အပိုင်း ၁၄

2.7K 277 56
                                    

Unicode

"ဖျက်ဆီးပစ်ရမယ်"

      ကျိုးချန်က ရိပေါ်ထုတ်လာတဲ့ Memory Stickကို ဖိကိုင်ရင်း ပြောလာတာကြောင့် ရှောင်းကျန့် ပြန်ဆွဲယူလိုက်သည်။ ဒါက သူအပြစ်ဒဏ်ခံယူတဲ့နေ့မှာ ပြဖို့ တစ်ခုတည်းသော သက်သေ ...။

"ရှောင်းကျန့် !"

"ငါမလုပ်နိုင်ဘူး ... ငါ့အပြစ်ငါခံယူမှာ"

"ငါတို့သုံးယောက်ပဲသိတဲ့ ကိစ္စကို ဖျက်ဆီးပစ်လိုက်"

       သူခေါင်းခါကာ စာကြည့်ခန်းထဲဝင်ပြီး မူလနေရာမှာ ပြန်ထားလိုက်သည်။ ဘယ်သူမှမသိလောက်သည့် နေ့စွဲလေးကို Password ထားထားပေမယ့် ရိပေါ်ဟာ ဘယ်လိုသိသွားခဲ့မှန်းမသိ ...။ သိရုံထက် အံဆွဲထဲ ဆွဲကြိုးလေးကိုပါ ယူသွားခဲ့ဟန်တူသည်။

"မင်းသိနေခဲ့တာလား ကျိုးချန်"

"ငါမသိဘူး ... ဒါပေမယ့် ငါရိပ်မိခဲ့တယ် ... ရိပေါ်လေးနှလုံးအစားထိုးဖို့လိုအပ်တယ်လို့ မင်းကိုပြောတဲ့နေ့မှာပဲ အကိုယန်ဆုံးခဲ့တာ ... ဒါသွေးရိုးသားရိုးမဟုတ်တာကို ငါသိခဲ့တယ်"

"ငါတောင်းပန်ပါတယ်"

"မင်းကဘာလို့တောင်းပန်ရတာလဲ မင်းမှာ ဘာအပြစ်ရှိလို့လဲ ဟမ်"

     အရင်အချိန်တွေမှာ ဘာမှဝင်မပြောခဲ့တဲ့ ကျိုးချန်ဟာ အခုတော့ သူ့ကိုပင် အော်ဟစ်နေခဲ့ပြီ။ ပြေးထွက်သွားတဲ့ ရိပေါ်နောက်ကိုလည်း လိုက်ခွင့်မပေးခဲ့ ...။

"မင်းအနားယူသင့်တယ်ရှောင်းကျန့်"

"ရိပေါ်လေးအဆင်ပြေပါ့မလား"

"ရိထန်ဆီဖုန်းဆက်တုန်းက သူကွန်ဒိုပြန်ရောက်နေပြီလို့ပြောတယ်မလား အဆင်ပြေမှာပါ"

      သူဘာမှဆက်မပြောတော့ဘဲ စာကြည့်ခန်းထဲက ခုံပေါ်မှာသာ အရုပ်ကြိုးပျက်ထိုင်ချလိုက်သည်။

"ငါတို့ပဲသိတဲ့ကိစ္စဖြစ်လို့ ထားခဲ့ပြီး ထွက်သွားရအောင် ရိပေါ်လည်းနားလည်သွားလောက်ပါပြီ ... ငါတို့ထွက်သွားရအောင်"

"မရဘူး"

"ဘာလို့မရရမှာလဲရှောင်းကျန့်ရဲ့ ... ဒါတွေအကုန်ထားခဲ့ပြီး ငါတို့ထွက်သွားလို့ရပါတယ်"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now