အပိုင်း ၁၁

2.3K 269 24
                                    

Unicode

      ကုမ္ပဏီဘေးက ကွန်ဒိုဆီကို တရွေ့ရွေ့လျှောက်သွားနေသည့် ကျောပြင်လေးအား ရှောင်းကျန့် အဝေးကငေးကြည့်နေလိုက်သည်။ တစ်ပတ်အတွင်းချောင်ကျသွားတဲ့ မျက်နှာလေးက ရိပေါ်လေး ဘယ်လောက် ပင်ပန်းနေလဲဆိုတာ သိသာ၏ ။
အရင်လိုဘေးမှာမရှိနိုင်တဲ့အတွက် အစားဂရုစိုက် ကျွေးပေးလို့်မရသလို ကုမ္ပဏီမှာလည်း မသိခဲ့တဲ့ လူတွေလိုသာ ဆက်ဆံနေရ၍ အစားသေချာစားဖို့လည်း မပြောနိုင် ...။

"ဟယ်လို .. ရိထန် ... ငါရိပေါ်ကြိုက်တဲ့ မုန့်တွေပို့ခိုင်းထားတယ် မင်းဆင်းယူလိုက်နော် ... ပြီးရင် ငါပို့တယ်မပြောနဲ့ ... "

"ဟုတ်ကဲ့ "

        အနီးလေးရောက်နေပေမယ့် သွားတွေ့လို့မရတဲ့ ခံစားချက်ကြီးက ဆိုးလှသည်။ ဒီနေ့လည်း ချီရင်ကြောင့် ရိပေါ်နဲ့ ပြဿနာတွေဖြစ်ခဲ့ရပြီး ရိပေါ်ဟာ ချီရင်နဲ့ သူ့ကို အထင်လွဲနေသလို ...။
ကလေးငယ်ရဲ့ စကားလုံးတွေဟာလည်း သူ့ရင်ကို လာလာစိုက်တဲ့ မြှားတွေနဲ့တူသည်။
Training စဆင်းကတည်းက ရိပေါ်ကို မင်းသားတစ်ချို့နေသည့် ကွန်ဒိုမှာ တိုက်ခန်းတစ်ခန်းပေးထားခဲ့၏ ။ ထိုအရာလည်း သူဌေးလျိုရဲ့အကြံပင် ...။ တခြား Trainee တွေနဲ့ အတူမထားချင်ဘူး ဆိုကာ ရိပေါ်ကို သီးသန့်ထားပေးခဲ့ရသည် ။ ရိပေါ်တစ်ယောက်တည်းလည်း မဖြစ်တာကြောင့် သူကပဲ ရိထန်ကို ရိပေါ်ဘေးထားကာ ရိပေါ်ကို ဂရုစိုက်စေသည်။

"ရိပေါ်ကတော်ပါတယ် ... တစ်ပတ်အတွင်းတောင်အများကြီးတိုးတက်လာတာ"

"ချီရင်နဲ့ နီးနီးကပ်ကပ်မနေစေချင်ဘူး"

        ရှောင်းကျန့် ကုမ္ပဏီထဲပြန်ဝင်ခဲ့ပြီး အကိုယွီချန်းနဲ့စကားပြောနေမိ၏ ... ။ အကိုယွီချန်ကတော့ အကုန်သိထားသူဖြစ်၍ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ်ပြောလို့ရသူဖြစ်သည်။

"သူဌေးလျိုကလည်း ချီရင့်ကိုပဲ သင်စေချင်နေတာ ... ဒါလည်းဟုတ်ပါတယ် ... အခုချိန်မှာ ချီရင်လောက် အကတော်တဲ့ သူမှမရှိဘဲ"

"ချီရင်က သူ့နေရာကို လုယူဖို့ကြိုးစားတဲ့ သူတွေဆို ကျွန်တော်နဲ့ နာမည်ထွက်အောင်လုပ်ပြီး နာမည်ကျအောင်လုပ်ပစ်တာလေ ... ကျန်တဲ့သူတွေကရပေမယ့် ရိပေါ်ကတော့ မရဘူး"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now