NC - 1

6.3K 313 25
                                    

Uni..

နီးဖို့လိုပါတယ်...

မင်းတို့ချစ်ရသူနဲ့ မဆုံဘဲဝေးကြဖူးလား ။
မင်းတို့ လူတစ်ယောက်ကို ချစ်ပေမဲ့ မာနတွေနဲ့ဆက်ဆံဖူးလား ။

ပြီးတော့..
မင်းတို့ နောင်တရဖူးလား ။

»»» 𝒩ℯℯ𝒹 𝒯ℴ ℬℯ 𝒞𝓁ℴ𝓈ℯ «««

ကိုယ်တို့ တွေ့ဆုံမှုတွေက ရိုးရှင်းခဲ့ပါတယ် ။

"သားနာမည်လေး မိတ်ဆက်လိုက်ပါအုံး "

"ကျွန်တော်က ရှောင်းကျန့်ပါ ။ ချုံချင်းကနေပြောင်းလာတာပါ "

"အား.. ချောလိုက်တာ " "တိုးတိုးပြောပါဟ.. ကြားသွားအုံးမယ်.. "

တိုးတိုးကြိတ်ကြိတ်အသံများနှင့်အတူ အထက်တန်း(A)မှ ကျောင်းသား၊ကျောင်းသူများက လှုပ်လှုပ်ရွရွဖြစ်လာကြတယ် ။ 'သူ'ကလွဲလို့ပေါ့ ။

သူ...

ဂုတ်ထောက်နေတဲ့ အနက်ရောင်လည်ဆံရှည်တွေနဲ့ သူ ။
ဖွေးဥနေတဲ့အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ သူ ။
မပြုံးမရယ်အနေအထားမှာ တည်တံ့နေတဲ့ ပန်းနုရောင်နှုတ်ခမ်းသားတွေနဲ့ သူ ။

ကိုယ့်ကိုကြည့်နေတဲ့ မျက်လုံးတွေအများကြီးထဲမှာမှ ကိုယ်ဟာ အေးစက်တဲ့သူ့မျက်ဝန်းတစ်စုံကိုပဲ တုံ့ပြန်ကြည့်နေမိတယ် ။

သူကတစ်မျိုးလေး ထူးခြားနေတယ် ။

"သား.. အနောက်ကလွတ်တဲ့နေရာလေးမှာ ထိုင်လိုက်နော် "

"ဟုတ်ကဲ့ ဆရာမ "

နောက်ဆုံးခုံဆီသွားဖို့ ရှေ့ဆုံးခုံက အဖြူကောင်လေးဘေးက ဖြတ်တော့ အဖြူရောင်လေးက နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်လားလို့ ။ ကိုယ့်အမြင်တွေ မမှားဘူးထင်ပါတယ် ။

နောက်ဆုံးတန်းကိုရောက်တဲ့အခါ လွတ်နေတဲ့ခုံတစ်လုံးဘေးမှာ အိပ်နေတဲ့ကျောင်းသားတစ်ယောက်ရှိနေတယ် ။

"ဝူရှု..! ကျင်းဝူရှု..! အိပ်မနေနဲ့ ။ စာသင်ချိန်ရောက်ပြီ "

ဆရာမအသံကြောင့်နိုးသွားဟန်ရတဲ့ ကျောင်းသားက ဘေးမှာဝင်ထိုင်လိုက်တဲ့ကိုယ့်ကို အထူးအဆန်းလိုကြည့်တယ် ။

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now