အပိုင်း ၁၅

3K 260 34
                                    

Unicode

ပွဲဦးစထွက်တဲ့ နေ့ကတည်းကနေ နှစ်လအတွင်း ရိပေါ်ရဲ့ အောင်မြင်မှုတွေဟာ အရှိန်ပြင်းပြင်းဖြင့် တဟုန်ထိုး မြင့်တက်နေခဲ့သည်။ သူ့ရဲ့ ခြိမ်းခြောက်တိုက်တွန်းမှုကြောင့် ဒီလမ်းကို ဆက်လျှောက်တဲ့ ကလေးငယ်ကလည်း အကြောင်းစုံသိပြီးသည့်နောက်မှာ ပိုဆိုးလာ၏။

"ကိုကို"

အလုပ်တွေမအားတဲ့ကြားမှ သူ့ဆီအမြဲလာတွေ့တတ်တဲ့ ရိပေါ်ကို သူကတော့ တတ်နိုင်သမျှရှောင်သည်။ ထိုကလေးဟာ သူ့အပေါ် ဘယ်ကတည်းက ခံစားချက်တွေ အရောင်ပြောင်းနေလည်း မသိပေမယ့် သူ့လိုလူမျိုးနဲ့တော့ မထိုက်တန်ပါ။

"ပင်ပန်းနေပြီလား ကိုကို့ရဲ့ညီလေး"

"ဘယ်သူက ကိုကို့ညီလေးလဲ"

အခုမှ ရုံးမှပြန်ရောက်တာကြောင့် လက်ထဲက အိတ်ကို အခန်းထဲက စားပွဲပေါ်ချလိုက်ပြီး ရိပေါ်ဘေးနားဝင်ထိုင်လိုက်သည်။ ဒီကလေးဟာ Music Show တစ်ခုပြီးတာနဲ့ သူ့ဆီဝင်လာသည်နဲ့ တူသည်။ သတင်းထောက်တွေနဲ့ ပရိတ်သတ်တွေကို ဘယ်လိုရှောင်ထွက်လာလဲတော့ သူမသိ ။
သူဌေးလျိုကတော့သေချာပေါက် ကူညီပေးပါလိမ့်မည်။ သူဌေးလျိုကလည်း ရိပေါ်မျက်နှာ တစ်ချက်အညှိုးခံသည့် သူမဟုတ်။ နှစ်လအတွင်း ရိပေါ်က ရုံးခန်းဆီလာလာတွေ့တတ်ပေမယ့် သူ့အိမ်ကို ရောက်လာတာတော့ ပထမဆုံးပင်။

"ကိုကိုက ရှောင်နေတာ"

"ကိုကိုမရှောင်ပါဘူး ... ရိပေါ်လေးကသာ အလုပ်များနေတာမဟုတ်ဘူးလား ... ညဘက်တွေလည်း ညဉ့်နက်မှ ကွန်ဒိုကိုပြန်ရောက်တာမလား"

"ဘယ်လိုသိတာလဲ ... "

"ရိထန်နဲ့ ကိုကိုက အဆက်အသွယ်ရှိတာပဲလေ"

ထိုအခါမှ သူ့ခါးတွေကို ဖက်တွယ်လာရင်း ရင်ဘတ်တွေကို နမ်းရှုံ့လာတာကြောင့် ရိပေါ်လက်တွေကို သူဖြုတ်ချမိသည်။
ရိပေါ်စိတ်ပြောင်းသွားဖို့ အထိအတွေ့က စပြီး ရှောင်ဖယ်ဖို့ လိုပါသည်။

"ကိုကို"

"ထမင်းစားပြီးမှ ပြန်မယ်မလား ... ရိထန်ကိုခေါ်ထားပေးမယ်"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now