အပိုင်း ၁၃

2.3K 260 57
                                    

Unicode

    မနက်မိုးလင်းခါနီးမှ ရိပေါ်ဟာ အိပ်ပျော်သွားခဲ့၍ အိမ်ကို မနက်စောစောမှ ရှောင်းကျန့် ပြန်ရောက်ခဲ့သည်။ တစ်ညလုံးလည်းမအိပ်ခဲ့ရဘဲ ပြန်ရောက်တာနဲ့ ကုမ္ပဏီကို လာပြီး ပြဿနာတွေကို ရှင်းနေရ၏။
ကုမ္ပဏီရှေ့ ဆန္ဒလာပြနေကြသည့် ချီရင့် ပရိတ်သတ်တွေကြောင့်လည်း သူ့မှာ ပြိုလဲချင်လာသည်။

"ကုမ္ပဏီက CEOတစ်ယောက်ဖြစ်ပြီး အဲ့လိုမဆင်မခြင်လုပ်ရပ်တွေလုပ်လို့ရမလားဗျ ... ခင်ဗျားရဲ့ လုပ်ရပ်တိုင်းက ကုမ္ပဏီရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်"

"ကျွန်တော်တောင်းပန်ပါတယ်"

"ခင်ဗျားဘယ်လိုရှင်းမလဲ ... "

      ရှယ်ယာရှင် အစည်းအဝေးမှာ တစ်ယောက်တစ်ပေါက်ပြောနေကြသည့် လူတွေအား ရှောင်းကျန့် ဘယ်လိုမှ မဖြေရှင်းနိုင် ... ။ သူတင်မဟုတ် သူဌေးလျိုကပါ စဉ်းစားရကြပ်နေသလို ...။

"အခုခင်ဗျားကြောင့် အကုန်ကယက်ရိုက်ကုန်ပြီ ..."

"ကျွန်တော်တို့ဘက်က ရက်ပိုင်းအတွင်း ဝမ့်ရဲ့ Music Videoကို ထုတ်ပေးဖို့စီစဉ်ထားပါတယ် ... ဝမ်ရဲ့အောင်မြင်မှုတွေက ဒီသတင်းကို ဖုံးနိုင်လိမ့်မယ်ထင်တယ်"

"တကယ်လို့ မအောင်မြင်ခဲ့ရင်ရော ... ဒီသတင်းကြောင့် ဝမ်ပါထိခိုက်နိုင်တယ်ဆိုတာ မသိဘူးလား"

      ရှယ်ယာရှင်တစ်ယောက်ရဲ့ စကားကြောင့် သူ ပိုပြီးစိုးရိမ်လာရသည်။ သူဌေးလျိူပြောတာလည်း ဖြစ်နိုင်ပေမယ့် ထိုလူပြောသလိုလည်း ဖြစ်လာနိုင်သည်။ နားထင်စပ်ကို လက်ဖြင့်အသာဖိလိုက်ရင်း ခုံနောက်မှီကိုသာ သူမှီထားလိုက်၏။
ဖြစ်နိုင်ရင် ထိုနေရာကနေ သူနုတ်ထွက်လိုက်ချင်သည်။ ရှယ်ယာတွေအရမ်းထိုးကျလာရင်တော့ ရိပေါ်ကို အကြောင်းစုံပြောပြပြီး ထိုနေရာမှ ဖယ်ပေးဖို့ တွေးထားပါသည်။

"ခင်ဗျားတို့ ဘယ်လိုလုပ်စေချင်လဲ"

"CEO ရှောင်းနုတ်ထွက်ပေးပါ"

"CEOရှောင်း နုတ်ထွက်ရင် ဆက်ခံမယ့်သူမရှိပါဘူး"

"သူဌေးယန်ရဲ့သား ဝမ်ဟောက်ရွှမ်းကိုပဲ ဆက်ပြီးဦးစီးစေချင်ပါတယ် ... ဒါမှမဟုတ် သူဌေးလျိုဆန်းဟွာပေါ့"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now