(UNICODE)

33 4 3
                                    

     ဆွေသည် ကျွန်ုပ်၏ အချစ်ဉီးမဟုတ်ပါ။ စဉ်လာဆက်ဆက် သေချာတွက်သော် ကိုးယောက်မြောက်သော ကျွန်ုပ်၏ အသည်းသက်ညှာပါပင်။ အလယ်တန်းဘဝတွင် ကျွန်ုပ်တို့ ကျောင်းသို့ ဆွေသည် ဦးစွာပြောင်းလာ၌ ကျွန်ုပ်ဘဝ၏ တွယ်တာရာ ဆွေဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သူဖြစ်သည်။ ထိုနေ့၌ ဖြစ်သည်။ ကျွန်ုပ်တို့၏ နှစ်ဝက်စာမေးပွဲကြီး၌ ကျွန်ုပ်ကျက်မှတ်သမျှ ရေးချပါလည်း ထိုတစ်ပုဒ်ကို မကျက်ခဲ့မိပေ။ ထို့ကြောင့် ကျောင်းသားတို့ထုံး နှလုံးသွင်းကာ ရှေ့နောက်ဝဲရာ ခင်မင်သူများအား မေးမြန်းရပါတော့သည်။ သို့သော် ကျွန်ုပ်နှင့် နီးရာ၌ ဆွေတစ်ယောက်သာ ရှိသည်။ ထိုအချိန်က ဆွေနှင့် ကျွန်ုပ်၏ ဆက်ဆံရေးမှာ ကောင်းသည်လဲမဟုတ် ဆိုးသည်လဲမဆို၊ တစ်ဦးနှင့်တစ်ဦး သိရှိရုံသာ ဖြစ်သည်မို့ မေးရ၎င်း၊ မမေးရ၎င်း စဉ်းစားရပါသေးသည်။ အကယ်၌ ဆရာ/ဆရာမများနှင့် တိုင်ခဲ့သည်ရှိသော် ကျွန်ုပ်သာ အကျိုးနည်းရမည် မဟုတ်ပါလား။ ကျွန်ုပ်၏ စိုက်ကြည့်မှုကြောင့်ထင့် ဆွေကလည်း မျက်ခုံးပင့်ပြသည်။ နေမထူး၊ စဉ်းစားမထူးသည်မို့ မေးခွန်းစာရွက်အား လက်ဖြင့်ထောက်ပြကာ စွန့်စားလိုက်ပါတော့သည်။ ဆွေကလည်း သူ၏ ရေးလက်စ အဖြေစာရွက်ကို မြှောက်ကာ စာစစ်သည့်ဟန်ဖြင့် ကျွန်ုပ်အား ပြပါသည်။ အတန်းစောင့် ဆရာမကား အခြားအခန်းမှ ဆရာမနှင့် လေပေါနေသဖြင့် ကျွန်ုပ်တို့အား မကြည့်သည်မို့ ပတ်ဝန်းကျင်ကို ကြည့်ပြီး အလျှင် သုတ်ခြေတင်ကာ ရေးပါတော့သည်။ ပထဝီဘာသာမို့ လတ္တီကျူ့၊ လောင်ဂျီကျူ့များနှင့် ဖြစ်သော်လည်း ရေးသားထားသော စာသားများမှာ ဖတ်စာအုပ်အား ဖတ်ရသကဲ့သို့ လွယ်ကူရိုးရှင်းကာ ပုဒ်ဖြတ်၊ ပုဒ်ရပ်များဖြင့် သပ်ရပ်ပြီး လှပသဖြင့် လွယ်ကူရိုးရှင်းစွာ ဖတ်နိုင်၊ ကူးချနိုင်သည်။ ကျွန်ုပ်အား စာပြသကဲ့သို့ ကျွန်ုပ်ကလည်း သူ့သံသယများကို အတည်ပြုပြီး စာအတူစစ်ကြသည်။ ထိုမှစ၍ ကျွန်တော့်ခင်မင်ရသူများ စာရင်းထဲ ဆွေလည်း ဝင်သွားခဲ့ရသည်။ ကျောင်းလွှတ်သည့်အခါ ဆွေ့အား