My Husband Is So Strange!!!

36 6 3
                                    

ဒီတလော ကျွန်မယောက်ျားက အရမ်းထူးဆန်းနေတယ်။ ကျွန်မနားသိပ်မကပ်တော့ဘူး။ တခါတခါဆို ကျွန်မခေါ်ရင်တောင် သူမကြားတော့တာမျိုး.....
သူ့မျက်ဝန်းထဲမှာရီဝေပူဆွေးနေတဲ့အရိပ်ယောင်တွေကထင်ဟပ်နေတတ်တယ်....
....................
ကျွန်မနာမည်က Khamပါ။ ကျွန်မယောက်ျားနဲ့ကျွန်မက တက္ကသိုလ်ဘဝမှာစတွေ့ခဲ့ကြတာပေါ့...အဲ့တုန်းက သူကရေခဲတုံးလိုပဲ အေးဆေးတည်ငြိမ်လွန်းတာလေ။ ဒါပေမဲ့ မကြာပါဘူး ကျွန်မကြောင့် ‌အဲ့ရေခဲတုံးကြီးအရည်ပျော်သွားတယ်ဆိုပါတော့ရှင်...ယောက်ျားကလေ ကျွန်မကိုသိပ်ချစ်တာ...မျက်နှာတချက်မညှိုးစေရဘူး လိုလေသေးမရှိထားတာပေါ့ရှင်
ဪ ကြွားနေတာနဲ့ နာမည်ပြောဖို့မေ့နေတာ ကျွန်မယောက်ျားနာမည်က Kanတဲ့ မျိုးရိုးနာမည်တော့ရှိပေမဲ့ ကျွန်မကတော့ သူ့ကို Kanလို့ပဲခေါ်တယ်။
သိပ်ချစ်တတ်တဲ့ကျွန်မယောက်ျားကလေ လွန်ခဲ့တဲ့တစ်နှစ် ကားအက်ဆီးဒင့်ဖြစ်ပြီးကတည်းက အရင်လိုမဟုတ်တော့ဘူး!!!

ကျွန်မကိုလည်းဂရုမစိုက်တော့သလို သမီးလေးကိုလည်းအရေးမထားတော့ဘူး
အမြဲတမ်းအိမ်ရှေ့ကသစ်ပင်ကြီးမှာထိုင်ပြီးငိုရင်ငို မငိုရင်မျက်ဝန်းတွေကရီဝေပူဆွေးနေတတ်တာ...
အစကတော့ သူစိတ်အဆင်မပြေတာလို့ဖြည့်တွေးပေမဲ့ ကြာတော့ ကျွန်မသည်းမခံနိုင်တော့ဘူး....

ဒါကြောင့် တညမှာ သူအိပ်နေတုန်း သူ့ဘေးမှာ ရပ်ကြည့်နေခဲ့မိတာ အဲ့ညကလေ ကျွန်မအိပ်မပျော်ဘူး! အဲ့လိုရပ်ကြည့်နေတုန်း သူကလန့်နိုးလာပြီး ကျွန်မကိုမြင်သွားတဲ့ပုံပဲ
အဲ့မှာ သူ့စကားတွေက ကျွန်မကို အင်မတန်သွေးပျက်စေတယ်။ သူပြောလိုက်တာက...

"Babyရယ် ကိုယ်နဲ့မင်းကရှေ့ဆက်မဖြစ်နိုင်တော့တာမို့ ကိုယ့်ကိုမတွယ်တာနေပါနဲ့တော့"တဲ့!!! ဘာလို့လဲ ဘာကြောင့်များ သူကအဲ့လိုပြောရတာလဲ? သိချင်စိတ်ကြောင့် ရှေ့ဆက်တိုးမိတော့ သူ ကျွန်မရှိရာကို ရေနဲ့ပက်လိုက်တယ်လေ။ ရေပဲဆိုပေမဲ့ ကျွန်မမှာ ပူလောင်လိုက်ရတာ တကယ့်ငရဲလိုပဲ!!!

အဲ့လိုဖြစ်နေချိန် သမီးလေးအိပ်နေတဲ့အခန်းက ငိုသံကြားမိလိုက်တယ်။ ပူနေတာကိုအာရုံမစိုက်နိုင်ဘူး။ သမီးလေးရှိတဲ့အခန်းကို ကျွန်မအမြန်ဆုံးပြေးသွားမိတယ်။ ဒါပေမဲ့လေ သမီးလေးက ကျွန်မကိုမြင်တော့ ပိုငို‌ပါလေရောရှင်။ အရင်က ကျွန်မကောက်ချီလိုက်ရင် ငိုသံတိတ်သွားတတ်တဲ့သမီးလေးက အခုတော့ ကျွန်မအနားကပ်မိတာနဲ့သူငိုနေပြီရှင့်!!! ဘာလို့လဲ? ဘာကြောင့်အဲ့လိုဖြစ်သွားရတာလဲ??

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Oct 31, 2021 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

My Husband Is So Strange!!!Dove le storie prendono vita. Scoprilo ora