Typical

2.6K 209 8
                                    

" ဘာမှ ထူးထူးဆန်းဆန်းမပါတဲ့ သမားရိုးကျ အချစ်ဇာတ်လမ်းတစ်ပုဒ် "

အချစ်တစ်ခုဖြစ်လာဖို့ ထူးဆန်းတဲ့ အရာတွေကို အရင်ကျော်ဖြတ်ရတယ်တဲ့ .. ။

တစ်ခါတလေ သဘောပေါက်လွယ်တယ် ၊ တစ်ခါတရံတော့လည်း နားလည်ရခက်တယ် ၊

အဖိုးပြောတာကတော့ အချစ်ဆိုတာ ရိုးရှင်းတဲ့နားမလည်နိုင်ခြင်း တစ်မျိုးပါပဲ တဲ့ ။

💕💕

" ကိုယ့်ကို စိတ်ဆိုးနေတာလား ဘေဘီ "

သူ့ချစ်သူက သူ စိတ်ဆိုးနေမှန်းတော့သိသားပဲ ။ စိတ်ဆိုးရမယ်လေ ၊ အချိန်မပေးတာတွေများလာတော့ သူတို့နှစ်ယောက်က ချစ်သူတွေပါဆိုတာ တစ်ခါတစ်ခါ မေ့တောင်မေ့ချင်သလိုဖြစ်နေပြီကိုး ။ Anni Day လည်း ဘာမှမလုပ်ရ ၊ တစ်ပတ်ကိုတစ်ရက်ကလေးတွေ့ရဖို့တောင် သေမတတ်ကြိုးစားနေရတော့ သူတို့နှစ်ယောက်ရဲ့ ရည်းစားဘဝက ရင်ခုန်စရာလည်းမကောင်းတော့ဘူး ။

" ဘေဘီ .. ကိုယ်ပြောတာဖြေပါဦး ။ ဒီဘက်ကိုလှည့် "

စိတ်ဆိုးနေပါတယ်ဆို သူ့မျက်နှာကို ထိုင်ကြည့်နေရမှာလား ။ မတွေ့အောင် ခန္ဓာကိုယ်ကို ဒီဘက်လှည့်ထားပါတယ်ဆို သူ့လက်ကြီးနှစ်ဖက်နဲ့ ပုခုံးကနေဆွဲလှည့်တော့ သူခန္ဓာကိုယ်လေးခမျာ ဒီဘက်ကို ရောက်လာရပြီ ။

" ကိုယ် ဟင်းချက်ကျွေးမယ်လေ ဘေဘီ စားချင်တာ "

ဒါက သူ့ရဲ့ အားနည်းချက်ဆိုတာ သူ့ချစ်သူက ကောင်းကောင်းသဘောပေါက်တယ် ။ ဟင်းချက်မဲ့အကြောင်းကို ပြောလိုက်ရင် သူ့မျက်နှာက အလိုလိုပြုံးလာမယ်ဆိုတာလည်း သူသိတယ် ။ ဒီကိစ္စနဲ့ပက်သက်ရင် သူ မပြုံးဘဲ မနေနိုင်ဘူးဆိုတာသိတော့ စိတ်ဆိုးပြီဆို ဒီလိုပဲ ပြောနေကြ ။

" တော်‌တော် .. တော်လိုက်တော့ ဘေဘီ .. အဲ့ ငါတကယ်စိတ်ဆိုးနေတာနော် "

" ကိုယ့်ကိုပြောလေ ကိုယ်ချော့မှာပေါ့ ဂျယ်ယွန်းရဲ့ .. နော် ဘာကို စိတ်ဆိုးနေတာလဲလို့ "

ဂျယ်ယွန်းက မျက်စောင်းတစ်ချက်ထိုးပြီး လက်ပိုက်ထားသည် ။ သူ့ရည်းစားလေးမှာ ပင်ပန်းနေတယ်ဆိုတာသိပေမဲ့ သူ့ကိုအချစ်တွေလျော့နေလား ၊ စိတ်ညစ်နေပြီလား ဆိုတာသိရအောင် တစ်လတစ်ခါတော့ ပုံမှန်စိတ်ကောက်ဖြစ်သည် ။

Typical Love Story Where stories live. Discover now