အပိုင်း (၁၇)

3.2K 263 30
                                    

Unicode

"ဘာတွေဖြစ်ကုန်တာလဲ"

သူတို့အခန်းထဲရောက်နေသည့် သူဌေးလျိုက မချိတင်ကဲ ရေရွတ်သည်။ သူတစ်ဖက် မှန်ဆီကနေ လိုက်ကာကို အသာလှပ်ကြည့်လိုက်တော့ ဟိုတယ်အောက်မှာ သတင်းထောက်အများအပြား။

"ကျွန်တော့်အမှားပါ"

"ကိုကို့အမှားမဟုတ်ဘူး ... ကျွန်တော်လုပ်ခဲ့တာ ဦး... ကိုကို့ကို ကျွန်တော်ဘယ်သူ့မှမပေးချင်လို့"

သူဌေးလျိုကတော့ ဒီကိစ္စမှာ ဘယ်သူ့အမှားဆိုတာ သိနေမှာ အသေအချာ ။
အဆုံးသတ်မှာတော့ ရိပေါ် ဒီလောကကို စွန့်ခွါပြီး ကိုကိုနဲ့ ထွက်သွားမည်။
သာမာန်ဘဝလေးတစ်ခုကိုပဲ ကိုကိုနဲ့အတူတူ ဖြတ်သန်းချင်သည်။ ဒါကို ကိုကိုကလက်မခံတာကြောင့် ကိုကိုအိပ်နေတဲ့အချိန် သူတို့နှစ်ယောက် တစ်ကုတင်တည်းအိပ်နေတာကို သူကိုယ်တိုင် ဓာတ်ပုံရိုက်ခဲ့သည်။

"ဒီကိစ္စက ဘယ်ကဘယ်လိုပျံ့သွားရတာလဲ ... "

"ကျွန်တော်ဖြန့်တာ"

သူရိုက်ထားတဲ့ ပုံကို သူကိုယ်တိုင်ပဲ သူ့ Official Accountမှာ တင်ပြီး Locationပါထည့်ပစ်လိုက်၏ ။
ကိုကိုကတော့ သူတော်တော်ဆိုးသည်ဟု ထင်ပါလိမ့်မည်။ ဒါပေမယ့် ကိုကိုနဲ့ အတူနေဖို့ အခုလိုမှ မလုပ်ရင်မရတော့ ။

"ဝမ်ရာ .... "

"အခုလို လုပ်လိုက်တော့ရော ဘာကောင်းသွားလဲ ဟမ် !!! ဘာကောင်းသွားလဲလို့ ရိပေါ်"

ကိုကို့ပုံစံက သူမမြင်ဖူးတဲ့ ပုံစံဖြစ်နေသည်။ သူ့ပုခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ပစ်တဲ့အခါ အောက်ပိုင်းဆီမှ စူးအောင့်ခြင်းကိုခံစားရ၏ ... ။
သို့သော်လည်း ရိပေါ် နာကျင်ကြောင်းမပြဘဲ ဟက်ခနဲသာ ရယ်ချလိုက်သည်။

"ကိုကိုနဲ့ ကျွန်တော် အတူတူနေရတော့မှာလေ ... ဒါမှ ကိုကိုက မငြင်းတော့မှာ ... ကိုကို့ကို ချစ်လို့ ! ချစ်လို့ အခုလို လုပ်ရတာ ... ကျွန်တော်နာမည်ကျသွားလည်း ကိုကို့ကို ရွေးချယ်ရလို့ပျော်တယ်"

"ခွပ် !"

ဒါဟာ ကိုကို သူ့ကိုမုန်းလို့ ထိုးတာမဟုတ်နိုင်...။
ထိုးချက်ကြောင့် ယိုင်ထွက်သွားသည့်သူ့ကို အကိုရိထန်က ထိန်းပေးပြီး သူဌေးလျိုကတော့ ကိုကို့လက်တွေကို ချုပ်ကိုင်ထိန်းထားသည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now