အပိုင်း (၁၈)

2.9K 233 52
                                    

Unicode

    သူရောက်နေတဲ့ ပတ်ဝန်းကျင်မှာ အမှောင်ထုက ကြီးစိုးနေသည်။ သူ့ဆီကျရောက်နေသော ခပ်သေးသေးအလင်းတန်းတစ်ခုကလွဲရင် ဘာမှမမြင်ရ ။

"သားငယ် ... သားငယ်ရေ "

      သူတစ်ခါမှမြင်ဖူးတဲ့ သူနဲ့ ချွတ်စွတ်တူသည့်အမျိုးသမီးတစ်ယောက်ဟာ သူ့နာမည်ကိုရေရွတ်ကာ သူ့အား လက်ယက်ခေါ်နေဟန်။ ဘေးမှာတော့ ဦးလေးယန်က ပြုံးလျက်ဖြင့် သူ့ကို ကြည့်နေလေ၏။
ဦးလေးယန်မသွားခင် အနည်းဆုံးတော့ သားဖြစ်တဲ့သူ့ကို အဖေခေါ်ခွင့်ပေးသွားသင့်သည် မဟုတ်လား။

"မေမေ ...?"

"သားငယ် "

      မေမေလို့ သူ့ပါးစပ်ကဆိုမိရင်း ပြေးဖက်မိတော့ ရရှိလိုက်တဲ့ နွေးထွေးမှုတွေ။

"တောင်းပန်ပါတယ် ... ကျွန်တော်တောင်းပန်ပါတယ်"

       တောင်းပန်စကားကိုသာ တတွတ်တွတ်ဆိုရင်း မျက်ရည်ကျမိတဲ့ အခါ ဦးလေးယန်က သူ့လက်တွေကို ဆုပ်ကိုင်နှစ်သိမ့်သည်။
သူ့ဘဝတစ်လျှောက်လုံး ကျေးဇူးရှင်တွေကို အထင်လွဲရင်းနဲ့သာ ဖြတ်သန်းလာခဲ့ရ၏။

"ဖေဖေ .... "

       မျက်ရည်စတွေ ခိုအောင်းနေသော ဦးလေးယန်ရဲ့ မျက်ဝန်းကို တည့်တည့်စိုက်ကြည့်ရင်း သူအားယူပြုံးပြမိသည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကိုကို့ကိုမခွဲနိုင်လို့တောင်းပန်ပါတယ်"

      သူတောင်းပန်စကားဆိုပြီး တစ်ဖက်သို့လှည့်လိုက်ချိန် ကိုကိုဟာ သူ့ကို ပြုံးရင်းကြည့်နေရာမှ ကျောခိုင်းလျက် အဝေးတစ်နေရာဆီ ထွက်ခွါ၏။

"ကိုကို ... ကျွန်တော့်ကို မထားခဲ့ရဘူး"

      ကိုကိုက ဘာမှပြန်မပြောဘဲ သူနဲ့ဝေးရာဆီ တရွေ့ရွေ့လျှောက်သွားနေကာ သူ့ကို လှည့်ပင်မကြည့် ။
သူပြေးလိုက်ပေမယ့် လိုက်လေလေ ပိုဝေးသွားလေလေဖြစ်နေတာကြောင့် မောဟိုက်လာကာ သူ့ခြေလှမ်းတို့ကို ရပ်တန့်ပစ်လိုက်ရသည်။

"ကိုကို !!! "

"ဝမ် ... သတိရပြီလား ... "

"ကိုကိုရော ... ကိုကိုရော "

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now