာတော့မဟုတ်ပါဘူးနော် မင်းကို အမြဲကာကွယ်ပေးနေတာ ... ဟိုနေ့က မိုးရေထဲကရိပေါ်နဲ့ မင်းသတင်းတက်လာတုန်းကလည်း မင်းမဟုတ်ပါဘူး မင်းကသူနဲ့ရှိနေပါတယ်ဆိုပြီး ကာပေးသေးတယ်လေ"

      သူအဝတ်လဲနေရင်းမှ ကျိုးချန်စကားကြောင့် ရယ်လိုက်သည်။ ကျိုးချန်ပြောတာမဖြစ်နိုင်မှန်းလည်း သူသိသလို သူဌေးလျိုက သူ့အပေါ်ညီလေးတစ်ယောက်ထက်မပိုမှန်းလည်း သူသိပါသည်။ သူဌေးလျိုဟာ ရှောင်းကျန့်ကို ကူညီပေးနေခြင်းထက် အကိုယန်ရဲ့ လုပ်ငန်းကြီး မပြိုလဲစေဖို့ ကြိုးစားပေးနေခြင်းသာ ...။

"ရိပေါ်ရော"

"ထွက်သွားပြီ ... ဒီကလေးတအားပြောင်းလဲသွားတယ် ရှောင်းကျန့် ... အင်း ... မင်းအပေါ်မှာပြောင်းလဲသွားတာ ဆိုပါတော့ ... ငါ့ကိုတော့ စောစောပြန်လာမယ်ဆိုပြီး ပြောသွားတယ်"

"ငါကမှားတာပါ"

       ရှောင်းကျန့် အင်္ကျီလက်က ကြယ်သီးကို တပ်ရင်းပြောတော့ ကျိုးချန်က ခေါင်းခါသည်။ ရိပေါ်ဆိုးရတဲ့ တရားခံက သူကလွဲလို့ ဘာရှိဦးမှာတဲ့လဲ ...။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now