A STORY OF A 19

762 92 16
                                    

HOW WE MEET❄️

‍‍‍‍‍‍‍19ရက်နေ့။
အတိအကျပြောရရင် ဒီဇင်ဘာ19ရက်နေ့။
ထပ်ပြီးတိတိကျကျပြောရရင်တော့ ကျွန်တော့်ရဲ့19နှစ်ပြည့်မွေးနေ့။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲ့နေ့‌လေးမှာ အစ်ကို့ကိုစ‌တွေ့ခဲ့တာ။

အစ်ကိုက သိပ်ကိုကြည့်ကောင်းတယ် . . . ။
တစ်စုံတစ်ခုကိုအသည်းအသန်လိုချင်တဲ့စိတ်မရှိခဲ့ပေမယ့် ပထမဆုံးပိုင်ဆိုင်ချင်တဲ့အရာက သက်ရှိ‌ယောကျာ်းလေးတစ်ယောက်တဲ့လေ... အင်း အစ်ကိုကလည်းပိုင်ဆိုင်ချင်လောက်အောင် သိပ်ခန့်ညားတာကိုးး...။
အေးတိအေးစက်နဲ့အစ်ကိုဟာ တစ်နေ့နေ့တော့ကျွန်တော့်ကို ရယ်ရယ်မောမောနဲ့ စကားလာပြောကောင်းပါရဲ့...။

ကော်ဖီဆိုင်လေးထဲလှမ်းဝင်လိုက်တော့ ထုံးစံအတိုင်း‌
ထောင့်လေးမှာစာဖတ်နေ‌တဲ့ အစ်ကို့မျက်နှာကိုသေချာမြင်‌ရလောက်မဲ့နေရာမှာပဲရွေးထိုင်လိုက်တယ်။ဘလက်ခ်ကော်ဖီကိုရွေးမှာခဲ့ပေမယ့် သိပ်ချိုနေတာ ဘာကြောင့်များလဲ...သေချာပေါက်အစ်ကို့ကြောင့်ပေါ့...။
ကိုယ့်အတွေးနဲ့ကိုယ်အသံ‌ထွက်‌အောင်ရယ်မိတယ်ထင်တယ်
အစ်ကိုကလှမ်းကြည့်လာတယ် ပြီးတော့ တစ်လှမ်းချင်း..

"ဘုရားရေ ငါ့ဆီလျှောက်လာနေတာလား အိုးဂေါ့"

"အဆင်မပြေတာရှိရင်ပြောပါ ဧည့်သည်"

"အဆင် အဆင်ပြေပါတယ် အစ်ကို"

"ဗျာ"

"ဟိုလေ ကျွန်တော့် ထက်အသက်ကြီးမယ်ထင် ထင်လို့"
မဖြောင့်မဖြူးဆိုလိုက်ပြန်တော့ အစ်ကိုကရယ်တယ်။

"ရပါတယ် လိုအပ်တာရှိရင်ပြော‌နော် ချာတိတ်"

"ဟုတ်ကဲ့"

ချာ ချာတိတ်? အစ်ကိုကငါ့ကိုချာတိတ်လို့ခေါ်တယ်။
ကော်ဖီဆိုင်ပိုင်ရှင်ကိုသဘောကျလို့ နေ့ရက်တိုင်းအကြောင်းပြချက်မရှိပဲလာနေခဲ့တာ အခုတော့ ဒီလိုစကားပြောခွင့်ရခဲ့ပြီ။
ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်‌ဆိုတဲ့စကားကိုလေးလေးနက်နက်တွေးမိပြန်တော့ အစ်ကို့ဆီလှမ်းလာဖို့သတ္တိတွေလည်းသိပ်ရှိနေပြန်‌ပေါ့။

A STORY OF 19 (one shot)Where stories live. Discover now