ဒိုင်ယာရီ၏ အပိုင်းအစများ Uni

407 25 0
                                    

မှောင်မိုက်နေတဲ့ ညတစ်ညရယ်....
တိတ်ဆိတ်နေတဲ့အခန်းတစ်ခန်းရယ်....
အငွေ့မသေသေးတဲ့ဆေးလိပ်တို လေးတွေရယ်.........
ရေးလို့မပီးသေးတဲ့ဒိုင်ယာရီ တစ်အုပ်ရယ်....
.........................ပါးပြင်ထက်က ပူနွေးနွေး မျက်ရည်စတွေရယ်....................

ကိုယ်အိပ်လို့မရတဲ့ညတွေများနေပီ အဖြူရောင် ကိုယ့်Angel....
ညအမှောင်ရဲ့
တေးသွားသံသဲ့သဲ့တွေကလဲ မင်းနှုတ်ခမ်းဖျားက စကားသံတွေလောက် မချိုခဲ့ဘူး.....
ကိုယ်မျက်ဝန်းတွေ စိတ်ချစွာ မှေးစက်ဖို့
ကျေးဇူးပြုပြီး ကိုယ့်ကို သံစဥ် လေးတွေနဲ့ ချော့သိပ်လှည့်ပါအုံး....။

ကိုယ့်ရဲ့ တနေ့တာမှာ မင်းဆိုတဲ့စိတ်ခံစားမှုလေးတွေနဲ့ပြည့်နေဖို့
မျက်လုံးလေးတွေပိတ်တဲ့အထိပြုံးပြလှည့်ပါအုံး......။
ငယ်ကလေ....ဆိုတဲ့ အစချီမှုကနေစတဲ့ အသံချိုချိုလေးတွေရယ်....နှုတ်ခမ်းလုံးလုံး လေးတွေရယ်....ကိုယ်သိပ်လွမ်းတာပဲ...။
ကိုယ်ဝမ်းနည်းတဲ့အခါ ကျွမ်းကျင်တဲ့အနမ်းမျိုးမဟုတ်ဘဲ ချစ်ခြင်းများစွာနဲ့ မထိတထိလေးတွေနမ်းပီး နှစ်သိမ့်ပေးတတ်တဲ့ ငယ်ဆိုတဲ့ ကိုယ့်ရဲ့အဖြူရောင် Angel လေး.....။
ကိုယ်လွမ်းနေတာ ပြောမပြတတ်အောင်ပဲ...။

................။

တိတ်ဆိတ်နေတဲ့အခန်း တခုထဲမှာ မှိန်ပြပြမီးလုံး လေးရယ် ကျွန်တော့် ရဲ့အဖော်မွန်ဖြစ်တဲ့...အ​ရောင်မှိန်မှိန် ဘောပင်တစ်ချောင်းရယ်...ခပ်နွမ်းနွမ်း ဒိုင်ယာရီတစ်အုပ်ရယ်.... ခွက်ဝိုင်းထဲက စီးကရက်တိုလေးတွေရယ်....

တရွေ့ရွေ့သွားနေတဲ့မှင်ရာတွေရဲ့ နောက်မှာ ပါသွားတဲ့ ကျွန်တော့်ခံစားချက်တွေဟာ...
ထိန်းမနိုင်သိမ်းမနိုင်.....

အတိတ်တွေကို ငယ်ဆိုတဲ့ ကိုယ့်Angel လေးက လှလှပပလေးပုံပေါ်စေခဲ့ပေမဲ့ ကိုယ်ဆိုတဲ့ အတ္တမုဆိုးက အစကတည်းကပုံ ဖော်ခဲ့တဲ့အနားသတ်တွေမလှခဲ့လို့.... ပန်းချီကားလေးဟာ စုပ်ချက်မညီ ဖြစ်ခဲ့တယ်။

ဇာတ်လမ်းရဲ့အစမှာ ကိုယ်ဟာ မုဆိုးဖစ်ဖို့ရည် ရွယ်ခဲ့ပေမဲ့ သားကောင်ဖစ်နေခဲ့တာကို "ငယ်"မသိလေသလား...

"ငယ့်ကို...တကယ်မချစ်ဘဲနဲ့". ....တဲ့
အဲ့ဒီ့စကားတွေက ကိုယ့်ရင်ကို အထပ်ထပ်
စိုက်ခဲ့တဲ့မြှားတွေ....

Kiss Me Quick 💛Where stories live. Discover now