Psycho - 1

350 18 0
                                    

Psycho🖤🖤🖤
(အပိုင်း ၁)

''ကိုကို ခုတော့ ဘာတတ်နိုင်သေးလဲ။
ကိုကို့ကို ကျနော်ပြောတယ်လေ။
ကျနော့ဘေးနားကနေ ထွက်သွားဖို့မကြိုးစားပါနဲ့လို့။
ခုလည်း ကိုကိုထွက်ပြေးလေ။
ပြေးလေ ကိုကို ပြေးလို့ရရင်ပြေးစမ်းပါ။''

ပါးစပ်ကနေသာ ရှောင်းကျန့်ပြေးဖို့ အော်နေသော ဝမ်ရိပေါ်။ တကယ်လက်တွေ့တွင်တော့ ရှောင်းကျန့်မပြေးနိုင်အောင် ကြိုးများတုပ်ထားလေသည်။ ဝမ်ရိပေါ်တယောက်ထဲ အသံကုန် အော်ဟစ်နေသော်လည်း ဘေးနားက ခုံလေးပေါ်တွင် ကြိုးချည်ခံထားရသော ရှောင်းကျန့်ကား တုပ်တုပ်မျှ မလှုပ်နိုင်။ ရှောင်းကျန့်တယောက် ထာဝရအတွက် မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်နေရှာသည်။

''ကိုကို ကိုကို ကိုကို
သြော် ကိုကို အိပ်ပျော်နေတာလား  အိပ် ကိုကို အိပ်
ကိုကို ကောင်းကောင်းမွန်မွန် အိပ်လို့ရအောင် ကျနော် ကုတင်ပေါ်ပြောင်းပေးမယ်နော်။
ကိုကိုရယ် အိပ်ချင်ရင် ပြောပါ့လား။ ခုတော့ ခုံပေါ်မှာ အိပ်နေတယ်။
လည်ပင်းတော့ ကျိုးတော့မှာပဲ ကိုကိုရယ်။''

ရိပေါ်တယောက် ပါးစပ်က တတွတ်တွတ်ပြောရင်း လက်ကလည်း ရှောင်းကျန့်ကို တုပ်ထားသော ကြိုးများဖြည်နေသည်။ ထို့နောက်တွင်တော့ ရှောင်းကျန့်၏ အသက်မရှိတော့သော ခန္ဓာကိုယ်လေးအား ပွေ့ချီ၍ အိပ်ယာပေါ် အသာလေး တင်ထားပေးလိုက်သည်။

''ကိုကိုရယ် အိပ်နေတာလေးက ကလေးလေးကျနေတာပဲ။ ချစ်စရာလေး။
ကိုကို ဘာကြောင့်များ အဲ့လောက်တောင် ချစ်စရာကောင်းနေတာလဲဟင်။ ကိုကို ကိုကို ကိုကို။ ကိုကိုက ခေါ်နေတာလည်း မထူးဘူး။
ကိုကို သိရဲ့လား။ ကိုကို ကနော့ကို အဲ့လိုမျိုး ဂရုမစိုက်ဘဲ ပစ်ထားတတ်လို့ ခုလိုမျိုး ကျနော့်ဘေးကနေ ကိုကို ထွက်မသွားနိုင်အောင် လုပ်လိုက်ရတာ ကိုကို ကျနော့ကို ခွင့်မလွှတ်ပါနဲ့။
ကိုကို ကျနော့ကို  ခွင့်လွှတ်လိုက်ရင် ကိုကို ကျနော့ဘေးနားကနေ ထွက်သွားရဦးမှာ။
ကိုကို့ကို ရက်ရက်စက်စက် သတ်လိုက်တဲ့ ကျနော့ကို ခွင့်မလွှတ်ပါနဲ့။ ကျနော့ကို လက်စားချေဖို့ ကျနော့အနားမှာ နေပါကိုကို။
ထုံးစံအတိုင်း ကျနော့ကို မုန်းနိုင်ဖို့ ကျနော့အနားမှာပဲ နေပါနော်။ ဘယ်ကိုမှ ထွက်မသွားပါနဲ့ နော် ကိုကိုနော်''

PsychoWhere stories live. Discover now