ဗမာနမ်းနည်း(ပါးထဲ နှာခေါင်းနစ်သည် အထိ)ဖြင့် အားပါတရ မွေးကြူကာ ကျေးဇူးအထူး တင်လိုက်ပါသည်။ ၂၅-မှတ်ဖိုးသာ ဖြေရသည်မို့ ၅-မှတ်တန်စာတစ်ပုဒ်သည် အမှတ်၂၀တန်ပေသည်။ ကျွန်ုပ်ကို ဆွေသာ မကူညီခဲ့လျှင် Aအဆင့်မှ ကျနိုင်ကြောင်း ကျွန်ုပ်ရိပ်မိသည်။ ထို့ကြောင့် ကျေးဇူးတင်သည်က အမှန်။ နမ်းသည်ကတော့ အသားယူသည်ဟုသာ သဘောထားနိုင်သည်။ ကျွန်ုပ်ကဲ့သို့ လိင်တူနှစ်သက်သူအဖို့ ဆွေ့၏ ဆွဲဆောင်မှုသည် ဥမ္မာဒန္တီလိုပင်။ ဂေလ်းမဟုတ်သူ ပြည်သူပြည်သားများတို့အတွက်တော့ ဘာမျှမဟုတ်။ ဂေလ်းဖြစ်နေသောအခါ သိဝိမင်းနှင့် ပုဏ္ဏားများနှယ် ဖင်တကြွကြွဖြစ်ရသည်။ ထိုနေ့မှ စ၍ အမြဲတတွဲတွဲနှင့် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဟု အားလုံးက ဆိုကြသော်လည်း ကျွန်တော်ခင်းသည့်ဇာတ် ကျွန်တော်သာ သိသည်။ ကျွန်ုပ်တို့မှာ တစ်တီတူး၊ ချစ်ကြည်နူးသည့် ငှက်မောင်နှံနှင့် လွန်စွာမှ တူလှသည်။ ကျွန်ုပ်သည် အမောင်, ဆွေ့အား မုန့်ကျွေးရင်း စ,လိမ့်မည်။ တဖန် ဆွေ့၏ အုနုသော ပါးပြင်အား ဆွဲလား၊ ရမ်းလားလုပ်မည်။ သို့သော် နေ့လည်, ထမင်းစားချိန်၌ သဘောထားကောင်းသူ ဆွေက သူ၏ ဟင်းကို ဦးဦးဖျားဖျား ထည့်ပေးလိမ့်မည်။ မသိလျှင် လက်ထပ်ပြီးကာစ လင်မယားနှင့်ပင် တူသေးသည်။ ဆရာ/ဆရာမလစ်ချိန်၌ ကျွန်ုပ်သည် ဆွေ့၏ ပခုံးပြင်ကျယ်ကျယ်အား ကျွန်ုပ်၏ ရင်ပြင်နှင့် ပွတ်တိုက်ပြီး ဆွေ့လည်တိုင်ကို ဆံပင်နှင့် ပွတ်ကာ ချွဲခြင်းသည် နေ့စဉ်လုပ်ငန်းပင် ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ ဆွေကလည်း ကျွန်ုပ်လုပ်သမျှကို တိုင်လည်းမတိုင်၊ ကျွန်ုပ်ကိုလည်း မရှောင်မို့ လူငယ်သဘာဝ ရဲတင်းမိသည်။ ဆွေ့၏ ခါးသွယ်သွယ်အား ဝိုက်ဖက်ကာ လည်တိုင်ကို ကျွန်ုပ်အပိုင်အဖြစ် စုပ်ယူကိုက်ခဲပြီး အမှတ်အသား ပေးထားလိုက်၏။ ထို့နောက် လူလစ်လျှင် ဆွေ့၏ ဝါဝင်းဝင်း ပါးပြင်အား ဖက်နမ်းရသည်က အမော။ ထိုကဲ့သို့ ပြုသော်လည်း ‌ေဆွ့၏ နှုတ်ခမ်းများအား မနမ်းရသေးပါ။ ထိုအရာက အနည်းနှင့် အများတော့ စိတ်လှုပ်ရှားဖို့ ကောင်းသည်ဟု