He is mine(Unicode)

1.3K 86 5
                                    

AN: “ ” ကစကားပြောနေတာပါ
( ) က Jian Guo ပြောတာပါ
# နဲ့ကအသံတွေပါ

---------------------------------

Zhan တိုက်ခန်းတွင်

“ငါ့အပိုင်”

“meow”(ငါ့အပိုင်)

“ငါ့အပိုင်”

“meow”(ငါ့အပိုင်)

“သူကငါ့အပိုင်လို့ပြောနေတယ်လေ”

Yibo သူ့ရှေ့ကရိုင်းစိုင်းပြီးရက်စက်တဲ့သတ္တဝါကိုစိုက်ကြည့်နေတယ်

“hissss”(သူကငါ့သခင်)
ကြောင်ကသူမရှေ့ကကောက်ကျစ်ပြီးရက်စက်ကြမ်းကြုတ်တဲ့လူကိုကြည့်ပြီးမာန်ဖီတယ်

#ကလစ်#

တံခါးဖွင့်သံကြားတာနဲ့သူတို့နှစ်ယောက်လုံးတံခါးရှိရာဆီအကြည့်ရောက်သွားပြီးပြေးတော့တယ် ဘယ်သူအရင်ရောက်မလဲဆိုတဲ့ပြိုင်ပွဲကြီးစတင်ပါပြီ သူတို့နှစ်ယောက်ရောက်တော့ Xiao Zhan ကဖိနပ်ချွတ်နေပြီ သူတို့လည်းတံခါးနဲ့နည်းနည်းအကွာမှာရပ်လိုက်ကြတယ်

“ကြိုဆိုပါတယ် Zhan ge”

“meow meow”(ကြိုဆိုပါတယ်သခင်)

Xiao Zhan ဖိနပ်ချွတ်ပြီးတော့ သူတို့ကိုပြုံးပြတယ် Yibo သူ့ Zhan ge ဆီမသွားခင် Jian Guo ကသူ့သခင်ဆီပြေးသွားပြီးခုန်ပေါက်နေတယ် Zhan Jian Guo ကိုလက်ဖွင့်ကြိုဆိုပြီးဖက်လိုက်တယ်

Yibo ထိုဖြစ်စဥ်အစအဆုံးကိုကသိကအောက်ဖြစ်စွာနဲ့ပဲကြည့်နေတယ် Xiao Zhan ကားသော့ကိုကားသော့ထည့်တဲ့ခွက်နဲ့ထည့်နေတုန်း Jian Guo က Yibo ကို smirkအပြုံးကြီးနဲ့လှောင်လိုက်တယ်

ကားသော့ထားပြီးတော့ Zhan သူ့ထက်ခြောက်နှစ်ငယ်တဲ့သူ့ကောင်လေးဆီသွားလိုက်တယ် လက်တစ်ဖက်က Jian Guo ကိုချီထားပြီး ကျန်လက်တစ်ဖက်က Yibo ရဲ့ပါးလေးကိုကိုင်ပြီးနှုတ်ခမ်းချင်းထိကပ်လိုက်တယ် သူတို့နူးညံ့ညင်သာတဲ့အနမ်းတစ်ခုကိုအချိန်တစ်ခဏစာပုံဖော်ကြတယ်

Xiao Zhan နမ်းနေရာခွာလိုက်ပြီးတော့ Yibo ပါးလေးကိုဖွဖွလေးပုတ်လျက် ပြုံးပြီး...
“geအိမ်ပြန်ရောက်ပြီ ခွေးပေါက်လေး”

“geအိမ်ပြန်ရောက်ပြီ ခွေးပေါက်လေး”

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.
HE IS MINE (Translation) (One short) (Completed)Waar verhalen tot leven komen. Ontdek het nu