Mademoiselle

3.1K 296 108
                                    


Zawgyi

ဆိုးလ်းမြို့မှ မိုင်ထောင်ချီဝေးသော ဆွိဇလန်နိုင်ငံကို တက္ကသိုလ်မတက်ခင် အားလပ်ရက်တွေကုန်ဆုံးရန် ရွေးချယ်ခဲ့သည်ကို ဂျောင်ဂုအနေနဲ့ နောင်တရလိမ့်မယ်မထင်။ ဦးလေးဖြစ်သူက ဆွိဇလန်တွင် ကော်ဖီဆိုက်လေးတစ်ခုဖွင့်ကာ အခြေတကျရှိနေသည်မို့ ဂျောင်ဂုအတွက် နေရေးစားရေးတော့ဖြင့် ပူပန်ဖို့ မလိုအပ်ပါ။

ပြင်သစ်၊ ဂျာမာန်၊ ရောမနဲ့ အီတလီ။ စတဲ့ဘာသာစကားလေးမျိုးဖြင့်ပြောဆိုဆက်ဆံရသော ဆွိဇလန်နိုင်ငံက ဂျောင်ဂုအလည်ပတ်ချင်ဆုံးနိုင်ငံလေးတစ်ခုဖြစ်တယ်။ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်က အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်ကြသည်မို့ အင်္ဂလိပ်စာကောင်းတဲ့ဂျောင်ဂုအတွက်တော့ အဆင်ပြေလှတယ်။ ဒါ့အပြင် ဂျောင်ဂုက ပြင်သစ်စကားကို အနည်းငယ်မျှတတ်ကျွမ်းပါသေးတယ်။

လေယာဉ်ပေါ်က ဆင်းဆင်းချင်း နှင်းပွင့်နှင်းစက်ကလေးတွေတဖွဲဖွဲကျနေသည့် ပတ်ဝန်းကျင်က အေးစက်တုန်ခိုက်နေသည်မှာ ဆိုးလ်မြို့ထက်ပင် အအေးလွန်ကဲနေလေရဲ့။

"Swazilandမှ ကြိုဆိုပါတယ် မစ္စတာ"

လူဝင်မှုကြီးကြပ်ရေးအရာရှိက ဂျောင်ဂုရဲ့passportကိုတံဆိပ်တုံးထုပေးရင်းဆိုလာတဲ့အခါ ဂျောင်ဂုကျေးဇူးတင်စကားပြောရင်းပြုံးပြလိုက်တယ်။

လူဝင်မှုကြီးကြပ်ရေးကိုဖြတ်ပြီးတဲ့နောက် အထုပ်အပိုးတွေရွေးရမယ့်နေရာဆီ ဂျောင်ဂုလျှောက်လာခဲ့သည်။ အဝါဖျော့ရောင် ဂျောင်ဂုရဲ့ခရီးဆောင်အိတ်ကလေးကို တွန်းလှည်းပေါ်တင်ပြီး လေဆိပ်အပြင်ကိုထွက်လာခဲ့တယ်။ ပိုကဲတဲ့ အအေးဓာတ်ကို ခံစားမိတဲ့အခါ ဦးလေးကိုလာမကြိုခိုင်းခဲ့မိတာကို နောင်တရချင်သွားတယ်။

ဘတ်စ်ကားထွက်ခွာမယ့်အချိန်ဇယားကို တစ်ချက်ပြန်ကြည့်ပြီးတဲ့အခါ ဂျောင်ဂုမျက်နှာလေးရှုံ့မဲ့သွားတယ်။ ရှေ့တစ်စီးက လွန်ခဲ့တဲ့ မိနစ်အနည်းငယ်အကြာမှာထွက်သွားပြီဖြစ်လို့ ဂျောင်ဂုအနေနဲ့ နောက်တစ်စီးထပ်စောင့်ရဦးမှာဖြစ်တယ်။

ကားထိုင်စောင့်နေရင်း အေးခဲနေတဲ့ရာသီဥတုကြောင့် အနီးအနားရှိ Mazeလို့​ခေါ်တဲ့ ကော်ဖီဆိုင်တစ်ခုကိုဝင်ကာ နွားနို့ပူပူလေးတစ်ခွက်သောက်ဖို့ ဂျောင်ဂုကဆုံးဖြတ်ခဲ့တယ်။ ခရီးဆောင်အိတ်ကိုတစ်ဖက် ပိုက်ဆံအိတ်ကိုတစ်ဖက်ဆွဲပြီး ကော်ဖီဆိုင်လေးထဲဝင်လာခဲ့တယ်။ ဝင်ဝင်ချင်းမှာပဲ ပေါင်မုန့်နံ့သင်းသင်းလေးကြောင့် ဂျောင်ဂုပင် ဗိုက်အနည်းငယ်ဆာချင်သလို။

You've reached the end of published parts.

⏰ Last updated: Nov 02, 2021 ⏰

Add this story to your Library to get notified about new parts!

Mademoiselle (one shot)Where stories live. Discover now