ကျွန်ုပ်ထင်မိသည်။ ကျောင်းသားလူငယ် လက်တက်စမ်းတက်သော်လည်း အချစ်ကို အရေးပေးသော အရွယ်မို့ ဆွေ့အားဝန်ခံသည့်အခါ ဆွေကလည်း “ချစ်တာကတော့ ချစ်တာပေါ့ကွာ။ ၃နှစ်,၃မိုးတော့ ဆိုင်းငံ့ပါဦး တီတာဆွေရာ” ဟု ပြန်ပြောသည်။ ထိုအချိန်မှ စ၌ လက်ကိုင်ထိနမ်းရုံမှ ဆွဲချုပ်ဖိနမ်းအဆင့်သို့ ကျွန်ုပ်တို့ ရောက်ခဲ့ရသည်။ သူငယ်ချင်းများက ဆွေ့လည်တိုင်မှ အမှတ်အသားများအား စနောက်လျှင် ကျွန်ုပ်အား မျက်စောင်းခဲတက်သူ ဆွေပါပင်။ ထိုသို့ဆို၍ ကျွန်ုပ်တို့အချစ်သည် သာယာဖြောင့်ဖြူးလှသည်တော့ မဟုတ်ပါ။ လင်နှင့်မယား လျှာနှင့်သွား၊ ရည်းစားကျတော့ ခက်ရင်းနှင့်ဓားဆိုသလို တစ်ခါတလေတော့လည်း ရန်ဖြစ်မိကြတာ အမှန်ပေါ့။ နှစ်ယောက်လုံးက ယောက်ျားလေးများပင်။ လိင်တူမည်မျှကြိုက်ကြိုက် အလှလေးမြင်လျှင် နှာထတက်သည်က ပုရိဿတို့ သဘာဝပင်မဟုတ်ပါလား။ ဆွေ့ကို သဝန်တိုလိုက်၊ ဆွေက ကျွန်တော့်သဝန်တိုလိုက်နှင့့် တစ်ခါတလေလည်း နှစ်ကိုယ်တူ ကြည်ဖြူပြီး မြာ(ထိုခေတ်က အဆင်(မ)များကို ခေါ်သည်)ကို အတူ လိုက်ငမ်းကြပေသည်။ ထိုသို့, ထိုသို့ နှစ်အတန်ကြာအောင် ရစ်ဖန်ပြီး အချစ်အမှန်နှင့် ၄နှစ်, ၄မိုး ချစ်ခဲ့ကာ ဖူးစာပါတော့ တက္ကသိုလ်တစ်ခုတည်း၊ မေဂျာတစ်ခုတည်းကျတဲ့ ချစ်သူတွေဆိုပါတော့။ တက္ကသိုလ်ဆိုသည်ကတော့ သိသည့်အတိုင်း တကယ်ခက်ရော, မစောင့်တက်ရင် လူပျိုရည်ပျက်တက်တဲ့ ချစ်ဗိမာန်ကြီး မဟုတ်ပါလား။ သို့သော်လည်း တစ်ဦးကိုယ်တစ်ဦး အော်လိုက် ဟစ်လိုက်၊ စိတ်ကောက်လိုက်နှင့် ကျွန်ုပ်တို့နှစ်ယောက်မှာ မျက်စိအစာကျွေးရုံမှအပ ဘယ်မြာနှင့်မှ မငြိစွန်း။ ကံက တွန်းအားပေးတော့ ကျွန်ုပ်တို့ ဝေးရန် ဖန်ပါတော့သည်။ ဆွေ့၏ မိဘများက နိုင်ငံတော်အမှုထမ်းမို့ စာသင်ရန် ဘိလပ်သို့ လွှတ်လိုပြီး ကျွန်ုပ်၏ မိဘများသည်တော့ မိသားစုပိုင် ထိုးမုန့်လုပ်ငန်း၊ လက်ဖက်လုပ်ငန်းနှင့် ယက်ကန်းလုပ်ငန်းများကို တာဝန်ယူစေချင်လေသည်။ မငြင်းသာသည့်အဆုံး တစ်ဦးနှင့် တစ်ဦး စာဖြင့်သာ ဆက်သွယ်ရ၏။

ကျွန္နုပ်ချစ်သော "ဆွေ"Where stories live. Discover now