Honeysuckle (Unicode)

69 9 7
                                    

၂၀၀၉ခုနစ် ဇန်နဝါရီလ။

"အစိုးရစက်မှုလက်မှုသိပ္ပံ ရေနံချောင်း"

ပြာလွင်သော ဆိုင်းဘုတ်ရှိရာ ကျောင်းဂိတ်ဝမှာ အေးချမ်းအောင်နှင့်အတူ သူငယ်ချင်း မြတ်သူပါ အတူရပ်နေရင်း ကျောင်းထဲကို ဝင်သွားရကောင်းနိုး မဝင်သွားရကောင်းနိုး ​ဖြစ်နေသည်။ ဝင်မသွားရဲသည့် အကြောင်းအရင်းက သူတို့နှစ်ယောက်လုံးက ဒီကျောင်းကမဟုတ်။သို့ပေမယ့် ဝင်သွားရမည့် ကိစ္စကလည်း ရှိနေသည်။အေးချမ်းအောင် လက်က နာရီကိုကြည့်လိုက်ရင်း အတန်းချိန်ကလည်း ရှိသေးတာကြောင့် ကိစ္စမြန်မြန်ပြီးအောင် လောဆော်လိုက်ရသည်။

"မြတ်သူ အထဲဝင်မယ်ကွာ ဒီမှာရပ်နေလို့ ဘာမှဖြစ်မလာဘူး "

"ဖြစ်ပါ့မလား ကျောင်းအနောက်ထဲထိ ဝင်ရမှာ "

မြတ်သူနဲ့ အေးချမ်းအောင် နှစ်ယောက်သား ဒီကျောင်းပေါက်ဝမှာ ရပ်နေတာ မိနစ်အတော်ကြာနေပြီ။ အခုချိန်ထိ မြတ်သူက ဝင်ရကောင်းနိုး မဝင်ရကောင်းနိုး ဝေခွဲမရ ဖြစ်နေတုန်း။

"ဖြစ်တယ်ကွာ မြတ်သူ မင်းခေါ်လို့ လိုက်လာတာနော် ငါ မနက်စာတောင် မစားရသေးဘူး "

တကယ်လည်း အိပ်ရာနိုးကတည်းက မြတ်သူ ဇွတ်ဆွဲခေါ်လို့ အဆောင်ကနေ လိုက်လာရတာ သူ့မှာ မနက်စာတောင် မစားရသေး။
ကျောင်းတက်လာတဲ့ ကာလတစ်လျှောက်လုံး အေးချမ်းအောင်နဲ့ မြတ်သူက တစ်ဆောင်တည်းနေ မေဂျာတူ သူငယ်ချင်းမလို့ ရင်းရင်းနှီးနှီးရှိပြီး ကိစ္စတော်တော်များများကို မြတ်သူက သူ့ကို တိုင်ပင်ပြီးမှ လုပ်တတ်သည်။

အခုလည်းကြည့် မြတ်သူတစ်ယောက် ကောင်းမှုကြောင့် ညက တစ်ဆောင်လုံးလည်း ညအိပ်မရ။မနက်လင်းတော့လည်း လူကို မ,မချီရုံတမယ် ဆွဲခေါ်နေတာကြောင့် သူများ ကျောင်းရှေ့မှာ ယောင်လည်လည် ရပ်နေရသည်။

"မြတ်သူ ဝင်မှာလား မဝင်ရင် ပြန်မယ်ကွာ မနက်ပထမဆုံးအတန်းချိန်က ဌာနမှူးအချိန်နော် "

"အေးပါကွာ ဝင်မယ် "

နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးကာမှ ထပ်ပြီး စိတ်မပြောင်းခင် မြတ်သူကို လွယ်အိတ်ကြိုးကနေ ဆွဲပြီး ဂိတ်တံခါးကနေ ကျောင်းထဲကို ဝင်ခဲ့သည်။

HoneysuckleTahanan ng mga kuwento. Tumuklas ngayon