အပိုင်း (၁၆) ⚠️

4.8K 262 22
                                    

Unicode

ကိုကို လုပ်နေသမျှ အရာတွေကို ရိပေါ်လိုက်မမှီတော့ပါ။ သူ ကိုကို့ကို ချစ်တယ်ဆိုတာကိုလည်း ကိုကိုက ပေါ့ပေါ့ပဲတွေးထားသလား မသိ။

"ကျေးဇူးတင်ပါတယ် စီအီးအိုရှောင်း"

"မလိုပါဘူး"

စာချုပ်ချုပ်ဆိုမှုအပြီး သူဌေးကျန်းဆိုသူနဲ့ ကိုကိုလက်ဆွဲနှုတ်ဆက်နေပုံအား ရိပေါ်ဘဝမကျလှ ။ ကိုကိုကတော့ ဟိုနေ့က ကိစ္စပြီးချိန်မှ စပြီး အရင်လို မသိချင်ယောင်ဆောင်နေပြန်သည်။

"ဝမ့်လိုအောင်မြင်နေတဲ့ လူတစ်ယောက်နဲ့ အလုပ်တွဲလုပ်ခွင့်ရတာ ကျွန်တော်တို့အများကြီး ဂုဏ်ယူရတာပဲ ... ရှေ့လျှောက် ခင်ခင်မင်မင် နေသွားကြရအောင်လား ဝမ်"

"ဟုတ်ကဲ့ "

ကိုကို စီစဉ်တဲ့ ကိစ္စမှာ သူဘာမှဝင်မပြောလို ။ ကျန်းအုပ်စုက Fashion Company တစ်ခုအတွက် ပင်တိုင်မော်ဒယ်အဖြစ်ရှိပေးဖို့ ကိုကိုက သူနဲ့မတိုင်ပင်ဘဲ လက်ခံပစ်သည်။

"ဒီနေ့Schedule ရှိသေးလား"

"မရှိဘူး မနက်ဖြန်မှ Programရှိတယ်"

သူ့အကြောင်းမေးနေခြင်းဖြစ်ပေမယ့် ကိုကိုက သူ့ကိုမေးနေခြင်းမဟုတ်သလို သူကလည်း ပြန်မဖြေခဲ့ ။ ပြန်ဖြေတဲ့ သူက သူဌေးလျိုပင်။

"ပင်ပန်းသွားပြီ အနားယူလိုက်ဦးဝမ် ... ကိုယ်လိုက်ပို့ပေးမယ်"

"ဒီနားလေးတင်ကိုဗျာ ကျွန်တော် ဒီအတိုင်းပဲ ပြန်လိုက်ပါ့မယ်... ကျွန်တော်ပြန်ပါတော့မယ် စီအီးအိုရှောင်း"

ကိုကို့ကိုပါ နှုတ်ဆက်ပြီး Mask ကို နှာခေါင်းနားအထိ အုပ်လျက် သူထွက်လာလိုက်သည်။ ကုမ္ပဏီရဲ့ အပြင်ဘက်ရောက်တာနဲ့ တစ်ယောက်ယောက်ကို စောင့်နေပုံရသည့် အကိုကျိုးချန်ကိုမြင်တော့ရိပေါ် နှာခေါင်းရှုံမိ၏။ အကိုကျိုးချန်က သူ့ကို မြင်ပေမယ့် မခေါ်။
ဒီကြားထဲမှာ ကိုကိုက ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေသည် ဆိုသည့် သတင်းတွေကြားသည်။ ကိုကိုကတော့ အခုထိ ဝန်မခံသေး။

"သွားကြရအောင်"

"ဟုတ်ကဲ့"

ကွန်ဒိုနဲ့ ကုမ္ပဏီက နီးသော်ငြား အကိုရိထန်ကသူ့ကို လာကြိုပေးသည်။ အကိုရိထန်နဲ့ ကိုကိုတို့လည်း အလုပ်ကိစ္စကလွဲပြီး စကားမပြောကြ။ သူ့ရှေ့မှာမို့ မပြောတာလည်း ဖြစ်နိုင်ပါသည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now